Background
ဈေးကွက်များကို ကုလားပဲအဝင်နည်းလို့ ဈေးမြင့်တက်ဖွယ်ရှိ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲအထွက်ပိုမယ့် မျှော်လင့်ချက်တွေက ဈေးကျဆင်းဖို့ ဖိအားဖြစ်စေပေမဲ့ လတ်တလောဈေးကွက်တွေကို ပဲအဝင် လျော့ကျလာတာကြောင့် ဈေးအနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ပဲစိုက် ပျိုး ဧရိယာမြင့်တက်ခြင်းနဲ့ ပဲအထွက်ပိုမယ့် မျှော်လင့်ချက်တွေ ရှိပေမဲ့ ကုလားပဲ ကုန်သည်များဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သိသိသာသာကျဆင်းခဲ့တဲ့ ဈေးနိမ့်နဲ့ အဝယ်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပဲအများဆုံးစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဒ္ဒရာပရာ ဒေ့ရှ်၊ မဟာရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းနေခြင်းက မြေဆီလွှာ အစိုဓါတ်တိုးတက်စေပြီး စိုက်ပျိုးမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမှု ကတော့ အနည်းငယ် နှေးကွေးနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊ ှSource: Business standard
ဈေးအေးနေတဲ့ စစ်ကိုင်းက ပဲတီစိမ်း မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလဆန်းမှ ပဲတီစိမ်းကြီးတစ်ပိဿာဈေး ၁၂၆၃ ကျပ်မှ လလယ်တွင် ၁၃၁၆ ကျပ်သို့ ဈေးမြင့်သွားပြီး၊ ယခုဒီဇင်ဘာနောက်ဆုံးပတ်မှာ ၁၁၅၈ ကျပ်သို့ ဈေးအေးသွားပါတယ်။ အလားတူ ပဲတီစိမ်း အသေးတစ်ပိဿာဈေးမှာ ၁၁၈၄ ကျပ်၊ ၁၃၁၆ ကျပ်၊ ၁ဝဝဝ ကျပ် ဈေးပေါက်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအကြီးကို မန္တလေးဝယ်လက် အဆွဲများပြီး၊ ပဲတီစိမ်းအသေးကို ရန်ကုန်ဝယ်လက်မှ အဆွဲများပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းကြီး တင်း ၄ဝဝ ကျော်၊ ပဲတီစိမ်းအသေးတင်း ၆ဝဝ ကျော် အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ တင်း ၉ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ သန်းသန်းတင်
တရုတ်ဆွဲအားကောင်းလာတဲ့ မန်းပဲတီစိမ်း မန်းဈေးကွက်သို့ မုံရွာ၊ ရွှေဘိုနယ်ဘက်မှ ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ ဈေးကွက်အတွင်းမှာ အသစ်ရော၊ အဟောင်းပါ အရောင်းအဝယ်သွက်နေကြပါတယ်။ တရုတ်ဝယ်လက်မှ ပဲတီစိမ်း (ထိပ်စ) များသာ ဝယ်ယူကြပြီး၊ လတ်စနဲ့အောက်စများကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်လုပ်ငန်းရှင်များမှသာ အများဆုံးဝယ်ယူနေတာကို တွေ့ရပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းတွေက တစ်ပိဿာ ၁၃၅ဝ ကျပ်၊ တစ်တန် ၈၂၆၇ဝဝ ကျပ်၊ အောက်စ တစ်ပိဿာ ၁ဝ၁၃ ကျပ်၊ တစ်တန် ၆၂ဝ၃ဝဝ ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ် အတွင်း တရုတ်သို့ ၈၇ဝ တန်၊ ရန်ကုန်သို့ ၄၉ဝ တန် တင်ပို့မှုရှိခဲ့ပြီး၊ ဈေးကွက်အတွင်းမှာ ယခင်တစ်ပတ်က ပဲတီစိမ်းဟာ တရုတ် ဝယ်လိုအားနည်းခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တရုတ်ဝယ်လိုအား ပြန်ကောင်းလာတယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောကြားကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး
