Main menu

Background

Sunday, 2 Jan 2011

ရော်ဘာတင်ပို့မှု ပုံမှန်               ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၇၉၄ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၁၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၄၇ တန်တင်ပို့ခဲ့ပြီး ၄၇ တန်ပိုမိုတင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်မှာ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို MSR-50 တန် ၂ဝ ၊ RSS-5 ၂၄၈ တန် နဲ့ RSS-3 ၂၄၅ တန်၊ စင်ကာပူကိုMSR-20 ၂ဝ၁ တန်၊ RSS-3 တန် ၄ဝ ၊ RSS-5 တန် ၄ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။KZW

Sunday, 2 Jan 2011

ပဲနီလုံးရိုး (စွန်တာနီ) အသစ်မအပေါ်သေးလို့ ဈေးမာ                     မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲနီလုံးရိုး (စွန်တာနီ) တစ်ပိဿာပေါက်ဈေး ၁၃ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးမာနေပြီး လက်လီအရောင်းအဝယ်သမားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးမြို့သို့တင်း ၃ဝဝ ၊ မုံရွာမြို့မှ ရန်ကုန်မြို့သို့ တင်း ၁၅ဝ စီးထွက်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ လက်လီ ဈေးကွက်အဖြစ် မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၅ဝ ခန့်အရောင်းအဝယ်ဖြစ်ပြီး ပဲသစ်မပေါ်သေးလို့ ပဲအဟောင်း များသာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဈေးကတော့ ဆက်လက်ပြီး မာနိုင်သေးတယ်လို့ ဈေးကွက်ကဆိုပါတယ်။   သန်းးသန်းးတင်   

Sunday, 2 Jan 2011

ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့တဲ့ ပြည်ပဲနီပြား                ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း နတ်တလင်းမြို့နယ်မှာသာ စိုက်ဧကအနည်းငယ်ရှိတဲ့ ပဲနီပြားသီးနံှဟာ အခြားတိုင်းသို့လည်း တင်ပို့မှုမရှိပဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲနီးပြားဟာ စိုက်ပျိုးထွက်ရှိမှု နည်းပေမဲ့ ဈေးနှုန်းမှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ပါတယ်။ အောက်တိုဘာလအတွင်း လက်လီရော လက်ကားသမားများပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလမှစလို့ လက်ကျန်နည်းလာခဲ့ပြီး တစ်တင်း ၂၆ဝဝဝ ကျပ်နဲ့ ရောင်းဝယ်နေခဲ့ရာမှ နိုဝင်ဘာလ ဒုတိယပတ်မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ကိုဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ကုန်မှာတော့ ၎င်းဈေးနဲ့ လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ပဲနီပြားဈေးနှုန်းမှာ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 2 Jan 2011

ပြည်ဘိုကိတ်ဈေးကွက်ဈေးကျလာ                  ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တော့ တစ်တင်းကို ၁ဝဝဝ ကျပ်ကျော်လျော့နည်းကာ ၁၆ဝဝဝ ကျပ်- ၁၆၂ဝဝ ကျပ်ဈေးသာရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ကံမမြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အဝင်နည်းနေပါတယ်။ ယခင်တစ်ပတ်က အိတ် ၁ဝဝ-၁၅ဝ အတွင်း အဝင်ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ အိတ် ၄ဝ-၅ဝ အတွင်းသာ အဝင်ရှိကြောင်း သိရပါတယ်။                                   ဆုမွန်ဆွေ

Sunday, 2 Jan 2011

ယခင်နှစ်လောက်ဈေးကောင်းမရပေမယ့် ဈေးကွက်အတွင်း ပဲကြီးဈေး အမြင့်ဆုံးဖြစ်                ပဲခူးတိုင်းဒေသကြီးအနောက်တွင် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပဲကြီးကို ဧက ၂၉ဝဝဝ ခန့်စိုက်ပိုျးဖို့ လျာထားခဲ့ပြီး ယခု ဒီဇင်ဘာလကုန်မှာ အားလုံးနီးပါး စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးကို မိုးညို၊ အုတ်ဖို၊ နတ်တလင်း၊ ရွှေတောင်၊ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်က ဒီဇင်ဘာလမှာ တစ်တင်း ၃၈ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်မှာတော့ ယခင်နှစ်ဈေးနှုန်း မရရှိဘဲ နှစ်ကုန်မှာ ပဲကြီး (ကမ်းနား) တစ်တင်း ၃၃၅ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၅ဝဝဝ ကျပ်သာရှိတဲ့အတွက် ယခင်နှစ်ထက် တစ်တင်း ၃ဝဝဝ ကျပ်ခန့် ဈေးလျော့နည်းနေကြောင်း သိရပါတယ်။ သို့သော်လည်း ပဲဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ အမြင့်ဆုံး ဖြစ်နေခဲ့ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက်ကို အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                                              ခင်ဆွေဝင်း

