Main menu

Background

Sunday, 3 Apr 2011

အတာသြင်္ကန်ရေ ပက်ဖျန်းလိုက်လို့ ပဲမျိုးစုံဈေးအေး                  ပဲမျိုးစုံအရောင်းအဝယ်ထဲမှာ အခြားဆောင်းပဲတွေ မပေါ်ခင် ဒီဇင်ဘာလဆန်း လလယ်မှာ ပဲစင်းငုံတစ်မျိုးပဲ ဈေးကွက်ဦးဆောင်ပဲအဖြစ် ပေါ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ အခြားပဲသစ်တွေလည်း စိုက်ပျိုးဆဲဖြစ်သလို ပဲဟောင်းလည်း မကျန်တတ်တဲ့အချိန်ပါ ဒီလိုရာသီဥတုမှာ ကုန်သည်အများစုက နောက်ပဲရာသီအတွက် အားမွေးရင်း ငွေစုတတ်တဲ့ အချိန်ပါဘဲ။                  အဲဒီလို ကာလမှာ ပဲစင်းငုံအသစ်တွေ ဒီဇင်ဘာလလယ်ကစပြီး ထွက်ပေါ်လာခဲ့ပါတယ်။ မနှစ်က ဈေးတွေ ထိုးကျလို့ ရင်ခုန်သံနည်းနည်းမြန်ခဲ့တဲ့ ပဲဟောင်းတွေကို ရင်မှာပိုက်ပြီး ပဲသစ်ပဲဝယ်ရနိုးနိုး၊ ပဲဟောင်းပဲထုတ်ရောင်းရနိုးနိုးနဲ့ အိန္ဒိယမှာ အအေးလှိုင်းကြောင့် ပဲအထွက်လျော့နိုင်တယ်ဆိုတဲ့ အသံနဲ့ ပဲစင်းငုံဈေးမာခဲ့ပါတယ်။ ဒီကြားထဲ ဇန်နဝါရီ တတိယပတ်မှာ ဝိသမကုန်သည်အချို့ရဲ့ လေပတ်ကားရိုက် အရောင်းအဝယ်ကြောင့် ဆပ်ပြာဘူဖောင်းဈေးနှုန်းတွေ၊ တစ်နပ်ခံ ဈေးနှုန်းတွေဖြစ်ခဲ့ကြပြီး အထိနာသူနာခဲ့ကြတယ်။                  အခုတော့ ပဲစင်းငုံဟာ မတ်လလယ်မှာ ၂၁၈ဝဝ ကျပ်ရောက်ခဲ့ပြီး တစ်နေ့တစ်ဈေးပြန်ဆင်းလာလိုက်တာ မတ်လကုန်မှာ ၁၈၆ဝဝ ကျပ်ဈေးပဲရှိပါတော့တယ်။ အခြားပဲများလည်းအလားတူပါပဲ၊ အာလုံးအကျဘက်မှာ ရှိပါတယ်။ ကုလားပဲဖြူလုံးကြီးဆိုရင် ၁၇၆ဝဝ ကျပ်၊ ကုလားပဲဝါကြီး ၁၆၄ဝဝ ကျပ်၊ ပဲယင်း ၁၄၅ဝဝ ကျပ်နဲ့ ထောပတ်ပဲ ၁၇၅ဝဝ ကျပ်ပဲရှိပါတယ်။ လာမဲ့ ဧပြီလအတွင်း မြန်မာနှစ်သစ်ကူးသြင်္ကန်ပိတ်ရက်၊ ဘဏ်ပိတ်ရက် ရုံးပိတ်ရက်များကြောင့် အဝယ်အဆွဲနည်းသွားကြတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပဲမျိုးစုံဈေးရဲ့ အလားအလာကို သြင်္ကန်ရုံးပိတ်ရက်ကျော်မှဘဲ ပြန်လည်သက်ဝင်လှုပ်ရှားမှု ရှိလာမယ်လို့ မျှော်လင့်မိကြောင်းပါ။                           မောင်မောင်အေး 

