Background
နိုဝင်ဘာလမှာ တရုတ်နိုင်ငံက သကြားတင်သွင်းမှုလျော့ တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှုဟာ ယခုနှစ် ပထမ ၁၁ လအတွင်း တန်ချိန် ၁ ဒသမ ၆၄ သန်းရှိခဲ့လို့ ယခင်နှစ်ထက် ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ပြောကြားပါတယ်။ နိုဝင်ဘာလအတွင်းမှာ တော့ တန်ချိန် ၂၃ဝ၃၄ တန်သာတင်သွင်းခဲ့လို့ ယခင်နှစ်ကာလတူထက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင်လထက် ၉ဝ ဒသမ ၈၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ကွမ်ရှီးပြည်နယ်အတွင်း ဒီဇင်ဘာလ ၂ဝ ရက်မှာ စုစုပေါင်း သကြားစက် ၉၂ စက် လည်ပတ်လျက်ရှိပြီး တစ်ရက်ကို စုစုပေါင်း ထုတ်လုပ်နှိုင်မှုတန်ချိန် ၆၁၈ဝဝဝ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သကြားအရန်သိုလှောင်မှုထဲက လေလံတန်ချိန် ၂ သိန်းရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမုံနာ၊ Sources: china daily
အရောင်းအဝယ်အေး မန်းပြောင်းဈေး အစေ့ထုတ်ပြောင်း (ပြောင်းဖူးစေ့)အသစ်များ အောက်တိုဘာလ လလယ်လောက်က စပြီး မန္တလေး ဈေးကွက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေပြည်တော်လယ်ဝေး၊ နေပြည်တော်တပ်ကုန်း၊ မြင်းခြံ၊ တောင်သာနယ်တို့မှ ဝင်ရောက်လာပြီး ရှမ်းပြောင်း သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်ခန့်၊ ဗမာပြောင်း ၁၄ဝဝဝ ကျပ်ဝန်းကျင်ဈေးဖြင့် ဝယ်လိုအားရောင်းလိုအား ကောင်းပြီး မူဆယ်ဈေးကွက်ကို တန်ချိန် ၆၃ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ ပြောင်းဖူးစေ့ (ရှမ်း) သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်ဝန်းကျင်ဖြင့် မူဆယ်ဈေးကွက်သို့ တန်ချိန် ၇ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းမှာ ရှမ်းပြောင်းသုံးတင်းဝင် တစ်အိတ် ၁၅၆ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၈ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၆ ကျပ်ဈေးဖြင့် အရောင်းအဝယ်ကောင်းခဲ့သော်လည်း ဒီဇင်ဘာ တတိယပတ်တွင် အရောင်းအဝယ်အေးခဲ့ပြီး ရှမ်းပြောင်းတစ်အိတ် ၁၃၈ဝဝ ကျပ်မှ ၁၄ဝဝဝ ကျပ် တစ်ပိဿာ ၂၅၆ ကျပ်ခန့် ဗမာပြောင်း ၁၃၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၅ဝ ကျပ်ဖြင့် တစ်နေ့သုံးတင်းဝင်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒေသတွင်းကြက်စာသမားများ၊ အရက်ချက်စက်ရုံများ ၊ လှောင်လက်သမားများမှလည်း ဝယ်ယူမှုရှိကြောင်း သိရပါ တယ်။ မြင့်ခိုင်
ဒီတစ်ပတ် မူဆယ်က တန် ၁၂ဝဝဝကျော်ပို့ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းကျော်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၈ဝ၃ တန်ကျော်နဲ့ နံှစားပြောင်း ၃၂၃ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၁၂၇၅၉ တန်ကျော်နဲ့ လွယ်ဂျယ်နယ်စပ်မှ ၄၄ တန် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှု မရှိဘဲ မိမိဘက်မြေပြင်ပေါက်ဈေးမှာမူ မြင့်တက်လျက်ရှိသော်လည်း တစ်ဘက်နိုင်ငံက ဝယ်လိုအားရှိ ပစ္စည်းဖြစ်တဲ့အတွက် တင်ပို့မှုပိုမိုခဲ့ရတယ် လို့ သိရပါတယ်။ ယခင်အပတ်က ပြောင်းဖူးစေ့ ၁၁၆၉၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၁ဝ၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၅၉၆၃ ၂၄၅၈၇၂ ၉၁ ဝ .ဝ၄ ၂၈ဝ ၂၇၉ ၁ ဝ .၃နံှစားပြောင်း ၂၅၆၉၄၄ ၂၄၆၉၃၈ ၁ဝဝဝ၆ ၄ ၃၂၉ ၃၂၉ - ဝMIRT (DOBT)