Sunday, 2 Jan 2011

ပဲထုတ်လုပ်မှုကိုး တိုးမြှင့်ခြင်းဖြင့် အိန္ဒိယငွေကြေးဖောင်းပွမှုကို လျှော့ချ                  အိန္ဒိယအစိုးရက ကြက်သွန်ဈေးနှုန်းကျဆင်းဖို့ ကြက်သွန်နီ တင်ပို့မှု ကို ပိတ်ပင်လိုက်ခြင်းနဲ့ ပဲမျိုးစုံထုတ်လုပ်မှု မြင့်တက်ခြင်းတို့ကြောင့် ငွေကြေး ဖောင်းပွမှုကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး Pranab Kumar Mukherjee  က ပြောကြားပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခုနှစ် ပဲထုတ်လုပ်မှုဟာ တန်ချိန် ၂ သန်းခန့် မြင့်တက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။                   အိန္ဒိယနိုင်ငံဟာ ယခုနှစ် ပဲဝယ်လိုအား တန်ချိန် ၁၈ သန်း ကျော် နိုင်ပြီး ထုတ်လုပ်မှုက တန်ချိန် ၁၆ ဒသမ ၅ သန်းခန့် ရှိမယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ နိုဝင်ဘာလမှာ ၇ ဒသမ ၄၈ ရာခိုင်နှုန်း ရှိလို့ ၁၁ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး ယခုလကုန်ပိုင်းမှာ အနည်းငယ်မြင့်တက်လာဖွယ်ရှိပေမဲ့ ဇန်နဝါရီလ မှာတော့ အကျဘက်ကို ဆက်လက် ဦးတည် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။                                                               ယမင်းခင်၊ ှSources: commodityonline 

Sunday, 2 Jan 2011

မုံရွာကုလားပဲ ဒီဇင်ဘာမှာ နယ်အဆွဲများခဲ့                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဒီဇင်ဘာလထဲမှာ ဒေသ တွင်းလုပ်ငန်းသမားများ မျိုးအတွက် ဝယ်ယူမှုများအပြင် မန္တလေး၊ ရန်ကုန်နယ် အဆွဲပါပိုခဲ့လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ ပဲခွဲစက်၊ ကြာဇံစက်၊ အမှုံကြိတ် စက်လိုင်းသမားတွေအနေနဲ့ ဒီလထဲမှာ ကုန်ကြမ်းပစ္စည်းပိုသူက ထုတ်ရောင်း ခဲ့ကြသလို၊ စက်သမားအချို့ ကုန်ကြမ်းမပြတ်အောင် ဝယ်ယူစုဆောင်းမှုတွေ ရှိခဲ့တဲ့ အတွက် အခုလို အရောင်းသွက်ပြီး ဈေးမာခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးရဲ့ တစ်တင်း အနိမ့် အမြင့်မှာ ကုလားပဲရိုးရိုး ၁၉ဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၂ဝဝဝဝ ကျပ်၊ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၂၂၃ဝဝ ကျပ်၊ ၂၃၈ဝဝ ကျပ်နဲ့ ကုလားပဲ ၉၂၉ ၂၁၅ဝဝ ကျပ်-၂၃ဝဝဝ ကျပ်ဈေးပေါက်ခဲ့ပြီး လကုန်ပတ်မှာ အသီးသီး ဈေး အေးခဲ့ကာ ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ မန္တလေးကို တင်း ၁ဝဝဝဝ ခန့် ရန်ကုန်ကို တင်း ၁ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ အသီးသီး စီးထွက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။                       ထွန်းလှိုင် 

Sunday, 2 Jan 2011

ဈေးအတက်အကျ မငြိမ်တဲ့ ပြည်ကုလားပဲ                   ပဲခူးတိုင်းဒေသကြီးအနောက်မှာ ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကုလားပဲစိုက်ဧက ၂၉ဝဝဝ ခန့်လျာထားပြီး ယခုဒီဇင်ဘာလကုန်မှာ ဧက ၂၇ဝဝဝ ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ ပြည်ကုလားပဲဈေးမှာ တစ်တင်းကို ယခင် တစ်ပတ်က ၂၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပေမဲ့ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်း ၂ဝ၅ဝဝ ကျပ်မှ ၂၁၇ဝဝ ကျပ်အတွင်း ဈေးအတက်အကျ မငြိမ်ဘဲ ရှိနေတာကို တွေ့ရပါတယ်။ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိပဲ တိုင်း အတွင်းမှာသာ အရောင်းအဝယ်ရှိပြီး ပဲခွဲစက်သမားများမှလည်း ပုံမှန် အရောင်းအဝယ်ရှိတာကြောင့် တစ်နေ့ကို အိတ် ၂ဝဝ ကျော်အရောင်း အဝယ် ရှိကြောင်း သိရပါတယ်။                                                                                       လွင်လွင်ဆန်း

Pages