Sunday, 3 Apr 2011

ပဲသစ်ဝင်ရောက်မှုကြောင့် ပြည်ပက တင်သွင်းတဲ့ ပဲစင်းငုံဈေးကျ               အိန္ဒိယပဲစင်းငုံရိတ်သိမ်းထွက်ရှိနေတာကြောင့် ဖေဖော်ဝါရီလ ပထမ ၂ ပတ်မတိုင်မီ အိန္ဒိယဆိပ်ကမ်းတွေမှာ တင်သွင်းပဲစင်းငုံတစ်တန် ကန်ဒေါ်လာ ၁၁ဝဝ ဝန်းကျင်ရှိခဲ့ရာက လတ်တလောမှာကန်ဒေါ်လာ ၈၅ဝ ကို ကျဆင်းခဲ့ တယ်လို့ ကုန်သည်များနဲ့ဈေးကွက်လေ့လာဆန်စစ်သူများက ဆိုပါတယ်။ ကာနာတာကာ၊ မဟာရပ်ရှ်တရာနဲ့ မဒ္ဒရာပရာဒေ့ရှ် တို့ရဲ့ လက်ငင်းဈေးကွက်တွေကို ပဲစင်းငုံသစ်တွေ ဝင်ရောက်နေခြင်းက ပြည်တွင်းဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။                လတ်တလောပဲစင်းငုံဈေးက တစ်ကီလို ရူပီး ၃၅-၃၇ (ကန်ဒေါ်လာ ဝ ဒသမ ၇၈-ဝ ဒသမ ၈၃) ရှိလို့ ဇန်နဝါရီလ ဈေးထက် ရူပီး ၅-၁ဝ (ကန်ဒေါ်လာ ဝသမ ၁၁-ဝ ဒသမ ၂၂) ကျဆင်းခဲ့ပြီး ပဲစင်းငုံခွဲခြမ်း လက်ကားဈေးကလည်း ရူပီး ၅-၁ဝ ကျဆင်းပြီး တစ်ကီလို ရူပီး ၅ဝ-၅၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၂- ၁ ဒသမ ၂၃) နဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ ယခုနှစ်အိန္ဒိယပဲစင်းငုံ အထွက်ကို တန်ချိန် ၂၂ သိန်း ဝန်းကျင်ခန့်မှန်းထားလို့ ပုံမှန်ထွက်ရှိမှု တန်ချိန် ၂၃- ၂၄ သိန်းထက် လျော့ကျပေမဲ့ ပဲပင်ကြီးထွားချိန် အဓိကပဲစိုက်ဒေသတွေမှာ ရာသီဥတုဆိုးဝါးခဲ့လို့ အထွက်လျော့ကျမယ်လို့ အစောပိုင်းခန့်မှန်း ပမာဏထက်တော့ ပိုမိုနေဆဲဖြစ်ကြောင်း အင်ဒိုရီ အခြေစိုက် Ruchi Group  မှ မန်နေဂျာReena Gomes က ပြောကြားပါတယ်။               ပဲစင်းငုံကို ဇွန်- ဇူလိုင်လအတွင်း စိုက်ပျိုးပြီး မတ်လမှဧပြီလအတွင်း ရိတ်သိမ်းပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်း လိုအပ်ချက် တန်ချိန် ၂၇-၂၈ သိန်းပြည့်မီဖို့ မြန်မာနဲ့ အာဖရိကနိုင်ငံများက နှစ်စဉ် တန်ချိန် ၃ သိန်းမှ ၄ သိန်း ဝန်းကျင် တင်သွင်းရပါတယ်။ အဓိကစိုက်ပျိုးတဲ့ မဒ္ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ အအေးပိုခဲ့ တာကြောင့် ဇန်နဝါရီလအတွင်း တင်သွင်းဈေးထောင်တက်ခဲ့ပေမဲ့ ရာသီဥတု ကောင်းမွန်လာတာကြောင့် ပဲဈေးလည်း ပြန်ကျလာခဲ့တယ်လို့ Gomes  က ပြောကြားပါတယ်။               ဒါ့အပြင် ပြည်တွင်းပဲဝယ်လိုအားနည်းခြင်းကလည်း ပဲဈေးနှုန်းကို ကျဆင်းစေပါတယ်လို့ ဈေးကွက် ကျွမ်းကျင်သူများက ထောက်ခံပြောကြားပါတယ်။ လတ်တလောမှာ ဈေးသက်သာတဲ့ ဟင်းသီးဟင်းရွက်ကို စားသုံးနေကြလို့ ပဲစင်းငုံ ဝယ်လိုအား နည်းနေတာပါလို့ ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ရောင်းချမှု လျော့ပါးလာမယ့် ဧပြီအလွန်လောက်မှတော့ ပဲစင်းငုံ ဈေးနှုန်း တဖန်ပြန်တက်လာနိုင်တယ်လို့ မွန်ဘိုင်းအခြေစိုက် ပဲမျိုးစုံ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ဝယ်လိုအားလျော့ကျခြင်းနဲ့ ပြည်တွင်းပဲပိုမိုရရှိမယ်လို့ မျှော်မှန်းချက်တွေကြောင့် အိန္ဒိယပဲတင်သွင်းမှု ကျဆင်းခြင်းက ဈေးနှုန်းကို ထိခိုက်စေပါတယ်လို့ Gomes  က ထပ်လောင်းပြောကြားပါတယ်။ လတ်တလော အများပြည်သူရောင်းဝယ်ရေး ဆိုင် (PSUs) များကလည်း ပြင်ပပေါက်ဈေးနိမ့်နေလို့ များများစားစား ဝယ်ယူခြင်း မရှိဘူးလို့ ဆိုပါတယ်။ အခြားတစ်ဖက်မှာ လည်း မြန်မာနိုင်ငံက ပဲအထွက်ကောင်းမယ့် အခြေအနေတွေအရ မနှစ်ကလို ဈေးမြင့်တက်လာမှာမဟုတ်ဘူးလို့Ruchi Group မှ အရာရှိများက ဆိုပါတယ်။ ယခင်နှစ်က ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ ထုတ်လုပ်မှု ကျဆင်းလို့ ပဲစင်းငုံ ခွဲခြမ်း တစ်ကီလိုကို ရူပီး ၁ဝဝ (ကန်ဒေါ်လာ ၂ ဒသမ ၂၄) ထိ ထောင်တက်ခဲ့ကြောင်း သိရပါတယ်။                                        ယမင်းရွှေစင်၊Source: Business strandard

