Background
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု လျော့ကျ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၅၆ဝဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ ကျော်သာ လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲဝင်ရောက်မှုတိုးတက်နေလို့ ပဲဈေးအကျဘက်ဆင်းနေလို့ အိန္ဒိယပဲတင်သွင်းသူများ မြန်မာပဲစင်းငုံဈေးအကျကို စောင့်ဆိုင်းနေကြပါတယ်။ ဒါပေမဲ့ ဈေးနိမ့်တဲ့ ရှမ်းစ၊ ပဲစင်းငုံအဖြူ၊ ဖြူနီကြားတို့ကိုတော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့ အဖြူ (FAQ) တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲခူးဈေးကွက်သို့ မတ်ပဲပုံမှန်ဝင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးပဲဈေးကွက်ကို ဖေဖော်ဝါရီလကုန်ကစပြီး မတ်ပဲ များ ဝင်လာပါတယ်။ ပေါ်စကရခဲ့တဲ့ တစ်ပိဿာ ၁၁ဝဝ ကျပ်ဟာ အခုမတ်လ လယ်အထိ ဒီဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ မတ်ပဲအစိုက်များ တဲ့ သနပ် ပင်မြို့နယ်က ပဲခူးဈေးကွက်ကို နေ့စဉ်တစ်တင်းခွဲအိတ် ၁၅ အိတ်မှ ၂ဝ အိတ်ထိ ဝင်လာပြီး၊ လှောင်လက်ပဲကုန်သည်တို့ကတော့ ဝင်သမျှပဲကို ဝယ်ပြီး ဈေးကောင်း ရချိန်ကို စောင့်ကြတယ်လို့ သိရပါတယ်။ အေးဝင်း
ရန်ကုန်ဝယ်လက်အေးလို့ မန်းမတ်ပဲလည်း ဈေးအေး မန်းပဲဈေးကွက်သို့ မြင်းမူ၊ ရွှေဘို၊ တန့်ဆည်၊ စစ်ကိုင်း၊ မတ္တရာတို့မှ မတ်ပဲများနေ့စဉ်တစ်တင်းခွဲအိတ် ၅ဝဝ မှ ၁ဝဝဝ ဝင်ရောက်လျက်ရှိပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁၁၆၇ ကျပ်မှ ယခုတစ်ပတ် ၁၁ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်အေးလို့ ဈေးအေးလာတယ်လို့ ဈေးကွက်က ဆိုပါတယ်။ နေ့စဉ်ပုံမှန်အိတ် ၅ဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး အဝယ်သွက်တဲ့ နေ့များမှာတော့ အိတ် ၁၅ဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကျော်ကျော်မိုး
ပြည်မတ်ပဲ ဈေးအနည်းငယ်ကျ ပြည်ပဲဈေးကွက်ရဲ့ မတ်လတတိယပတ်အစမှာ မတ်ပဲ အိတ် ၆ဝဝ- ၇ဝဝ ခန့်အထိ အဝင်ရှိခဲ့ပြီး၊ လှောင်လက်သမား အဝယ်များတာကြောင့် ပဲတစ်တင်း ကို ၂၄၅ဝဝ ကျပ်ထိ ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ အလယ်ရက်မှာတော့ လှောင်လက်သမားရော၊ ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိပေမဲ့ မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၃ဝဝ-၄ဝဝ ခန့်သာ အဝင်ရှိပြီး၊ ပဲတစ်တင်းကို ၂၃၅ဝဝ ကျပ်ထိ ဈေးလျော့ အရောင်းအဝယ် အေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ ပဲခူးတိုင်းဒေသကြီးအနောက်မှ တစ်နေ့ကို မတ်ပဲအိတ် ၆ဝဝဝ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ဝယ်လိုအားကောင်းလို့ မတ်ပဲဈေးမြင့်လာ ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ အဝင်လှိုင်လာသလို ဝယ်လိုအားလည်းကောင်းလာပါတယ်။ ယခင်တစ်ပတ်မတ်ပဲဈေးက ပိဿာ ၂ဝ ဝင် တစ်တင်းကို ၂၂၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ မတ်ပဲ တစ်တင်းကို ၂၄၁ဝဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၁၇ဝဝ ကျပ်ဈေးမြင့်လာပါတယ်။ ရောင်းဝယ်မှုအနေနဲ့လည်း ရန်ကုန်ဝယ်လက်များ လည်းရှိသလို ဒေသတွင်း လှောင်လက်ကုန်သည်ကြီးများရဲ့ ဝယ်လိုအားလည်း ရှိနေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း တစ်တင်း ခွဲဝင်အိတ် တစ်သောင်းခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ဖေဖော်ဝါရီလဝက်နဲ့ မတ်လဝက် ကာလတူ အိန္ဒိယမတ်ပဲများ အနည်းငယ်တိုး အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအရောင်းအဝယ်နည်းပေမဲ့ ဖေဖော်ဝါရီနဲ့ မတ်လဝက် ကာလတူဈေးကတော့ အနည်းငယ်တိုးလာခဲ့ပါတယ်။ ပြည်တွင်း ဂူဂျာရတ်မှ မတ်ပဲအသစ်တွေ ဝင်လာနေတဲ့အပြင် မြန်မာမတ်ပဲ များလည်း ပုံမှန်ဝင်ရောက်နေတာကြောင့် ပြည်တွင်းမတ်ပဲဈေး သိသိသာသာ မတက်တာဖြစ်ပါတယ်။ ကာလတိုအတွင်းမှာတော့ အတ္တရာပရာဒေ့ရှ်က ဆောင်း မတ်ပဲတွေ ဝင်လာတော့မှာဖြစ်လို့ ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများကို ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F) ၁၅-၃-၁၁ ၉ဝ၆-၉၁၁ ၉၆ဝ ၁၅-၂-၁၁ ၈၆၉-၈၈ဝ ၉ဝ၅-၉၁ဝ MIRT(MAPT)
မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်လာ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်)အတွင်းမှာတော့ မတ်ပဲ တန်ချိန် ၈ဝဝဝ နီးပါးကို ပြန်လည်တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ အရောင်းအဝယ် အခြေအနေအရတော့ ယခုတစ်ပတ်အတွင်း ဝယ်လက်များက အမြင့်ဈေးနဲ့ ဝယ်ယူ လိုခြင်းမရှိလို့ ဈေးအလျော့ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ပြည်တွင်း ဝယ်လက်နဲ့ ရောင်းလက်များအနေနဲ့ အရောင်းအဝယ်ဖြစ်မှုရှိပေမဲ့ FOB ရောင်းဝယ်မှုတော့ ဒီတစ်ပတ်နည်းတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခု သီတင်းပတ် ရန်ကုန် FOB ဈေးနှုန်းအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၈-၃-၁၁ ၉၂ဝ-၉၄ဝ ၁ဝ၄ဝ-၁ဝ၆ဝ၁၁-၃-၁၁ ၉ဝဝ-၉၂ဝ ၁ဝဝဝ-၁ဝ၂ဝMIRT(MAPT)
တစ်ပတ်အတွင်း နယ်စပ်မှ ပရဆေးတင်ပို့မှု တန် ၁ဝဝဝ နီးပါးရှိ မတ်လ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန်ချိန် ၉၉၈ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၆၉၈ တန်ကျော် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃ဝဝ ခန့် ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ ကျောက်ဂျင်း၊ မျောက်ဥခြောက်တို့ကို ယခုအပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ယခုအပတ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိချောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကျောက်ဂျင်း၊ နနွင်းတက်၊ ဒရင် ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်လျှာစေ့၊ မျောက်ဥခြောက်၊ မာလာဥနဲ့ မာလာဥခေါင်း တို့ဖြစ်ပါတယ်။ တမူးနယ်စပ်ကနေ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်းတန်ဖိုးရှိရှိန်းခို ၁ ဒသမ ၂ တန်တင်သွင်းမှု ယခုအပတ်မှာ ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)