Main menu

Background

Sunday, 24 Apr 2011

နွေပဲတီ . . . နှစ်ဆန်းမှာပေါ်ပြီ                 မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်အနေနဲ့ ဧပြီ လဆန်းပိုင်အတွင်း နယ်ပစ္စည်းအဝင်မရှိခဲ့လို့ အရောင်း အဝယ် တန့်နေရာက သြင်္ကန်ပြီး ယခုတစ်ပတ်မှာ ရေသွင်း ပဲတီစိမ်းကြီးအချို့ ဈေးကွက်ထဲစတင် ဝင်ရောက်လာပြီလို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာနယ်မှာရှိတဲ့ ပဲတီ တောင်သူအများစုက အထွက်နှုန်းကောင်း၊ သက်တမ်းလဲ နုတဲ့ ရေဆင်း (၁၁) (၁၂) မျိုးတွေ အများဆုံးစိုက်ပျိုးခဲ့ကြပြီး၊ ယခု ပဲသစ်ပေါ်ချိန်မှာ တစ်တင်း ၂၅ဝဝဝ ကျပ်ရလို့ အကျိုး အမြတ်ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဧပြီလကုန်ပိတ်ကနေ မေလအတွင်း ဈေးကွက်ထဲ ပဲတီစိမ်းတွေ လှိုင်လှိုင် ဝင်လာ နိုင်ပြီး၊ တရုတ်ဈေးကွက်အတွက် ကုန်သည်တွေအဝယ်သွက်နိုင်လို့ ဈေးမြောက်နိုင်ကြောင်း ကုန်စည်ဒိုင် ရပ်ကွက်က ကြား သိရပါတယ်။       ထွန်းလှိုင် 

Sunday, 24 Apr 2011

ပဲခူးရွှေဝါဈေးကွက်ဆက်ငြိမ်ဆဲ                   ပဲခူးဈေးကွက်မှာ သြင်္ကန်မတိုင်မီထိ အရောင်းအဝယ်ငြိမ်၊ ဈေးငြိမ်ရာမှ သြင်္ကန်ကာလအလွန်မှာ အရောင်းအဝယ် များပြန်လည်လှုပ်ရှားလာပါတယ်။ ငွေလိုတဲ့လှောင်လက်တွေနဲ့ ကုန်သည်အချို့ ထုတ်ရောင်းကြတာကြောင့် သက်ဝင် လှုပ်ရှားလာတယ်လို့ ကုန်သည်အသိုင်းအဝိုင်းကဆိုပါတယ်။ ဧပြီလပထမပတ်မှာ ပဲတီစိမ်းတစ်တင်းကို ၃၁ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ ဧပြီလဒုတိယပတ်နဲ့ တတိယပတ်တွေမှာ တစ်တင်းကို ၃၁ဝဝဝ ကျပ်နဲ့ ပဲဈေးငြိမ်နေခဲ့ပါတယ်။ ပဲ အဝင်အနေနဲ့ တစ်နေ့ကို အိတ် ၅ဝဝ မှ ၇ဝဝ ထိဘဲရှိတော့တယ်လို့ ပွဲရုံအသိုင်းအဝိုင်းက ဆိုပါတယ်။ ပဲခူးဈေးကွက်မှ မန်းဈေးကွက်သို့ ယခုတစ်ပတ်အထိ အိတ် ၁၅ဝဝ ဝန်းကျင် တင်ပို့ခဲ့တယ်လို့သိရပါတယ်။                                 အေးဝင်း 

Sunday, 24 Apr 2011

ဈေးအေးသွားတဲ့ ဟင်္သာတပဲတီစိမ်းဈေးကွက်                   ဟင်္သာတကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ ၂ဝ၁၁ ခုနှစ် ဧပြီလ တတိယပတ်အတွင်း ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၂ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခင်အပတ်ထက် တစ်တင်း ၁ဝဝဝ ကျပ်လျော့ နည်းလာတာတွေ့ရပါတယ်။ သြင်္ကန်နောက်ပိုင်း ဈေးအေးလာသော်လည်း အရောင်းအဝယ်က ဖြည်းဖြည်းမှန်မှန် ရှိနေကြောင်း သိရပါတယ်။ ဟင်္သာတမှ ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း တစ်တင်းခွဲဝင်အိတ် ၂ဝဝဝ ခန့် တင်ပို့ နေတယ်လို့သိရပါတယ်။                  အေးအေးခိုင် 