Sunday, 3 Apr 2011

ပဲယင်း             မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ သို့ ကန်ဒေါ်လာ ဝ ဒသမ ၄၃ သန်းတန်ဖိုးရှိ ပဲယင်း တန် ၆ဝဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၇၅ တန်ကျော်တင်ပို့ မှု ပိုမိုခဲ့ပါတယ်။ မတ်လအတွင်း ပဲယင်းတန် ၁၂ဝဝ ခန့်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှပဲလွန်းဖြူ တင်ပို့နိုင်မှုမှာ တန် ၃၆၅ဝ ဝန်းကျင်ရှိပါတယ်။ မိမိဘက်မှာ ဈေးကျနေပြီး တစ်ဘက်နိုင်ငံဈေးသိသိသာသာ ပြောင်းလဲမှုမရှိ ဘဲ ငွေဈေးအတက်အကျကြောင့် အနည်းငယ် ပြောင်းလဲတာ တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပဲယင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                              မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု                  ယခင်       ပြောင်းလဲမှု   %             ယခု        ယခင်    ပြောင်းလဲမှု        %ပဲယင်း         ၅၃၅ဝ၂၈          ၅၅၅၅၉၅     ၂ဝ၅၆၇         ၄            ၆၈၅         ၆၇၄        ၁၁            ၁ .၆MIRT (DOBT)

Sunday, 3 Apr 2011

ယခင်နှစ်ဈေးကို မမီသေးတဲ့ပြည်ပဲကြီး                  ပြည်ဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေး အနည်းငယ် ကျသွားခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါ တယ်။ ယခင်နှစ်က မတ်လအတွင်း တစ်တင်း ၃၆ဝဝဝ ကျပ်ထိဈေးကောင်းခဲ့ပြီး၊ ယခုနှစ်မှာတော့ တစ်တင်း ၂၁ဝဝဝ ကျပ်သာရှိတဲ့အတွက် ယခင်နှစ်ထက် တစ်တင်း ကျပ် ၁ဝဝဝဝ ကျော်ခန့် ဈေးလျော့နည်းခဲ့ တာကို တွေ့ရပါတယ်။ ပဲကြီးအဝင် အနေဖြင့် အိတ် ၇ဝဝ-၈ဝဝ အထိ အဝင်ရှိခဲ့ပြီး၊ ပဲလှော်ဖိုသမားများ အဝယ်ရှိတာ ကြောင့် တစ်ရက် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ သြင်္ကန်မတိုင်မီ လှောင်လက်သမားများ အဝယ်ရှိလာနိုင် တယ်လို့သိရပါတယ်။                        ခင်ဆွေဝင်း

