Background
အိန္ဒိယမွန်ဘိုင်းမတ်ပဲဈေး ကာလတူဈေးကွာခြားမှုနည်း အိန္ဒိယမွန်ဘိုင်းဈေးကွက်အတွင်း မတ်ပဲဈေးက ဖေဖော်ဝါရီနဲ့ မတ်လ ကာလ တူ ဈေးနှုန်းကွာခြားမှု နည်းတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလမှာ ဝယ်လိုအား နည်းလို့ ဈေးကျခဲ့ရာမှ မတ်လ ဒုတိယပတ်မှာတော့ မြန်မာမတ်ပဲကို အဝယ်ပြန် လိုက်လာလို့ ဈေးပြန်မာလာတာကြောင့် ဈေးနှုန်းကွာခြားမှုနည်းခြင်းဖြစ်ပါတယ်။ မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာမတ်ပဲတွေ ဝင်ရောက်နေတာမို့ ကာလတိုအတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက် ပေါက်ဈေးနဲ့ C & F ဈေးများကို ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၁ဝ-၃-၂ဝ၁၁ ၉ဝ၃ ၉ဝဝ၁ဝ-၂-၂ဝ၁၁ ၈၈၃ ၉ဝ၅-၉၁ဝ MIRT(MAPT)
ဘော်ဒါက တန်ချိန်အနည်းငယ်သာတင်ပို့ မတ်လ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၇၁ဝဝ တန်ဖိုးရှိမတ်ပဲ ၃၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၇၃ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ဧပြီလမှ ဖေဖော်ဝါရီ လကုန်ထိ နယ်စပ်မှမတ်ပဲ တန်ချိန် ၈၆ဝဝ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးများက ထွက်ရှိတဲ့မတ်ပဲများကို မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့တင်ပို့ခဲ့တာပါ။ ယခင်အပတ်ကထက် မိမိဘက် ဈေး ၁ တန်ကို ၁၁၂၅ဝ ကျပ်မြင့်တက်နေပေမဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ တစ်ဖက်နိုင်ငံပေါက်ဈေးက ၁ တန် ဒေါ်လာ ၁ဝ၅ဝ ဖြစ်ပါတယ်။ MIRT (DOBT)
တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၆ဝဝဝ တင်ပို့ ယခင်သီတင်းပတ်တွေက ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှုဟာ တန် ၅ဝဝဝ ဝန်းကျင်သာရှိနေခဲ့ရာက ယခုသီတင်းပတ် (မတ်လ ၃ ရက်မှ ၉ ရက်) အတွင်းမှာတော့ တန် ၆ဝဝဝ ကို တင်ပို့မှု တိုးတက်လာခဲ့ပါတယ်။ ယခုသီတင်းပတ် အတွင်းမှာတော့ ပြည်တွင်းဈေးကွက်အတွင်း ရောင်းလိုအားနည်းပြီး ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပေမဲ့ ပြည်ပရောင်းဈေး ကတော့ အိန္ဒိယဈေးလျော့လို့ ဒီတစ်ပတ် FOB ဈေးမှာ တစ်ပတ်လုံးလုံး ငြိမ်နေခဲ့ရာ မတ်လ ၁၃ ရက်နေ့မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ- ၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
အခြားပြည်နယ်များကို အားထားနေလို့ အိန္ဒိယ ကီရာလာကြက်သွန်ဖြူ ဈေးမြင့်တက်ရခြင်းဖြစ် အိန္ဒိယနိုင်ငံ ပြည်နယ်များရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ငွေရလွယ်တဲ့ သီးနံှတွေကို အားထားစိုက်ပျိုးနေပြီး အခြားစိုက်ပျိုး ရေးထွက်ကုန်တွေဖြစ်တဲ့ ကြက်သွန်ဖြူလို သီးနံှတွေကိုတော့ အခြားစိုက်ပျိုးတဲ့ ပြည်နယ်တွေကို အားထားနေရတာကြောင့် လွန်ခဲ့တဲ့ ၃ လအတွင်း ကြက်သွန်ဖြူဈေးက အမြင့်မှာ စိုးမိုးနေဆဲဖြစ်ကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် ကြက်သွန်တစ် ကီလိုကို ရူပီး ၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၃) ဝန်းကျင်မှာ ရှိတတ်ပေမဲ့ လွန်ခဲ့တဲ့ လများမှာတော့ တစ်ကီလိုကို ရူပီး ၂၅ဝ ကနေ ၂၇ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅ - ၆) ဝန်းကျင်မှာရှိနေခဲ့ပါတယ်။ ကီရာလာပြည်နယ်ဈေးကွက်တွေမှာ ပထမ တစ်မျိုးဖြစ်တဲ့ အရည်အသွေးနိမ့် ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၁၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၃၃) ရှိချိန်မှာ ဒုတိယ ပုံမှန်ခြောက်သွေ့တဲ့ ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၂၄ဝ (ကန်ဒေါ်လာ ၅ ဒသမ ၃၃) ရှိကာ ကြီးပြီးခြောက်သွေ့တဲ့ ကြက်သွန်ဖြူက ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅) ရှိတယ်လို့ သိရပါတယ်။ ကီရာလာပြည်နယ် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတိုးတက်ရေး ကော်ပိုရေးရှင်းမှ အုပ်ချုပ်မှုဒါရိုက်တာ K. Premanath က ပြောကြားတာကတော့ ကြက်သွန်ဖြူဈေးတက်ရခြင်းဟာ အခြားပြည်နယ်တွေမှာလည်း ကြက်သွန်ဖြူ မရရှိနိုင်တာကြောင့် ဖြစ်တဲ့အပြင် ကြက်သွန်ဖြူက ပုပ်သိုးလွယ်တဲ့ကုန်ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ စားသုံးသူတွေဟာ မဒ္ဒရာပရာဒေ့ရှ်၊ ဥတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာတို့က အသစ်ဝင်ရောက် လာမှ ဈေးကျဆင်းမယ်အချိန်ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ စတင်ရိတ်သိမ်းပေမဲ့ လကုန်ထိတော့ ဈေးကွက် တွေထဲဝင်မလာသေးဘူးလို့ ဆိုပါတယ်။ ဈေးမြင့်တက်ရတဲ့ အခြားအကြောင်းရင်းကတော့ အဓိက ထုတ်လုပ်တဲ့ ပြည်နယ်တွေမှာ ယခင်နှစ်က ရာသီဥတု မမှန်ခဲ့လို့ ၃ဝ ရာခိုင်နှုန်းခန့် အထွက်ဆုတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် ပါကစ္စတန်ကို ဧပြီလနဲ့ ဇွန်လအတွင် ပမာဏ များများ တင်ပို့ရာမှ ပြီးခဲ့တဲ့ နှစ်မှာ အရောင်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကြက်သွန်ဖြူဟက်တာ ၈၆ဝဝဝ နဲ့ ဒုတိယအများဆုံးစိုက်ပျိုးပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၃၅ဝဝဝဝ နဲ့ တတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ဟာ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ ၃၅ ရာခိုင်နှုန်းကျော်စိုက်ပျိုးပြီး စုစုပေါင်းထုတ်လုပ်မှုရဲ့ ၃၈ ရာခိုင်နှုန်း ထုတ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ စိုက်ပျိုးမှုရော၊ ထုတ်လုပ်မှုပါ ပထမနေရာက ရှိနေတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: The Express Buzz
အိန္ဒိယနနွင်း ပြည်ပဝယ်လိုအားကောင်းလာလို့ ဈေးပြန်မြင့်လာ အိန္ဒိယပြည်တွင်း နနွင်းလက်ငင်းဈေးကွက်တွေကို ယခုသီတင်းပတ်အစပိုင်းမှာ အဝင်များလာလို့ တစ်တန်ကို ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၂) ကျဆင်းခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ နီဇမ်မာဘတ်ဈေးကွက်မှာ ပြည်တွင်း လှောင်လက်တွေ အဆွဲများတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေး ၁ ဒသမ ၃၆ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၄၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အီရော့ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာ ယခင်ရက်က အိတ် ၁၂ဝဝဝ ခန့်ရှိရာမှ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အိတ် ၁ဝဝဝဝ ဝန်းကျင်ကိုလည်းကောင်း၊ နီဇမ်မာဘတ်ဈေးကွက်ကို အိတ် ၈ဝဝဝ ဝန်းကျင်မှ အိတ် ၁၂ဝဝဝ ကိုလည်း ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ နနွင်းတောင်သူအများအပြားဟာ ဈေးကောင်းမျှော်လင့်ပြီး နနွင်းပမာဏများများဈေးကွက်ကို ယူလာကြ ပေမဲ့ အိန္ဒိယမြောက်ပိုင်းက အဝယ်အသစ်မထွက်လို့ အစပိုင်းရက်တွေမှာ ဈေးလျော့ကျခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီ ရာဗွီရှန်ကာ ကဆိုပါတယ်။ ကာလတိုနနွင်းဈေးက နနွင်းဝင်ရောက်မှုနဲ့ ပြည်ပအဝယ်ပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၇၉၈၉ဝ-၁၂ဝ၉၈ဝ (ကန်ဒေါ်လာ ၁၇၇၇- ၂၆၉ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၇၅ဝ၁ဝ-၁၁၅၅၅ဝ (ကန်ဒေါ်လာ ၁၆၆၈-၂၅၇ဝ) ရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: commodityonline
အရည်အသွေးပေါ်မူတည်ပြီး ဈေးအမိုျးမိုျးနဲ့ ရောင်းဝယ်နေတဲ့ ရှမ်းနနွင်းဈေးကွက် နနွင်းတက်တွေကတော့ ဈေးကွက်ကို တစိမ့်စိမ့်ဝင်နေပါတယ်။ မနှစ်ကလောက် အရောင်းမသွက်ပေမဲ့ ပြည်တွင်းသုံး (ဈေးပတ်သမား) တွေကတော့ ပုံမှန်ဝယ်ယူနေတယ်လို့သိရပါတယ်။ အခုလောလောဆယ် ဈေးကွက် ထဲကို အဝင်များနေတာ ကတော့ ကလောမြို့နယ်၊ တောင်လပို့ရွာက နနွင်းတွေပဲဖြစ်ပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ ပင်လောင်းနနွင်းတွေလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အရင်နှစ်တွေ လိုပဲ နနွင်းဈေးကတော့ အရည်အသွေးပေါ် မူတည်ပြီး ဈေးအမျိုးမျိုးသတ်မှတ် အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးတွေကတော့ ပင်လောင်းနနွင်းတစ်ပိဿာ ၁၇ဝဝ ကျပ်၊ တောင်လပို့နနွင်း ၂ဝဝဝ ကျပ်၊ ဆင်တောင်နနွင်း ၂၅ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်နဲ့ အင်းလေးစကတော့ ၁၈ဝဝ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ယခုမူဆယ်မှ နနွင်းတက် တင်ပို့မှုရှိ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၉ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၂၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီတစ်လလုံး နနွင်းတက် ၄၂ တန်ကိုနယ်စပ်စခန်းများ ဖြစ်တဲ့ မူဆယ်နဲ့စစ်တွေတို့မှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်တင်ထွန်း(MIRT)