Background
အိန္ဒိယပဲစင်းငုံဈေး ဖေဖော်ဝါရီနဲ့ မတ်လကာလတူ ကန်ဒေါ်လာ ၄ဝ ခန့်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်တွင်းပဲစင်းငုံအသစ်တွေ ဝင်ရောက်နေ သလို မြန်မာနိုင်ငံက တင်သွင်းပဲတွေကလည်း ပုံမှန်ဝင်ရောက်နေတာကြောင့် အိန္ဒိယပဲစင်းငုံဈေးက အကျဘက်ကို တောက်လျှောက်ဆင်း နေတဲ့အတွက် ကာလ တူ ဈေးနှုန်းကွာခြားနေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အဝယ်လည်းနည်းတာ ကြောင့် ဈေးကကျပြီးရင်းကျနေပါတယ်။ ဒါကြောင့်လည်း မဟာရပ်ရှတရာ အစိုးရက အများပြည်သူဖြန့်ဝေရေးစနစ်နဲ့ ပဲဖြန့်ဖြူးနေတာကို ရပ်တန့်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများကို ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၁ဝ-၃-၂ဝ၁၁ ၇၉၈ ၉၂ဝ၁ဝ-၂-၂ဝ၁၁ ၈၃၆-၈၃၈ ၉၄ဝ-၉၅ဝMIRT(MAPT)
ပဲစင်းငုံတင်ပို့မှုလည်း အနည်းငယ်တက်လာ ယခုသီတင်းပတ် (မတ်လ ၃ ရက်မှ ၉ ရက်) အတွင်းမှာ ပင်လယ်ရေကြောင်း က ပဲစင်းငုံတင်ပို့မှုလည်း တန်ချိန် ၅၆ဝဝ ကျော်ကို တိုးတက်တင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ဈေးကျတယ်ဆိုပေမဲ့ ကုန်သည်အချင်းချင်း အရောင်းအဝယ်ဖြစ်သလို နိုင်ငံပိုင်အေဂျင်စီက ခေါ်ယူတဲ့ တင်ဒါအတွက်လည်း အဝယ်ရှိတာကြောင့် တင်ပို့မှုတက်လာတာဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာလည်း ပြည်ပရောင်းချတဲ့ ပမာဏများတယ်လို့ သိရပါတယ်။ ပြည်တွင်းပဲစင်းငုံဈေးအနေနဲ့ မတ်ပဲ ဈေးတက်တာကြောင့် လိုက်ပါမြင့်တက်ပေမဲ့ ၤဥြ ဈေးကတော့ ယခင် သီတင်းပတ် အတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ မတ်လ ၁၁ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ပဲစင်းငုံနီ (FAQ)တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ နဲ့ ပဲစင်းငုံဖြူနီနဲ့ အဖြူ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ- ၇၈ဝ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။MIRT - MAPT
ဟင်္သာတမတ်ပဲဈေး မြင့်တက်လာ ဟင်္သာတပဲဈေးကွက်ကို ယခုမတ်လ ဒုတိယပတ်မှာ မတ်ပဲသစ်များ ဝင်လာတာကိုတွေ့ရပါတယ်။ ဟင်္သာတ ခရိုင်အတွင်း အများဆုံးစိုက်ပျိုးတဲ့ မြို့နယ် များဖြစ်တဲ့ ဟင်္သာတနဲ့ ဇလွန်မြို့နယ်များမှာ မတ်ပဲသစ်များကို ရန်ကုန်ဈေးကွက်သို့ တစ်ပတ်အတွင်း အိတ် ၈၅ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ တစ်တင်းဈေးမှာ ယခင်အပတ်က ၂၁၉ဝဝ ကျပ်ဖြစ်ပြီး ယခုအပတ်တွင် ပိဿာ ၂ဝ ဝင် တစ်တင်းကို ၂၂၄ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ရောင်းဝယ်မှု အနေနဲ့ ယခင်အပတ်ထက်ပိုများလာတယ်လို့ သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယမွန်ဘိုင်းမတ်ပဲဈေး ကာလတူဈေးကွာခြားမှုနည်း အိန္ဒိယမွန်ဘိုင်းဈေးကွက်အတွင်း မတ်ပဲဈေးက ဖေဖော်ဝါရီနဲ့ မတ်လ ကာလ တူ ဈေးနှုန်းကွာခြားမှု နည်းတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလမှာ ဝယ်လိုအား နည်းလို့ ဈေးကျခဲ့ရာမှ မတ်လ ဒုတိယပတ်မှာတော့ မြန်မာမတ်ပဲကို အဝယ်ပြန် လိုက်လာလို့ ဈေးပြန်မာလာတာကြောင့် ဈေးနှုန်းကွာခြားမှုနည်းခြင်းဖြစ်ပါတယ်။ မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာမတ်ပဲတွေ ဝင်ရောက်နေတာမို့ ကာလတိုအတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက် ပေါက်ဈေးနဲ့ C & F ဈေးများကို ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၁ဝ-၃-၂ဝ၁၁ ၉ဝ၃ ၉ဝဝ၁ဝ-၂-၂ဝ၁၁ ၈၈၃ ၉ဝ၅-၉၁ဝ MIRT(MAPT)
ဘော်ဒါက တန်ချိန်အနည်းငယ်သာတင်ပို့ မတ်လ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၇၁ဝဝ တန်ဖိုးရှိမတ်ပဲ ၃၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၇၃ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ဧပြီလမှ ဖေဖော်ဝါရီ လကုန်ထိ နယ်စပ်မှမတ်ပဲ တန်ချိန် ၈၆ဝဝ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးများက ထွက်ရှိတဲ့မတ်ပဲများကို မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့တင်ပို့ခဲ့တာပါ။ ယခင်အပတ်ကထက် မိမိဘက် ဈေး ၁ တန်ကို ၁၁၂၅ဝ ကျပ်မြင့်တက်နေပေမဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ တစ်ဖက်နိုင်ငံပေါက်ဈေးက ၁ တန် ဒေါ်လာ ၁ဝ၅ဝ ဖြစ်ပါတယ်။ MIRT (DOBT)
တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၆ဝဝဝ တင်ပို့ ယခင်သီတင်းပတ်တွေက ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှုဟာ တန် ၅ဝဝဝ ဝန်းကျင်သာရှိနေခဲ့ရာက ယခုသီတင်းပတ် (မတ်လ ၃ ရက်မှ ၉ ရက်) အတွင်းမှာတော့ တန် ၆ဝဝဝ ကို တင်ပို့မှု တိုးတက်လာခဲ့ပါတယ်။ ယခုသီတင်းပတ် အတွင်းမှာတော့ ပြည်တွင်းဈေးကွက်အတွင်း ရောင်းလိုအားနည်းပြီး ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပေမဲ့ ပြည်ပရောင်းဈေး ကတော့ အိန္ဒိယဈေးလျော့လို့ ဒီတစ်ပတ် FOB ဈေးမှာ တစ်ပတ်လုံးလုံး ငြိမ်နေခဲ့ရာ မတ်လ ၁၃ ရက်နေ့မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ- ၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
အခြားပြည်နယ်များကို အားထားနေလို့ အိန္ဒိယ ကီရာလာကြက်သွန်ဖြူ ဈေးမြင့်တက်ရခြင်းဖြစ် အိန္ဒိယနိုင်ငံ ပြည်နယ်များရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ငွေရလွယ်တဲ့ သီးနံှတွေကို အားထားစိုက်ပျိုးနေပြီး အခြားစိုက်ပျိုး ရေးထွက်ကုန်တွေဖြစ်တဲ့ ကြက်သွန်ဖြူလို သီးနံှတွေကိုတော့ အခြားစိုက်ပျိုးတဲ့ ပြည်နယ်တွေကို အားထားနေရတာကြောင့် လွန်ခဲ့တဲ့ ၃ လအတွင်း ကြက်သွန်ဖြူဈေးက အမြင့်မှာ စိုးမိုးနေဆဲဖြစ်ကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် ကြက်သွန်တစ် ကီလိုကို ရူပီး ၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၃) ဝန်းကျင်မှာ ရှိတတ်ပေမဲ့ လွန်ခဲ့တဲ့ လများမှာတော့ တစ်ကီလိုကို ရူပီး ၂၅ဝ ကနေ ၂၇ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅ - ၆) ဝန်းကျင်မှာရှိနေခဲ့ပါတယ်။ ကီရာလာပြည်နယ်ဈေးကွက်တွေမှာ ပထမ တစ်မျိုးဖြစ်တဲ့ အရည်အသွေးနိမ့် ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၁၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၃၃) ရှိချိန်မှာ ဒုတိယ ပုံမှန်ခြောက်သွေ့တဲ့ ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၂၄ဝ (ကန်ဒေါ်လာ ၅ ဒသမ ၃၃) ရှိကာ ကြီးပြီးခြောက်သွေ့တဲ့ ကြက်သွန်ဖြူက ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅) ရှိတယ်လို့ သိရပါတယ်။ ကီရာလာပြည်နယ် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတိုးတက်ရေး ကော်ပိုရေးရှင်းမှ အုပ်ချုပ်မှုဒါရိုက်တာ K. Premanath က ပြောကြားတာကတော့ ကြက်သွန်ဖြူဈေးတက်ရခြင်းဟာ အခြားပြည်နယ်တွေမှာလည်း ကြက်သွန်ဖြူ မရရှိနိုင်တာကြောင့် ဖြစ်တဲ့အပြင် ကြက်သွန်ဖြူက ပုပ်သိုးလွယ်တဲ့ကုန်ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ စားသုံးသူတွေဟာ မဒ္ဒရာပရာဒေ့ရှ်၊ ဥတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာတို့က အသစ်ဝင်ရောက် လာမှ ဈေးကျဆင်းမယ်အချိန်ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ စတင်ရိတ်သိမ်းပေမဲ့ လကုန်ထိတော့ ဈေးကွက် တွေထဲဝင်မလာသေးဘူးလို့ ဆိုပါတယ်။ ဈေးမြင့်တက်ရတဲ့ အခြားအကြောင်းရင်းကတော့ အဓိက ထုတ်လုပ်တဲ့ ပြည်နယ်တွေမှာ ယခင်နှစ်က ရာသီဥတု မမှန်ခဲ့လို့ ၃ဝ ရာခိုင်နှုန်းခန့် အထွက်ဆုတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် ပါကစ္စတန်ကို ဧပြီလနဲ့ ဇွန်လအတွင် ပမာဏ များများ တင်ပို့ရာမှ ပြီးခဲ့တဲ့ နှစ်မှာ အရောင်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကြက်သွန်ဖြူဟက်တာ ၈၆ဝဝဝ နဲ့ ဒုတိယအများဆုံးစိုက်ပျိုးပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၃၅ဝဝဝဝ နဲ့ တတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ဟာ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ ၃၅ ရာခိုင်နှုန်းကျော်စိုက်ပျိုးပြီး စုစုပေါင်းထုတ်လုပ်မှုရဲ့ ၃၈ ရာခိုင်နှုန်း ထုတ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ စိုက်ပျိုးမှုရော၊ ထုတ်လုပ်မှုပါ ပထမနေရာက ရှိနေတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: The Express Buzz