Sunday, 3 Apr 2011

ပြည်ထောပတ်ပဲ အဝင်များလာပြီး ဈေးကျ               ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ အဝင်များလာခဲ့ပြီး၊ တစ်ရက်လျှင် အိတ် ၂ဝဝ ကျော်အထိ အဝင်ရှိလာခဲ့ပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ပေါ်စအချိန်တွင် တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ယခုမတ်လ နောက်ဆုံးပတ်မှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် ဈေးကျသွားခဲ့ပါတယ်။ ပဲအသစ် များ အဝင်များလာတာကြောင့် ဈေးကျသွားခဲ့ခြင်းဖြစ်ပြီး၊ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် လက်လီသမားများနှင့် နယ်လှောင်လက်များ အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၅ဝ-၆ဝ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                    ခင်ဆွေဝင်း

Sunday, 3 Apr 2011

ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှု တိုးတက်လာ               ယခင်သီတင်းပတ်က မြေထောက်ပဲနဲ့ ထောပတ်ပဲ ၂ မျိုးလုံးပြည်ပ တင်ပို့မှု လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာ တော့ မြေထောက်ပဲ တန် ၂ဝဝ ကျော်နဲ့ ထောပတ်ပဲ တန် ၄၇ဝ ခန့်ထိ တိုးတက် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်နိုင်ငံကို တင်ပို့မှုနည်းခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ထောပတ်ပဲရော၊ မြေထောက်ပဲပါ ဂျပန်နိုင်ငံကို ပမာဏ များများသွားတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲလှိုင်လှိုင် ဝင်နေသလို ပြည်ပအဝယ်လည်း ရှိနေတာကြောင့် ယခုတစ်ပတ်တင်ပို့မှု တက်လာ တာဖြစ်ပါတယ်။                  ရန်ကုန် FOB  ဈေးအနေနဲ့ ဧပြီလ ၁ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ဈေးငြိမ်နေပြီး ထောပတ်ပဲဈေးမှာ မတ်လ ၂၅ ရက်က FAQ  တစ်တန်ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ဈေးရှိရာမှ ဧပြီလ ၁ ရက်မှာ ကန်ဒေါ်လာ ၈၅ဝ-၈၈ဝ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT

Sunday, 3 Apr 2011

လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ တန် ၁ဝဝ ကျော်ပို့                မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းလွယ်ဂျယ်နယ်စပ်မှ ကန်ဒေါ်လာ ၆၈၆၄ဝ တန်ဖိုးရှိ မြေထောက်ပဲ ၁ဝ၄ တန်ကျော်တစ်ဘက်နိုင်ငံ နယ်စပ်မြို့ လိုင်းရင်းသို့တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လတစ်လလုံး ၂၂၈ တန်တင်ပို့မှုရှိခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တစ်နှစ်လုံး မြေထောက်ပဲ တန် ၅၇ဝ တင်ပို့နိုင်ခဲ့တာမို့ မတ်လ တစ်လထဲတစ်နှစ်လုံး တင်ပို့မှုရဲ့ ၄ဝ ရာခိုင်နှုန်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဧပြီ၊မေ၊ ဇွန်လများမှာ သာတင်ပို့မှုရှိခဲ့ပြီး ကြားကာလများမှာ တင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပဲ ယခုမတ်လမှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၄၆၅ဝဝဝ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ဒေါ်လာ ၆ဝဝ ဝန်းကျင်ပေါက်လျက် ရှိပါတယ်။ MIRT(DOBT)

Sunday, 3 Apr 2011

နယ်အဝင်ကောင်းပေမဲ့ အရောင်းအဝယ်အေးတဲ့ ကုလားပဲ                 မုံရွာ ကုန်စည်ဒိုင် မတ်လ လကုန်ပတ် ကုလားပဲဈေးကွက်အနေနဲ့ နယ်ပစ္စည်းအဝင်ကောင်းမွန်နေပြီး မန္တလေး၊ ရန်ကုန်၊ ဝယ်လက်အေးကာ ဒေသတွင်း အသုံးအတွက် အဝယ်ပုံမှန်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ ဈေးကွက်အလိုအားဖြင့် ဒေသတွင်း စက်သမားနဲ့ လှောင်လက်အဝယ်သာရှိပြီး ပစ္စည်းအဝင်လှိုင်နေတဲ့အတွက် တစ်နေ့ထက်တစ်နေ့ ကျဈေးဖြစ်ပေါ်ခဲ့ရာ ယခုတစ်ပတ်အတွင်းV2 တစ်တင်း အမြင့်ဆုံး  ၁၈၂ဝဝ ကျပ်မှ ၁၇၇ဝဝ ကျပ်၊ 929 တစ်တင်း အမြင့်ဆုံး ၁၇ဝဝဝ ကျပ်မှ ၁၆၃ဝဝ ကျပ်၊ တိုင်ပေတစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၆ဝဝဝ ကျပ်အသီးသီးနဲ့ တစ်ပတ်အတွင်း ကုလားပဲမျိုးစုံ တင်း ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။                             ထွန်းလှိုင်

