Background
ဂျပန်နိုင်ငံနျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ပြည်သူများ ဗီယက်နမ်ဆားကို ဝယ်ယူလာ တရုတ်ပြည်သူများဟာ ဂျပန်နိုင်ငံမှ ရေဒီယိုသတ္တိြွကပြန့်နံှ့မှုကို ဆားလုပ်ငန်းများမှာ ကာကွယ်မယ့်သတင်းများကြောင့် နယ်စပ်မှ ဖြတ်ကျော်ပြီး ဗီယက်နမ်အိုင်အိုဒင်းဆားများ ဝယ်ယူစုဆောင်းလာကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိြွကများ ပင်လယ်ထဲသို့ စီးဝင်ပြီး ပင်လယ်ရေမှာ ပါဝင်နိုင်တာကို စိုးရိမ်ပြီးHe Kou ရှိ တရုတ်ပြည်သူများဟာ ဗီယက်နမ်နိုင်ငံက ဆားကို အပြေးအလွှား ဝယ်ယူလာတဲ့အတွက် ဆားဈေးများ ထောင်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံLao Cai ပြည်နယ် Coc Leu ရှိ ဆားဆိုင်ပိုင်ရှင်များ ပြောကြားချက်အရ ဆားဈေးကွက်ဟာ ပုံမှန်ထက် ပိုရောင်းနေရတယ်လို့ သိရပါတယ်။ ဆားဈေးများလည်း ၃၅-၅ဝ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သလို ဆားလက်ကျန်များ ဟာလည်း ၂ ရက်အတွင်း ရောင်းကုန်သွားတယ်လို့ ဆိုပါတယ်။ လက်လီအရောင်းဆိုင်များကလည်း ၎င်းတို့အနေနဲ့ တိုးတက်နေတဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်ဖို့ အမြင့်ဈေးနဲ့ ဆားတွေဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား အလွန်အမင်းမြင့်မားနေခြင်းက ဆားဈေးရုတ်တရက် မြင့်တက်စေခဲ့တယ် ဆိုပါတယ်။ ပုံမှန်အနေနဲ့ အိုင်အိုဒင်းဆား ၅ဝ ကီလိုတစ်အိတ်ကို ဒေါင် ၁ဝ၅ဝဝဝ (ကန်ဒေါ်လာ၅ ဒသမ ဝ၄)ရှိရာမှ ဒီရက်ပိုင်းအတွင်း ဒေါင် ၁၆ဝဝဝဝ - ၂ဝဝဝဝဝ (ကန်ဒေါ်လာ ၇ ဒသမ ၇၆-၉ ဒသမ ၅၉) အထိမြင့်တက် လာခဲ့တယ်လို့ ဆိုပါတယ်။ He Kou ရှိတရုတ်ဈေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း တရုတ်လူမျိုးများ ဆားကို အပြေးအလွှား ဝယ်ယူလာ ကြလို့ ဈေးနှုန်း မြင့်တက်နေတယ်လို့ အတည်ပြုပြောကြားပါတယ်။ ၂ ကီလို တစ်အိတ်ကို ၅ ယွမ် (ကန်ဒေါ်လာ ဝ ဒသမ ၇၆) နဲ့ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ံHe Kou ရှိ ဈေးဆိုင်အားလုံးမှာ ဆားပြတ်လပ်သွားလို့ ဗီယက်နမ်Lao Cai ပြည်နယ်က ဆားတွေစုဆောင်းဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Lao Cai ပြည်နယ်မှာ ဆားဈေး ထောင်တက်နေတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်နေ့ တစ်ရက်ထဲမှာပင် တရုတ်လူမျိုးများကို ဆား တန် ၃ဝ-၄ဝ ခန့်ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ Lao Cai နယ်စပ်ဂိတ် အကောက်ခွန် ဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ Phan Thi Ha ပြောကြားချက်အရ တရုတ်He Kou မှာ ဆားဈေးက ဆက်တိုက်မြင့်တက်ခဲ့လို့ တရုတ်ပြည်သူများက ဗီယက်နမ်ဆားကို ချက်ချင်းတင်သွင်း နေကြတယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက ဆားဈေးကွက်တည်ငြိမ်စေဖို့ ကြိုးပမ်းနေပြီး တရုတ်ကျန်းမာရေး စောင့်ရှောက်မှုကျွမ်းကျင်ရှင်များက အိုင်အိုဒင်းဆားများက ရေဒီယိုသတ္တိြွကပြဿနာကို ကာကွယ်နိုင်ခြင်းမရှိကြောင်း ရှင်းပြဖို့ ကြိုးပမ်းနေသလို တရုတ်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးတဲ့အတွက် ရေဒီယို သတ္တိြွကကြောင့် ထိခိုက်မှုမရှိနိုင်ဘူးလို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက Lao Cai ပြည်နယ်က ဆားတင်သွင်းမှုကို တင်းကြပ်ထားကြောင်းနဲ့ နယ်စပ်ဒေသခံ များအနေနဲ့ နယ်စပ်ဖြတ်ကျော်ချိန်မှာ လူတစ်ဦး ဆား ၅ အိတ်-၁ဝ အိတ်သာသယ်ယူနိုင်တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: Vietnam.Net
နနွင်းဝင်ရောက်မှုလျော့ကျလို့ အိန္ဒိယနနွင်းကြိုပွိုင့်ဈေး မြင့်တက်လာ အိန္ဒိယနနွင်းဈေးကွက်မှာ လက်ကျန်နည်းခြင်းနဲ့ နနွင်းစိုက်ပျိုးရာဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းလို့ နနွင်း ဝင်ရောက်မှု လျော့ကျခဲ့တဲ့ သတင်းများအရ မတ်လ ၂၂ ရက်နေ့မှာ နနွင်းကြိုပွိုင့်ဈေး ၁ ဒသမ ၂၅ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်ကွေ့နိုင်ငံများက အဝယ်တက်လာတာကြောင့် လည်း ဈေးမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်းပတ်များမှာတော့ နနွင်းအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်လို့ ဈေးကွက်ဈေးနှုန်းကို ဖိအား သက်ရောက်နိုင်တယ်လို့ဆိုပါတယ်။ နနွင်းဈေး ပိုမိုမြင့်တက်လာတာကြောင့် တောင်သူများ စိုက်ဧရိယာခဲျ့ထွင် လာကြတဲ့ အတွက် လက်ငင်းဈေးကွက်မှာ နနွင်းသစ်ရောင်းချမှု အဆက်မပြတ်တိုးတက်နေတယ်လို့သိရပါတယ်။ အတ္တရာပရာဒေ့ရှ်မှာရှိတဲ့ အဓိကလက်ငင်းဈေးကွက်ကြီးဖြစ်တဲ့ နီဇမ်မာဘတ်မှာ ရူပီး ၄၄၁၉ ဒသမ ၅ (ကန်ဒေါ်လာ ၉၉ ဒသမ ၃၇) ကျဆင်းပြီး၊ ရူပီး ၁ဝ၆၇၆၂ (ကန်ဒေါ်လာ ၂၄ဝဝ ) နဲ့ ဈေးပိတ်ခဲ့တယ်လို့သိရပါတယ်။ နနွင်းဝင်ရောက်မှုအနေနဲ့ မတ်လ ၂၂ ရက်နေ့က နီဇမ်မာဘတ်ကို အိတ် ၁၆ဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ ကာလတိုအတွင်း နနွင်းဝင်ရောက်မှုတိုးတက် လာမှာဖြစ်လို့ ဈေးနှုန်းအကျဘက်ဆင်းနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: Angel Commodities
မူဆယ်နယ်စပ်မှ နနွင်းတက်တင်ပို့မှု ပိုမို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နနွင်းတက် (ရှမ်း) ၂၄၁ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၄၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ စစ်တွေ နယ်စပ်မှ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ မတ်လ တစ်လထဲမှာ နနွင်းတက် တန် ၄ဝဝ ကျော်၊ ဧပြီလမှ ဖေဖော်ဝါရီ လကုန်ထိမှာတော့ နနွင်းတက် တန် ၁ဝဝဝ ကျော် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တင်တင်ထွန်း MIRT