အိန္ဒိယပဲတီစိမ်း နိုဝင်ဘာထက် ဒီဇင်ဘာ ကာလတူဈေးပိုလာ အိန္ဒိယဈေးကွက်တွေမှာ မိုးပဲတီစိမ်းအထွက်ပိုပြီး ဆောင်းစိုက်ပဲကလည်း စိုက်ဧရိယာပိုမယ်လို့ ခန့်မှန်းထားပေမဲ့ လတ်တလော ဈေးကွက်တွေမှာတော့ ပဲတီစိမ်းဈေးက ခိုင်မာနေပါတယ်။ နိုဝင်ဘာလကုန်ရက်နဲ့ ဒီဇင်ဘာလ ကုန်ရက်ဈေးနှုန်း နှိုင်းယှဉ်ရာမှာ ဈေးအနည်းငယ် ပိုလာတာတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအားကောင်းနေတဲ့ ပဲဖြစ်လို့ အိန္ဒိယမှာလည်း ဈေးမကျဘဲ ခိုင်မာနေတာဖြစ်ပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဒေလီဈေးကွက်တို့မှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ချန်နိုင်းဈေးကွက် ဒေလီဈေးကွက်၃ဝ-၁၂-၁ဝ ၁ဝ၂၄-၁ဝ၃၆ ၁ဝဝ၂-၁ဝ၃၆၃ဝ-၁၁-၁ဝ ၉၉၆ ၉၆၃-၁ဝ၂၈MIRT (MAPT)
နယ်စပ် အပို့ တန် ၁ဝဝဝ ကျော် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ပဲတီစိမ်း တန် ၁၁၅၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် မူဆယ်မှ ၁ဝ၂၈ တန်နဲ့ စစ်တွေမှ ၆ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာ တန် ၁၂ဝ ကျော်တင်ပို့ မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်း တင်ပို့နိုင်ခဲ့ခြင်း မရှိပါဘူး။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ နယ်စပ်မှ ပဲတီစိမ်း တန်ချိန် ၇၄ဝဝဝ ကျော်တင်ပို့နိုင်ပြီး ဖြစ်ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်း ဈေးကျဆင်းလျက် ရှိတာတွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၉၆ဝဝ၆၈ ၉၈၂၄ဝ၆ ၂၂၃၃၈ ၂ .၃ ၁၁၇၉ ၁၂၃၃ ၅၄ ၄ .၄MIRT (DOBT)
ပင်လယ်ရေကြောင်း အပို့ တန် ၃ဝဝဝ ကျော်သာရှိ ယခင်သီတင်းပတ်က ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ကျော်ထိ ပင်လယ်ရေကြောင်းက တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျတင်ပို့ခဲ့ပါတယ်။ အိန္ဒိယဝယ်လိုအားရှိတဲ့ ခရမ်းရွှေဝါ၊ ပဲတီစိမ်းအလုံးကြီးများ အသစ်မထွက်သေးတဲ့အတွက် တင်ပို့မှုလျော့နည်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်း၊ မုံရွာဘက်က ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး တရုတ်ဝယ်လက်က အရည်အသွေးကောင်းတွေကို ဈေးပေးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေးအတိုင်း FAQ (အညာ၊ ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ- ၁၂၂ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးအေးအေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပဲလွန်းဖြူ ဟင်္သာတဈေးကွက်ကို ခရိုင် တွင်းမြို့နယ်များမှ ပဲလွန်းဖြူသစ်များ ဝင်ရောက်လာရာ ယခင်အပတ်က ပိဿာ ၂ဝ ဝင်တစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ် ပဲလွန်းဖြူဈေးမှာ ၁၈ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ ပဲလွန်း ဖြူ ဈေးအေးနေသော်လည်း အရောင်း အဝယ်နဲ့တင်ပို့မှုက ယခင်အပတ်ထက် ပိုများလာပြီး တစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ အေးအေးခိုင်
မြေထောက်ပဲ ပိုတင်ပြီး ပဲလွန်းဖြူတင်ပို့မှု လျော့ကျ ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု ပိုလာပြီး ပဲလွန်းဖြူ တင်ပို့မှု တော့ လျော့ကျလာခဲ့ပါတယ်။ ပဲလွန်းဖြူအသစ်တွေ ဈေးကွက်ကို ဝင်လာ နေပြီး အရောင်းအဝယ်ဖြစ်လာပေမဲ့ ဒီတစ်ပတ်မှာတော့ တန်ချိန် ၅ဝ ခန့်သာ တင်ပို့ခဲ့ပြီး မြေထောက်ပဲ တန် ချိန် ၁၈ဝ ခန့် တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ယူအေအီး၊ ဖိလစ်ပိုင်၊ အိန္ဒိယတို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေ နဲ့ ပဲလွန်းဖြူ တစ်တန်ကို ယခင်သီတင်းပတ်က FAQ မှာ ကန်ဒေါ်လာ ၇၇ဝ- ၇၈ဝ ရှိရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၇၅ဝ-၇၇ဝ ကိုလည်းကောင်း၊ SQ မှာ ယခင်သီတင်းပတ်က ကန် ဒေါ်လာ ၈၇ဝ-၈၈ဝ ရှိရာမှ ယခု တစ် ပတ်မှာ ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ ကို လည်းကောင်း ကျဆင်းခဲ့ပါတယ်။ မြေ ထောက်ပဲ ၤဥြ ဈေးမှာ ယခင်တစ် ပတ် အတိုင်း တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
အစိုဓါတ်များခြင်းကြောင့် အိန္ဒိယပြည်နယ်အစိုးရ ပဲစင်းငုံဝယ်ယူမှု နှောင့်နှေးနေ အိန္ဒိယနိုင်ငံ မဟာရပ်ရှတရာမှထွက်ရှိတဲ့ ပဲစင်းငုံများမှာ အစိုဓါတ် ပါဝင်မှု မြင့်မားနေလို့ ဝယ်ယူဖို့အခက်တွေ့ နေရပါတယ်လို့ ပြည်နယ် အစိုးရ အရာရှိတစ်ဦးက ပြောကြားကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရက ပဲစင်းငုံ ဝယ်ယူဖို့ခရိုင် ၁၁ ခုမှာ ပဲစင်းငုံအဝယ်စင်တာများဖွင့်လှစ်ထားပြီး အစိုဓါတ် ပါဝင်မှု များလို့ လက်ရှိအချိန်ထိ ဝယ်ယူရခြင်းမရှိသေးဘူးလို့ ပြည်နယ်ဈေးကွက် ရှာဖွေရေး အဖွဲ့မှ ပြောကြားပါတယ်။ တောင်သူများရောင်းချနေတဲ့ ပဲစင်းငုံများဟာ နိုင်ငံတော် လယ်ယာထွက်ကုန်သမ ဈေးကွက်ရှာဖွေရေးအဖွဲ့မှ သတ်မှတ်ထားတဲ့ ပဲစင်းငုံ အစိုဓါတ် ပါဝင်မှု ၁၂ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး ၁၅-၁၇ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလကုန်အထိ ပဲအဓိကစိုက်ပိုျးတဲ့ ဒေသများ မှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ အစိုဓါတ်ပါဝင်မှု များနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရဟာ နောက်နှစ်လအတွင်း ပဲစင်းငုံအနည်းဆုံးတန်ချိန် ၁ဝဝဝဝ-၂ဝဝဝဝ ဝယ်ယူသွားဖို့ ခရိုင် ၁၁ ခုမှာ အရောင်းစင်တာ ၄၇ ခုဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဗဟိုအစိုးရမှ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၆၄)သတ်မှတ်ထားပြီး၊ ပဲအများဆုံး ထွက်ရှိတဲ့ နှစ်လအတွက် တစ်ကြိမ်ကို အပိုဆောင်းငွေ ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) ပေးဝယ်ယူဖို့ ဝယ်ယူရေးအေဂျင်စီများကို သတ်မှတ်ပေးခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံဝယ်ယူမှုဟာ နောက် ၆ ရက်-၇ ရက်အတွင်း အရှိန်အဟုန်ဖြင့် ဝယ်ယူသွားမယ်လို့ အရာရှိတစ်ဦးက ပြောကြားပါတယ်။ ယမင်းခင်၊ှSource: business standard
တက်ဈေးမျှော်တဲ့ ပဲစင်းငုံ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲစင်းငုံနီ (ဟောင်း) တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၇၂၅ ကျပ်၊ ၇၄၅ ကျပ်၊ ပဲစင်းငုံနီ (အသစ်) ဈေး ၆၈၅ ကျပ်၊ ၈၁ဝ ကျပ် ဈေးဖွင့်ထားပါတယ်။ မုံရွာမြို့နယ် ကျောက္ကာကျေးရွာနဲ့ သာစည်ကျေးရွာများမှ ပဲစင်းငုံနီအသစ်တင်း ၃ဝ/၂ဝ ခန့် ရက်ခြား မုံရွာမြို့သို့ အဝင်ရှိပြီး၊ ဈေးတက်ရိပ်ရှိလို့ လှောင်လက်သမားများက ဝယ်ယူသိုလှောင်ကာ တက်ဈေးမျှော်နေကြောင်း ကုန်သည်သတင်း ရပ်ကွက်ကသိရပါတယ်။ အခုလော လောဆယ် ရန်ကုန်ဝယ်လက်အဆွဲများတာကြောင့် မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် ပျမ်းမျှတင်း ၁ဝဝဝကျော်၊ ပဲစင်းငုံနီ (အဟောင်း)များ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါတယ်။ သန်းးသန်းးတင်