Sunday, 3 Apr 2011

တစ်ရက်အတွင်း ဒေလီဈေးကွက်သို့ ကုလားပဲဖြူလုံးကြီး ကားအစီး ၈ဝ ဝင်ရောက်         မတ်လ ၂၄ ရက် အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်အဖွင့်တွင် ကုလား ပဲဖြူလုံးကြီးဈေးနှုန်း ပြန်ကောင်းလာပါတယ်။ သို့သော် ကုလားပဲဖြုလုံးကြီး အသစ် တွေက ဈေးကွက်အတွင်းကို အဝင်များလာခြင်း၊ အခြားပဲမျိုးစုံ ဈေးနှုန်းအားနည်း လာခြင်း၊ ဝယ်လိုအားနည်းခြင်းတို့က ဈေးနှုန်းကို ဖိအားပေးနေတယ်လို့ သိရပါတယ်။ မြို့တော် ဒေလီဈေးကွက်အတွင်း ၎င်းနေ့ကုလားပဲဖြူလုံးကြီး ဝင်ရောက်မှုမှာ ထရပ်ကားအစီးရေ ၈ဝ ဖြစ်ပြီး တစ်ကွမ်တယ် (100 kgs) ကို ၂၃၉ဝ ရူပီးဖြစ် ကြောင်းသိရပါတယ်။                                      ပပ၊ Source:Business-standard.com

Sunday, 3 Apr 2011

ပဲအသစ်ဝင်ရောက်မှု တိုးလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ                  အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲအသစ်ဝင်ရောက်မှု ပိုမိုလာတာ ကြောင့် လက်ငင်းဈေး ၃ ဒသမ ဝ၉ ရာခိုင်နှုန်းခန့် လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြိုပွိုင့်ဈေးကတော့ ယခင်ရက်က ကျဆင်းခဲ့ရာမှ မတ်လ ၃ဝရက် မှာ ဈေးကွက်အဝယ်တက်လာလို့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပြန်တက်လာတယ်လို့ သိရပါတယ်။                  အိန္ဒိယနိုင်ငံမှာ ပဲစိုက်ပျိုးမှု အများဆုံးမဒ္ဒရာပရာဒေ့ရှ်ပြီးရင် ဒုတိယအများဆုံးစိုက်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းထွက်ရှိနေပြီဖြစ်ပါတယ်။ ဘီကနာက ဈေးကွက်တွေကို ပဲဝင်ရောက်နေပြီဖြစ်ပြီး မကြာခင် ရာဂျက်စသန်က ပဲဝင်ရောက်မှု အမြင့်ဆုံးဖြစ်လာတော့မှာဖြစ်ပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ရာဂျက်စသန်က ပဲအိတ် ၃ဝဝဝဝ ဝန်းကျင်ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက် ဒုတိယအကြိမ်ခန့်မှန်းချက်အရ ယခုနှစ်ကုလားပဲ ထုတ်လုပ်မှု တန်ချိန် ၇ ဒသမ ၃၇ သန်းဖြစ်လို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၄၈ သန်းထက် ပိုမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှုကို ၁၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်မယ်လို့ ခန့်မှန်းထားပြီး ကနေဒါ ကုလားပဲဖြူလုံးကြီး ထုတ်လုပ်မှုကတော့ ယခင်နှစ်က တန်ချိန် ဝ ဒသမ ၇၆ သိန်းရှိရာမှ ၂ဝ၁ဝ-၂ဝ၁၁ မှာ တန်ချိန် ၁ ဒသမ ၂၈ သိန်း ကို တိုးတက်ခန့်မှန်းထားပါတယ်။ လာမယ့် ရက်များမှာ ရာဂျက်စသန်က ပဲဝင်ရောက်မှု တိုးတက်လာတော့မှာ ဖြစ်လို့ ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပေမဲ့ ဈေးအနိမ့်မှာ ဝယ်ယူမှုများခြင်း ကတော့ ဈေးတအားမကျအောင် ထိန်းထားနိုင်မယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းးခင်၊Source: Angle Commodities

Pages