မလေးရှားကို အများဆုံးတင်ပို့ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၁၃၆ တန် ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွက်ဘက်နိုင်ငံတွေက ဂျပန်နိုင်ငံကို ၁၈ တန်၊မလေးရှားနိုင်ငံကို ၉၀တန်နဲ့ စင်ကာပူနိုင်ငံကို ၂၈ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ မတ်လမှာ နှစ်ပတ်ဆက်တိုက် အပို့ပျောက်နေတဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည် တင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော် ဝါရီလအတွင်း ၆၈ တန်သာတင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်ပို့တဲ့ နနွင်းတန်ချိန်က ပိုသာ ခဲ့တယ်လို့ ဆိုရပါမယ်။ ပျမ်းမျှတစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၅၉၅၄ဝ ရရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Kerala ၏ တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်သည့်ဟင်းခတ်အမွှေးအကြိုင်များအား ဂျပန်နိုင်ငံသို့ တင်ပို့မှုလျော့နည်းနိုင် ဂျပန်နိုင်ငံတွင် ဘေးအန္တရာယ်ကျရောက်ပြီးနောက်ပိုင်း သဘာဝအဆီ တွေနဲ့ ဟင်းခတ်အမွှေးအကြိုင် အဆီတွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဂျပန် နိုင်ငံကို တင်ပို့လျက်ရှိတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဟင်းခတ်အမွှေးအကြိုင်များ ထွက်ရှိရာ ဒေသဖြစ်တဲ့ Kerala က တင်ပို့မှုလျော့နည်းမှာကို စိုးရိမ်လျက် ရှိပါတယ်။ ဖာလာစေ့မှာ ဂျပန်နိုင်ငံကိုအဓိကတင်ပို့နေတဲ့ ပို့ကုန်အမယ်မဟုတ်သော် လည်း ဂျပန်နိုင်ငံကို ငရုတ် ကောင်းနဲ့ ဖာလာစေ့တင်ပို့မှုမှာ လျော့နည်းနိုင်ဖွယ်ရှိပါတယ်။ ဒါ့ပြင် ုKerala က သီဟိုဠ်စေ့တွေကို ဂျပန်နိုင်ငံကို တန်ချိန် ၅၆ဝဝ တင်ပို့နိုင်ခဲ့သော်လည်း ယခုအခါ ဂျပန်နိုင်ငံတွင် ဘေးဒုက္ခဖြစ်ပေါ်ပြီးတဲ့ နောက် သီဟိုဠ်စေ့တင်ပို့မှုမှာလည်း လျော့နည်းသွားနိုင်ပါတယ်။ အလားတူ ပုစွန်ဆိတ်အဓိကတင်ပို့လျက်ရှိတဲ့ ဂျပန်နိုင်ငံကို ပင်လယ်စာ တင်ပို့မှုနဲ့ ၂ဝ၁ဝ ပြည့်နှစ်က ဖွံ့ဖြိုးမှု ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအကြား ဖြစ်ထွန်းခဲ့တဲ့ အုန်းဆံမျှင် တင်ပို့မှုမှာလည်း လျော့နည်းသွားနိုင်ပါတယ်။ ကြည်မာလာ၊Source:commodityonline.com
ယခင်သီတင်းပတ်ထက် အပို့လျော့ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံကို ၂၄၁ တန်၊ စင်ကာပူနိုင်ငံကို ၉၈ တန်နဲ့ ထိုင်းနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာ့သုံးဆယ်ကျော်လောက် လျော့နည်းပြီး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန် ဒေါ်လာ ၃၆ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၅၁၆၆၅ ဒေါ်လာရရှိခဲ့ပါတယ်။MIRT(DOT)