ပင်လယ်ရေကြောင်းက စင်ကာပူနှင့် မလေးရှားကိုပို့ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၈၃၇ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၁၂ သန်းဖိုးကို စင်ကာပူနဲ့ မလေးရှားနိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ၂၁၆ တန်သာ တင်ပို့ခဲ့တာကြောင့် တန်ချိန် ၄ ဆခန့် ပုံမှန်တင်ပို့မှုထက် ပိုတင်ပို့ ခဲ့ပါတယ်။ ခင်ကလျာဦီး
အာရှဈေးကွက်များနှင့် တိုးခဲျ့ချိတ်ဆက်တော့မယ့် တရုတ်နိုင်ငံ တရုတ်နိုင်ငံက အိမ်နီးချင်းအာရှနိုင်ငံများရှိ ဈေးကွက်များကို တိုးခဲျ့ချိတ်ဆက်ပြီး နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်တော့မယ်လို့ တရုတ်ရင်းနှီးမြူပ်နံှမှုကော်ပိုရေးရှင်းဘုတ်အဖွဲ့ ဥက္ကဌ Jin က ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် အစောပိုင်းကစပြီး တရုတ်နိုင်ငံက အာဆီယံအသင်းကြီးရဲ့အဖွဲ့ဝင် ၁ဝ နိုင်ငံမှ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အခွန်သုည ရာခိုင်နှုန်းအထိလျော့ချပြီး အာဆီယံနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တိုးခဲျ့လျက်ရှိပါတယ်။ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်တဲ့ စာရင်းအရ ယခုနှစ်မှာ တရုတ်နဲ့ အာဆီယံနိုင်ငံများရဲ့ ကုန်သွယ်မှုပမာဏထက် ၅၈ ရာခိုင် နှုန်းတိုးတက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တရုတ်-အာဆီယံရံပုံငွေကို တည်ထောင်ထားပြီး အာဆီယံနိုင်ငံများတွင် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ဖို့ ရည်ရွယ်ထားကြောင်း Jin ကပြောပါတယ်။ ၎င်းရံပုံငွေ ထဲကို တရုတ် ရင်းနှီးမြှုပ်နံှမှုကော်ပိုရေးရှင်းက ဘဏ္ဍာငွေထည့်ထားခြင်းကို ဆက်လက်တိုးခဲျ့သွားမှာ ဖြစ်သော်လည်း အာရှနိုင်ငံများနဲ့ ချိတ်ဆက်ရာမှာ အီးယူနိုင်ငံများနဲ့ ချိတ်ဆက်ခြင်းထက် နက်ရှိုင်းမှုနဲ့ အတိုင်းအတာ အရတော့ နောက်ကျ နေသေးတယ်လို့ Jin က ဆိုပါတယ်။ သုတ၊Source : Xinhua
စီးပွားရေးပြုပြင်ပြောင်းလဲဖို့ အင်ဒိုနီးရှား ကန်ဒေါ်လာသန်း ၂ဝဝ ရရှိ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အင်ဒိုနီးရှားနိုင်ငံတွင် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲမွဲတေ မှုကို လျှော့ချဖို့အတွက် စီးပွားရေးပြုပြင်ပြောင်းလဲဖို့ ကန်ဒေါ်လာ ၂ဝဝ သန်းကို ထောက်ပံ့ပေးလျက်ရှိတယ်လို့ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် Jakarta Rost တွင် ဖော်ပြထားပါတယ်။ ၂ဝဝ၄ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်နဲ့ ဂျပန်နိုင်ငံအစိုးရတို့နဲ့ ပူးတွဲဆောင်ရွက်ခဲ့တဲ့ ထောက်ပံ့ရေးအစီအစဉ် အရ ယခုအခါ ဆဌမအကြိမ် ဖွံ့ဖြိုးတိုးတက်ရေးပေါ်လစီ ထောက်ပံ့ရေးအစီအစဉ်အဖြစ် ချေးငွေကို အာရှဖွံ့ဖြိုးရေး ဘဏ်ဒါရိုက်တာအဖွဲ့မှ အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မကြာမီနှစ်များအတွင်းက စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှုလျှော့ချမှုတို့မှာ သိသာစွာ တိုးတက်မှုရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အာရှဘဏ္ဍာရေးအကျပ် အတည်းကာလ မတိုင်မီ ရှိခဲ့တဲ့ စီးပွားရေးအဆင့်ကိုတော့ မမီသေးပါဘူး။ စီးပွားရေးတိုးတက်ဖို့၊ ဆင်းရဲမွဲတေမှု ကိုလျှော့ချဖို့နဲ့ ပြည်သူ့ ဝန်ဆောင်ရေးကိစ္စတွေကို သုံးစွဲနိုင်ဖို့ အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်နေပါတယ်။ ဆဌမအကြိမ်မြောက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြူပ်နံှမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ဖို့၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအားကောင်းဖို့၊ ဆင်းရဲမွဲတေမှုကို ဆက်လက်လျှော့ချဖို့နဲ့ ဆင်းရဲမွဲတေမှုအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ဖြစ်သလို တိုင်းပြည်ရဲ့ တစ်ခုတည်းသော ရင်းနှီးမြူပ်နံှမှု ပြူတင်းပေါက်ထူထောင်ဖို့၊ ရိုးရှင်းတဲ့ ရင်းနှီးမြူပ်နံှမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများရိုးရှင်းဖို့၊ သယ်ယူ ပို့ဆောင်ရေး ကွန်ရက် ထူထောင်ဖို့ တို့အတွက်လည်း ဖြစ်တယ်လို့ Jakata Post တွင် ဖော်ပြထားပါတယ်။ သုတ၊Source : Asean News
ဆောင်းအဝင် ရော်ဘာ တိုးထုတ်သလို ဈေးလည်းတိုးလာ ဆောင်းတွင်း ကာလရောက်ရှိလာတာနဲ့အမျှ ရော်ဘာစေး ထုတ်လုပ်မှု အရှိန်အဟုန်တိုးမြှင့် လာသလို ပြည်တွင်းရော်ဘာဈေးနှုန်းမှာလည်း တစ်ရိပ်ရိပ်တိုးမြင့် ဝယ်ယူလာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာRSS -3 တစ်ပေါင် ၁၄ဝဝ ကျပ်၊RSS -5 တစ်ပေါင် ၁၂၉ဝ ကျပ်ရှိနေရာမှ ဒီဇင်ဘာလ တတိယပတ်အရောက်မှာRSS -3 တစ်ပေါင် ၁၆၂ဝ ကျပ်၊RSS -3 တစ်ပေါင် ၁၅၂ဝ ကျပ်ထိ တိုးမြှင့်ရောင်းဝယ်လျက်ရှိပြီး ပြည်ပဝယ်လိုအားအပေါ် ဈေးနှုန်း တိုးမြှင့်ဝယ်ယူရခြင်းဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်တို့က ပြောကြားပါတယ်။ မွန်ပြည်နယ် ရော်ဘာများကို ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ အဓိကတင်ပို့ခဲ့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၅၇၉၁ တန်တင်ပို့နိုင်ခဲ့သော်လည်း ယခုလ ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ၄၂၆၇ တန်တင်ပို့ခဲ့ပြီးဖြစ်လို့ ယခင်လထက် တင်ပို့မှု ပမာဏကျော်လွန်မယ်လို့ ခန့်မှန်းလျက်ရှိကြပြီး အလားတူစိုက်ပိုျးထုတ်လုပ်မှုအနေဖြင့် ယခုနှစ်စိုက်ဧက ၄ ဒသမ ၂၉ သိန်းအပေါ်တွင် တန် ၇၆ဝဝဝ ကျော်ထွက်ရှိရန် လျာထားသတ်မှတ်ခဲ့ရာ ဒီဇင်ဘာလထိ စိုက်ဧက ၄ ဒသမ ၅၁ သိန်းအပေါ်တွင် တန် ၇၉ဝဝဝ ကျော် ထွက်ရှိပြီးကြောင်း သိရလို့ နှစ်ကုန်မှာ တန်ချိန်ပေါင်း ၈ဝဝဝဝ ကျော်ထွက်ရှိနိုင်ကြောင်း သရိ ပါတယ။် အောင်လွင်
