Main menu

Background

Monday, 27 Dec 2010

်အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ              အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                             ဒေါ်လာ/တန်                    မွန်ဘိုင်းဈေးကွက်                ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ          ၈ဝ၂                                 ၈ဝဝ၁၂-၁၁-၁ဝ         ၉၃၈                                 ၁ဝဝဝMIRT(MAPT)

Monday, 27 Dec 2010

 အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ              အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                             ဒေါ်လာ/တန်                    မွန်ဘိုင်းဈေးကွက်                ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ          ၈ဝ၂                                 ၈ဝဝ၁၂-၁၁-၁ဝ         ၉၃၈                                 ၁ဝဝဝMIRT(MAPT)

Monday, 27 Dec 2010

ဒီဇင်ဘာ ဒုတိယပတ် မတ်ပဲ တန် ၁ဝဝဝဝ အထိ တင်ပို့          ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေက တန်ချိန် ၄ဝဝဝ ဝန်းကျင်တင်ပို့မှု ရှိခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းအထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယ အဝယ် အချို့ ရှိနေတာကြောင့် တင်ပို့မှု တက်လာတာဖြစ်ပါတယ်။ ဈေးကွက်တွေမှာ လှောင် လက်တချို့ ထုတ်ရောင်းမှုရှိပြီး ဝယ်လက်များ ဈေးလျော့အဝယ် ရှိတာကြောင့် ယခင်တစ်ပတ်ထက်ဈေး သိသိသာသာ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                        ဒေါ်လာ/တန်                  မတ်ပဲ(FAQ)                          မတ်ပဲ(SQ) ၂၄-၁၂-၁ဝ     ၇၇ဝ-၇၈ဝ                             ၉၆ဝ-၉၇ဝ ၁၇-၁၂-၁ဝ    ၈၂ဝ-၈၃ဝ                         ၁ဝ၂ဝ-၁၁၂ဝ MIRT(MAPT)

Tuesday, 21 Dec 2010

 တက်ဈေးဖြစ်နေတဲ့ ရှမ်းကြက်ဆူကြား             စက်မှုကုန်ကြမ်းသီးနံှဖြစ်တဲ့ ကြက်ဆူကြားကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ အိမ်ခြံဝင်းစည်းရိုးတွေနဲ့ စိုက်ကွင်းစည်းရိုးတွေအပြင် မြေညံ့တွေနဲ့ ပလပ်မြေတွေမှာ စိုက်တယ်လို့ သိရပါတယ်။ တောင်ကြီး ခရိုင်မှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်က ကြက်ဆူအများအပြားထွက်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ကြက်ဆူဈေးက တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းလာတဲ့ သီးနံှဖြစ်ပါတယ်။ ကြက်ဆူကြားဈေးက ၂ဝဝ၉ ခုနှစ် မေ၊ ဇွန်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်ဈေးရှိပါတယ်။ နိုဝင်ဘာလမှာ ဈေးတပ်တက်လာပြီး တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလမှာ အနိမ့်ဆုံး ၈၈ဝ ကျပ်မှ အမြင့်ဆုံး ၉ဝဝ ကျပ်ဈေးရှိပါတယ်။ ၂ဝ၁ဝ နှစ်ဆန်းမှာ ဈေးထပ်တက်လာပြီး ဖေဖော်ဝါရီမှာ အနိမ့်ဆုံး ၉၃ဝ ကျပ်မှ အမြင့်ဆုံး ၉၅ဝ ကျပ်၊ မတ်၊ ဧပြီလမှာ အနိမ့်ဆုံး ၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁ဝ၅ဝ ကျပ်ဈေးမြင့်လာပါတယ်။ တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းသီးနံှအဖြစ် ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးထပ်တက်လာပြီး မေလမှာ အမြင့်ဆုံး ၁၁၅ဝ ကျပ်ဈေးထိ တက်လာပါတယ်။ ဇွန်လမှ စက်တင်ဘာလမှာတော့ တစ်ပိဿာ ၁ဝ၇ဝ ကျပ်နဲ့ သာဈေးငြိမ်နေပြီး နိုဝင်ဘာလမှာ ၁၁၇ဝ ကျပ်ဈေးထိပြန်တက် လာပါတယ်။ ဈေးကောင်းရတဲ့ အတွက် လှောင်လက်တွေကလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်သို့တင်ပို့ရန်အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူနေကြလို့ အရောင်းအဝယ် သွက်နေပြီး ဒီတစ်ပတ်ကြက်ဆူပေါက်ဈေးကတော့ ၁ဝ၅ဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                                                                                                         ဧဧခိုင်