Sunday, 24 Apr 2011

အိန္ဒိယဈေးကွက် တစ်လအတွင်း တင်သွင်းပဲတီစိမ်းဈေးငြိမ်            အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်လအတွင်း တင်သွင်းပဲတီစိမ်းဈေးလျော့ကျခဲ့ပြီး ပြည်တွင်းဒေစီ ပဲတီစိမ်းဈေးကတော့ အနည်းငယ်ပိုလာပါတယ်။ ဈေးကွက်အတွင်းလက်ကျန် အကန့်အသတ်သာရှိပေမဲ့ တောင်သူများ နွေပဲတီစိမ်းကို ပိုစိုက်လာကြခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဧပြီလအတွင်း ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                                                       ကန်ဒေါ်လာ             မွန်ဘိုင်း(တန်ဇန်းနီးယား)            ဒေလီ (ဒေစီ)၂၁-၄-၁၁            ၉၃၁                             ၈၃၅-၈၇၅၂ဝ-၄-၁၁          ၉၂၁-၉၃၂                        ၇၇၇-၉၁ဝMIRT (MAPT) 

Sunday, 24 Apr 2011

ပဲတီစိမ်း တင်ပို့မှု တဖြည်းဖြည်းမြင့်တက်             မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒဿမ ၉၉၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၉၁၃ တန်တင်ပို့ခဲ့ပါတယ်။ နှစ်သစ်ကူးကာလ ဧပြီ ၆ ရက်မှ ၁၉ ရက်အထိကာလ အတွင်းမှာလည်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒဿမ ၃၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၂၃၅ တန် တင်ပို့ခဲ့ပါတယ်။ သယ်ယူစရိတ်များ အထိုက်အလျောက်သက်သာမှုရှိပြီး တစ်ဖက်နိုင်ငံဝယ်လိုအား ရှိတဲ့အတွက် တင်ပို့မှုပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံဈေးတက်နေပေမဲ့ မိမိဘက်ဈေးကျလျက်ရှိတာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု            ယခင်      ပြောင်းလဲမှု   %         ယခု           ယခင်   ပြောင်းလဲမှု        %ပဲတီစိမ်း     ၉၈၉ဝဝဝ     ၁ဝ၁၈၉၃ဝ     ၂၉၉၃ဝ     ၃        ၁၂၅၂          ၁၂၄၈       ၄               ဝ .၃MIRT (DOBT)  

Sunday, 24 Apr 2011

ပင်လယ်ရေကြောင်း အပို့ တန်ချိန် တစ်သောင်းနားကပ်လာ            ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၆ဝဝဝ ကျော်လောက်အထိ တင်ပို့မှုရှိခဲ့ရာမှ သြင်္ကန်မတိုင်မီ ဧပြီလ ၅ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်တင်ပို့လာခဲ့ပါတယ်။ တရုတ် ဝယ်လက်ပုံမှန်အဆွဲရှိတာကြောင့်လို့ သိရပါတယ်။ မတ်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၃ဝဝဝဝ ခန့်ရှိပြိး ဖေဖော်ဝါရီလမှာ တန်ချိန် ၂၇ဝဝဝ ကျော်ရှိတာတွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လမှာတော့ တန်ချိန် ၅၃ဝဝဝ ကျော်အထိ တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မတ်လမှာ တင်ပို့မှုအားကောင်းပေမဲ့ မနှစ်က ကာလတူထက် တန်ချိန် ၂ သောင်းကျော်လျော့ကျ နေသေးတာတွေ့ရပါတယ်။             ဈေးကွက်အခြေအနေကတော့ လက်ရှိဈေးဝန်းကျင်နဲ့ အိန္ဒိယဝယ်လက်တွေ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်ကလည်း အဝယ်စိပ်နေဆဲမို့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများကတော့ ပြောင်းလဲမှုမရှိဘဲ FAQ  (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၁၁၅ဝ-၁၁၇ဝ ၊ FAQ  (ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ရွှေဝါသေးတစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၄၇ဝ နဲ့ ရွှေဝါအကြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅၆ဝ- ၁၅၈ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။                                   MIRT - MAPT

Sunday, 24 Apr 2011

အိန္ဒိယ MMTC အေဂျင်စီမှ ပဲမျိုးစုံ တန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်           အိန္ဒိယနိုင်ငံပိုင် MMTC အေဂျင်စီဟာ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပြီး အဲဒီတင်ဒါကို ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၈ ရက်မှာ ပိတ်မယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများက တော့ မြန်မာနိုင်ငံက မတ်ပဲ SQ  ၊ FAQ  နဲ့ ပဲစင်းငုံ တန်ချိန် ၃ဝဝဝ စီ၊ သြစတြေးလျက ဒေစီကုလားပဲ တန် ၃ဝဝဝ နဲ့ ကနေဒါက ပဲဝါလေးတန် ချိန် ၂၅ဝဝဝ တို့ဖြစ်တယ်လို့ သိရပါ တယ်။             အဲဒီပဲတွေကို ၂ဝ၁၁ ခုနှစ် မေလ အတွင်း ချန်နိုင်း၊ မွန်ဘိုင်းနဲ့ ကိုလ် ကတ္တားဆိပ်ကမ်းတွေကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင်    Source:nns;commodityonline