နယ်စပ်မှ ယခုအပတ် ရော်ဘာတင်ပို့မှုပို ဒီဇင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစန်းများဖြစ်တဲ့ တရုတ်နယ်စပ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ထိုင်းနယ်စပ်မှ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ရော်ဘာအဆင့်စုံ တန်ချိန် ၁၁၅ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ၄ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ရော်ဘာ RSS (1) ၁၆၆ တန်ကျော်၊RSS (3) ၆၅၂ တန်ကျော်၊RSS (5) ၇၅ တန်၊ MSR (20) ၄ဝ ဒသမ ၅ တန်၊MSR (50) ၁၁၆ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ MSR (20) တန် ၁ဝဝ အသီးသီးတင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်တို့မှ ရော်ဘာ ၅၆၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၅၈၈ တန်ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဝယ်လိုအားရှိပစ္စည်းဖြစ်ပြီး တစ်ဖက်နိုင်ငံ ရော်ဘာဈေးကလည်း မြင့်တက်ခဲ့တဲ့အတွက် တင်ပို့မှုပိုမိုခဲ့တာလို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ပို့ကုန် ဌာနက သတင်းရရှိပါတယ်။ ယခုအပတ်နဲ့ယခင်အပတ်ရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(3) ၃၇၂၄၆၄၅ ၃၆၁၂၆၄၅ ၁၁၂ဝဝဝ ၃ ၄ဝ၆၂ ၃၆၈ဝ ၃၈၂ ၉RSS(5) ၃၄၉၁၇၄၅ ၃၃၇၉၇၄၅ ၁၁၂ဝဝဝ ၃ ၃၇၆၁ ၃၅၃ဝ ၂၃၁ ၆MIRT (DOBT)
ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု ထက်ဝက်ကျ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ကတ္တီပါပိတ်စ၊ ကလေးစီးဖိဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှရော်ဘာတန်ချိန် ၇၄၇ ဒသမ ၁၂ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅၃၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၃၇၆ တန်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ထက်ဝက်ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-5 ၃၆ တန်နဲ့MSR- 20 ၄၅ ဒသမ ၁၂ တန်၊ မလေးရှားကိုRSS-3 ၄၄၃ တန်၊RSS-5 ၁၆၃ တန် နဲ့ အိန္ဒိယကိုRSS-3 ၆ဝ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ခင်ကလျာဦး
ပြည်ပဲကြီးဈေးအနည်းငယ်ကျ ယခုဒီဇင်ဘာ တတိယပတ်အတွင်း ပြည်ဈေးကွက်၌ ပဲကြီးဈေးနှုန်းများ ကျဆင်းနေတာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာလည်း ယခင်အပတ်ကထက် ဈေးအနည်းငယ် ကျဆင်းခဲ့ပါတယ်။ ပဲကြီးကမ်းနားမှာ ယခင်တစ်ပတ်က တစ်တင်း ၃၅ဝဝဝ ကျပ်မှ ယခုဒီဇင်ဘာတတိယပတ်မှာ တစ်တင်းကို ၃၄ဝဝဝ ကျပ်၊ ပဲကြီး (ရွှေကျွန်း)မှာ ယခင်အပတ်က ၃၆ဝဝဝ ကျပ်၊ ယခု ၃၅၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်က တစ်ရက်ကို အိတ် ၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်ရက်ကို အိတ် ၁ဝဝ ကျော်ခန့် သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း