Tuesday, 21 Dec 2010

လက်ကျန်နည်းပြီး နောက်သီး အထွက်နည်းနိုင်လို့ ကျောက်ပန်းတောင်းမန်ကျည်းဈေးမာ                        ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းလက်ကျန် နည်းခြင်း၊ နောက်အသီးတင်မှု နည်းပြီး အထွက်နည်းနိုင်လို့ ကုန်သည်များက ဈေးကွက်အတွင်း ထိန်းပြီးရောင်းဝယ် နေမှုများကြောင့် မန်ကျည်းဈေး အနည်းငယ်တက်လာကာ ယခုရက်ပိုင်း အတွင်း ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းအသား အစေ့မပါ ထိပ်စတစ်ပိဿာ ၁၉ဝဝ ကျပ်၊ အလတ်စ ၁၈ဝဝ ကျပ်၊ အောက်စ ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်၊ နှစ်ချို့မန်ကျည်း တစ်ပိဿာ ၁၁ဝဝ ကျပ်-၁၂ဝဝ ကျပ်ဖြစ်ပြီး ရန်ကုန် ဘုရင့်နောင်သို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၁ဝဝဝဝ -၂ဝဝဝဝ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။                       ကျောက်ပန်းတောင်းမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် ပိဿာ နှစ်သိန်းခွဲခန့်ရှိနေပြီး ယခုလာမဲ့ ဇန်နဝါရီလလယ်မှာ မန်ကျည်း အသစ် ပေါ်မှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် မန်ကျည်းအသား အစေ့မပါ တစ်ပိဿာ လက်ကားဈေး ၁၈ဝဝ ကျပ်၊ လက်လီဈေး ၂ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။                              မင်းးလွင်

Tuesday, 21 Dec 2010

 မန်ကျည်းသီး မှည့်နယ်စပ်အပို့နည်း                  မန်ကျည်းသီးမှည့်နယ်စပ်အပို့နည်း စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ မန် ကျည်းသီး မှည့်တစ်တန်ကို ၃၇၉၄၄ဝ  ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေး ကတော့ ၃၅ဝဝဝ တာကာ ( ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့်ဈေးပေါက်လျက် ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံး တင်ပို့ကြောင်း သိရပါတယ်။                    တင်တင်ထွန်း(MIRT)

Tuesday, 21 Dec 2010

 မန်ကျည်းသီး မှည့်နယ်စပ်အပို့နည်း                  စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ မန် ကျည်းသီး မှည့်တစ်တန်ကို ၃၇၉၄၄ဝ  ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေး ကတော့ ၃၅ဝဝဝ တာကာ ( ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့်ဈေးပေါက်လျက် ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံး တင်ပို့ကြောင်း သိရပါတယ်။                    တင်တင်ထွန်း(MIRT)

Tuesday, 21 Dec 2010

အိန္ဒိယနနွင်းဈေး မြင့်တက်နေဆဲ           အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ဒီဇင်ဘာလ ၁၄ ရက် နနွင်းအမျိုးအစား ၂ မျိုးလုံး တစ်တန်ကို ရူပီး ၃၅ဝဝ-၄ဝဝဝ (ကန်ဒေါ်လာ ၇၇) မြင့်တက်ခဲ့ပါတယ်။ လက်ရှိ ဝယ်လိုအားများများစားစားမရှိတာကြောင့် နနွင်း လက်ကျန်အနည်း ငယ်သာ ဈေးကွက်ကို ဝင်ရောက်လာနေပြီလို့ အီရောနနွင်းအသင်း ဥက္ကဌ အာဗွီရာဗီရှန်ကာက ဆိုပါတယ်။ အီရော့ဈေးကွက် ၄ ခုလုံးမှာ နနွင်းရောင်းချမှု အနည်းငယ်စီ တိုးလာတယ်လို့လည်း ဆိုပါတယ်။ တောင်သူများဟာ ယခုရာသီကုန်ချိန်ထိ လက်ရှိ ဈေးနှုန်းအတိုင်း ဆက်ရှိနေမယ်လို့ မျှော်လင့်နေကြ တာကြောင့် ၎င်းတို့ရဲ့ လက်ကျန် များ ထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။           အိန္ဒိယမြောက်ပိုင်းကုန်သည်များကတော့ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ -၁၆၄၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၆၁၆)၊ နနွင်းဥဈေးက ရူပီး ၉၅ဝ၁ဝ-၁၆၂၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃- ၃၅၇၂) ရှိပြီး အီရော့သမဈေးကွက်မှာတော့ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁၆၁၉၆- ၁၆၅၂၇ဝ (ကန်ဒေါ်လာ၃၅၆၇-၃၆၄ဝ) နဲ့ နနွင်းဥဈေးက ရူပီး ၁၅၈၅၉ဝ- ၁၆၂၁၉ဝ (ကန်ဒေါ်လာ  ၄၉၃-၃၅၇၂) ဈေးဖြစ်ကြောင်း သိရပါတယ်။                 ယမင်းခင်၊ှSources: business standard  

Pages