ချင်းတက်ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ အောင်ပန်းချင်း ဒီတစ်ပတ်မှာတော့ ဈေးကွက်သို့ နမ့်စမ်ချင်းများ အနည်းငယ်ဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ-၆ဝဝဝ လောက် ဝင်တယ်လို့သိရပါတယ်။ ဈေးကတော့ တစ်ပိဿာကို ၅၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းကတော့ ခြံထွက် အလယ် အလတ်တန်းစားတွေလို့ သိရပါတယ်။ ဟိုပုံးချင်းကတော့ ချင်းစိုတစ်ပိဿာကို အတက်ပေါ် မူတည်ပြီး (၅ဝဝ ကျပ်မှ ၆ဝဝ ကျပ်)၊ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ပြန်ရောင်းမယ့် ဈေးပတ်သမားတွေသာ အဝယ်ရှိလို့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း အတက်ပေါ်မူတည်ပြီးရောင်းဝယ်ကြလို့ ချင်းမြေနီ တက်ကြီးတစ်ပိဿာ ၈ဝဝ ကျပ်၊ မြေဝါတက်ကြီးတစ်ပိဿာ ၇ဝဝ ကျပ်၊ မြေဖြူတက်ကြီးတစ်ပိဿာ ၆ဝဝ ကျပ်၊ ဒါးလှီးချင်းအသေး ၅ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ မျိုးပယ်ချင်းအညံ့ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက် တစ်ပိဿာကို ၂ဝဝဝ ကျပ်၊ ၂၁ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကတော့ ပြည်တွင်းသုံးပဲ ရှိပြီး၊ ချင်းခြောက်ကတော့ နထစသမအ ရှိလို့ အနည်းငယ်အရောင်းသွက်လာတယ်လို့ လည်း သိရပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ တစ်ပိဿာကို ၂ဝဝဝ ကျပ်ဈေး ရှိကြောင်း တောင်ကြီးကုန်စည်ဒိုင်မှသိရှိရပါတယ်။ S.Y.H
ပြည်ချင်းဈေး ပုံမှန်ရှိ ပြည်ချင်းဈေးကွက်တွင် အောင်ပန်းဘက်မှ ချင်းများ ယခုတစ်ပတ် အတွင်း ပိဿာ ၃ဝ ဝင်အိတ် ၁ဝဝ ခန့်သာ အဝင်ရှိပြီး အဝင်နည်းသွားပါတယ်။ အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၃၅ဝ ခန့်ဖြင့် ပုံမှန်ရောင်းဝယ်နေပြီး ဈေးနှုန်းလည်း တစ်ပိဿာကို ချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့ဖြစ်ပါတယ်။ ဧရာဝတီနှင့် ရခိုင်ဘက်သို့ ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၆ဝ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းးလဲ့ဝါ
ငလျင်ကြောင့် ဂျပန်အစားအစာထုတ်လုပ်မှုထိခိုက် ဂျပန်နိုင်ငံရဲ့ အဓိကသီးနံှစိုက်ပျိုးထုတ်လုပ်ရာအရှေ့မြောက်ဒေသဟာ ငလျင် ဘေးသင့်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုအကြီးအကျယ်ရင်ဆိုင်ခဲ့ရကြောင်းနဲ့ ၎င်း ဒေသဟာနိုင်ငံရဲ့ သီးနံှစားသုံးမှုရဲ့ ၃ဝ ရာခိုင်နှုန်းကို ထုတ်လုပ်တဲ့ဒေသဖြစ်ကြောင်း အမေရိကန်သီးနံှကောင်စီ USGC က ပြောကြားခဲ့ပါတယ်။ပျက်စီးသွားတဲ့ဒေသ က အစာထုတ်လုပ်တဲ့စက်ရုံတွေရဲ့ စွမ်းအားကို အခြားဒေသက စက်ရုံတွေရဲ့ ထုတ်လုပ်မှုက ကာမိကြောင်းနဲ့ သဘာဝဘေးဒဏ်ကျရောက်ပြီး နောက်ပိုင်းစက်ရုံတွေ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း USGC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဂျပန်ရဲ့ အစားအစာထုတ်လုပ်မှုစုစုပေါင်းက မက်ထရစ်တန် ၂၅ သန်းရှိပြီး USGC က ငလျင်ကြောင့် သီးနံှကုန်သွယ်ရေးအပေါ်အကျိုးသက်ရောက်မှု တရား ဝင် ထုတ်ပြန်ချက်ကို စောင့်ဆိုင်း နေကြောင်းသိရပါတယ်။ စက်လှေများလိုအပ်မှု၊ လမ်းများပျက်စီးမှုနဲ့ လောင်စာဆီပြတ်လတ်မှုတွေ ကြောင့် ရေထွက်ကုန်နဲ့ ကြက်သားထုတ်လုပ်မှုပိုင်းကတော့ လတ်တလောမှာ အခက်တွေ့နေကြောင်း သိရပါတယ်။လယ်သမားများ အတွက် အစားအစာ ရောင်းလိုအားက အကန့်အသတ်ရှိနေပြီး မွေးမြူရေးတိရစ္ဆာန်တွေအတွက်လဲ အစားအစာ လိုအပ်ချက်ရှိတယ်လို့ USGC က ပြောကြားခဲ့ပါတယ်။ ငလျင်ဒဏ်ရဲ့ ပျက်စီးမှုတွေကြောင့် တိရစ္ဆာန်တွေသယ်ဆောင်ဖို့၊ အပင်တွေရဲ့ စိုက်ပိုျးရေးလုပ်ငန်းစဉ်နဲ့ နို့ထွက်ပစ္စည်းတွေအတွက် စွမ်းအားပြည့်မဆောင်ရွက်နိုင် သေးကြောင်း USGC က ဆက်လက်ပြောကြားခဲ့ပါတယ်။ ယခုရက်သတ္တပတ်အစောပိုင်းမှာတော့ သီးနံှသင်္ဘောတွေက ဂျပန်ရဲ့ တောင် ပိုင်းဆိပ်ကမ်းတွေကို အဆက်မပြတ်ဝင်ရောက်နေပြီး မြောက်ပိုင်းဆိပ်ကမ်းထက်စာ ရင် တောင်ပိုင်းက အန္တရာယ်ကင်းကြောင်း USGC ကပြောကြားခဲ့ပါတယ်။ဒါ့အပြင် ဂျပန်က အမေရိကန်ရဲ့ အကြီးဆုံးပြောင်းဈေးကွက်လဲဖြစ်ကြောင်း သတင်းရရှိ ပါတယ်။ KZW ,Source: Commodity online
ချီကာဂိုကုန်သွယ်ရေးတွင် ပြောင်းကြိုပွိုင့်ဈေးနှုန်း နှစ်လအတွင်း အနိမ့်ဆုံးရောက်ရှိ ဂျပန်နိုင်ငံတွင် နျူကလီးယားအရေးအခင်း အရှိန်အဟုန်မြင့်နေမှုကြောင့် ကုန်စည်ဝယ်လိုအားလည်း ကျဆင်းသွားမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ပြောင်းကြိုပွိုင့်ဈေးနှုန်းက နှစ်လအတွင်းတွင် အနိမ့်ဆုံးကို ကျဆင်းသွားကြောင်း သတင်း ရရှိပါတယ်။ မတ်လ ၁၈ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးတွင် မေလသင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက တစ်ဘွတ် ရှယ်ကို ၃ ဒသမ ၁ ရာခိုင်နှုန်းဈေးကျသွားကာ ကန်ဒေါ်လာ ၆ ဒသမ ၁၆၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၄၃) နဲ့ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းတွင် ပြောင်းဈေးနှုန်းက ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုက ကမ္ဘာ့ပြောင်းအများဆုံးတင်ပို့နေတဲ့ နိုင်ငံဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ပြောင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၆၆ ဒသမ ၇ ဘီလီယံရရှိခဲ့ကြောင်း အစိုးရစာရင်းအင်းများအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:atrobuono.com