Sunday, 24 Apr 2011

ဈေးဆက်အေးနေတဲ့ ပြည်ပဲလွန်း               ပြည်ရဲ့ ပဲလွန်းဈေးကွက်မှာ ပဲတစ်တင်းကို ၁၈ဝဝဝ ကျပ်ဈေးရှိပြီး၊ သြင်္ကန်မတိုင်မီကထက် ဈေးလျှော့ခဲ့ တယ်လို့သိရပါတယ်။ ယခုရက်ပိုင်းတွင် ပဲဝင်ရောက်မှုမရှိဘဲ ယခင်ရက်များက ဝင်ထားတဲ့ ပဲများဖြင့်သာ အရောင်း အဝယ်ဖြစ်နေပြီး၊ တစ်နေ့ကို ၁ဝ အိတ် ခန့်သာ အရောင်းအဝယ်ရှိ ကြောင်း သိရပါတယ်။ ယခုရက်ပိုင်းများမှာ ရန်ကုန် ဝယ်လက်များ အဝယ်နည်းနေကြောင်းလည်း သိရပါတယ်။        မိမိအေး

Sunday, 24 Apr 2011

ပဲလွန်းဖြူ၊ နီ တင်ပို့မှု စံချိန်တင် တိုးတက်             အခြားပဲများ ပင်လယ်ရေကြောင်း က တင်ပို့မှုတွေထဲမှာ ပဲလွန်းဖြူနီ တင်ပို့မှုကတော့ သြင်္ကန်မတိုင်မီ သီတင်းပတ်မှာ စံချိန်တင်တိုးတက် လာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် များက တန်ချိန် ၂ဝဝဝ အထိ တိုးတက် တင်ပို့မှုရှိခဲ့ပြီး ပိတ်ရက်မတိုင်မီမှာ ပိုမိုတင်ပို့လာတာဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ပဲလွန်းဖြူ မတ်လတင်ပို့မှုအနေနဲ့ တန်ချိန် ၆၅ဝဝ ကျော်ရှိပြီး ဖေဖော်ဝါရီလမှာ တန် ၂ဝဝဝ ခန့်သာရှိခဲ့ပါတယ်။ ၂ဝ၁ဝ မတ်လမှာ တန်ချိန် ၅၈ဝဝ ခန့်ရှိလို့ ယခုနှစ်မှာ ပိုတင်လာနိုင်တာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                        ပဲလွန်းဖြူ                  ပဲလွန်းနီ၂၂-၄-၁၁        ၈၂ဝ-၈၄ဝ              ၉ဝဝ-၉၂ဝ၁၁-၄-၁၁        ၈၂ဝ-၈၄ဝ               ၈၈ဝ-၉ဝဝ                                                               MIRT(MAPT)

Sunday, 24 Apr 2011

ဈေးအေးပေမဲ့ မုံရွာတောင်သူတွေစိုက်ရေးပြင်             မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ဧပြီလအတွင်း ပဲစင်းငုံနီဟာ အတက်အကျ ဈေးမငြိမ်သလို အရောင်းအဝယ် အားဖြင့် အေးခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ လဆန်းပိုင်းကတစ်တင်း ၁၈၆ဝဝ ကျပ်၊ လလယ်ပိုင်းမှာ တစ်တင်း ၁၉၄ဝဝ ကျပ် မှ အမြင့်ဆုံး ၂ဝ၁ဝဝ ကျပ်အထိသာ အမြင့်ဈေးဖြစ်ခဲ့ပြီး၊ ဧပြီ ၂၂ရက်နေ့မှာ ၁၈၃ဝဝ ကျပ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသခံကုန်သည်အချင်းချင်း ရောင်းဝယ်မှုသာရှိလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၅ဝဝ ခန့်သာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိပဲစင်းငုံဈေးကွက် ဘယ်လောက်ပဲ အရောင်းအဝယ်အေးအေး ဈေးနိမ့်နိမ့် မုံရွာနယ်ကတောင်သူတွေကတော့ မိုးဦး အကျမှာ ပဲစင်းငုံ စိုက်ဖို့ မျိုး၊ ပံ့ပိုး ပစ္စည်းနဲ့ သွင်းအားစုတွေစုဆောင်းပြီး ထယ်ရေး ပြင်ဖို့ တာစူလျက်ရှိရာ တွေ့မြင်ရပါကြောင်း ...။ ထွန်းလှိုင်

Pages