Background
ယခုတစ်ပတ်လည်း ပဲစင်းငုံတန်ချိန် ၂၆ဝဝ ကျော် အတင်ရှိ ဒီဇင်ဘာလ ဒုတိယပတ် ပင်လယ်ရေကြောင်းကနေ ပဲစင်းငုံတန်ချိန် ၂၆ဝဝ ကျော် အတင်ရှိလို့ ယခင် တစ်ပတ်တင်ပို့မှု ပမာဏလိုဘဲ တိုးတက်တင်ပို့လာ တာတွေ့ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်တွေမှာတာ့ ပဲအသစ်အနည်းငယ် ဝင်ရောက်စပြုလာပြီဖြစ်လို့ ဈေးအနည်းငယ်ကျဆင်းလာပါတယ်။ အိန္ဒိယမှာလည်း ပဲစင်းငုံအသစ်တွေ ထွက်ပေါ်လာပြီဖြစ်လို့ မြန်မာနိုင်ငံမှာ ယခုတစ်ပတ် အိန္ဒိယ ဝယ်လက် အဝယ်မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန်FOB ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြုနီ၊ အဖြု၁၇-၁၂-၁ဝ ၅၇ဝ-၅၈ဝ ၅၂ဝ-၅၃ဝ၉-၁၂-၁ဝ ၆၂ဝ-၆၃ဝ ၅၅ဝ-၅၆ဝMIRT(MAPT)
မန်းဝယ်လက်ရှိလာတဲ့ မုံရွာမတ်ပဲ မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာဒုတိယပတ်ဈေးကွက်မှာ မတ်ပဲအသစ်တွေ ရေဦး၊ တန့်ဆည်၊ အရာတော်နဲ့ ချောင်းဦးနယ်ဘက်က ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ မုံရွာခရိုင် မတ်ပဲစိုက်ပျိုးမှုအနေနဲ့ မိုးစိုက်ဧက ၃၅၈ဝ သာရှိခဲ့ပြီး ဆောင်းစိုက်ဧက ၁၃ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်အားဖြင့် ဒေသတွင်း ခွဲစက်နဲ့ ပဲလက်လီအများဆုံးသုံးဖို့ ဝယ်ယူမှုရှိခဲ့ကာ နယ်တင်ပို့မှုမရှိသလောက် နည်းပါးခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် မိုးရာသီ မိုးစိုက်မတ်ပဲအနေနဲ့ အထွက်တိုးများဖြစ်ပြီး တရုတ်ဝယ်လက်နှစ်သက်မှုရှိလို့ ယခုရက်ပတ် မုံရွာ ကုန်စည်ဒိုင်မှာ တစ်တင်း ၂ဝ၅ဝဝ နဲ့ မန္တလေးအဝယ်ရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ဒီဇင်ဘာဒုတိယပတ်တွင်း မုံရွာကနေ မန္တလေးကို မတ်ပဲတင်း ၁၂ဝဝ ခန့် စီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလ ဒုတိယပတ်ကာလတူ အိန္ဒိယမတ်ပဲဈေး ဒေါ်လာ ၁ဝဝကျော် ကျလာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ မတ်ပဲအသစ်များ ဝင်ရောက်မှုရှိခဲ့လို့ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း မတ်ပဲဈေးက တောက်လျှောက်ဆင်းခဲ့ပါတယ်။ ဝင်ရောက်လာတဲ့ ပဲအသစ်များမှာ အရည်အသွေးနိမ့်များဖြစ်လို့ ဈေးလျှော့ဝယ်ယူ လာကြတဲ့အတွက် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ဒုတိယပတ်ကာလတူ ဈေးမှာ တစ် တန်ကို ကန်ဒေါ်လာ ၁ဝဝကျော် ကွာခြားလာတာတွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိ စိုက်ပျိုးနေတဲ့ ဆောင်းသီးနံှများလည်း စိုက်ဧရိယာတိုးတက်နေတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ ချန်နိုင်း C & F ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် ချန်နိုင်း(C & F)၁၆-၁၂-၁ဝ ၈၃၈ ၉၂ဝ၁၆-၁၁-၁ဝ ၉၇၃ ၁ဝ၄ဝ-၁ဝ၅ဝ
ဒီဇင်ဘာဒုတိယပတ် မတ်ပဲတန် ၄ဝဝဝ အတင်ရှိ ယခုဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှာ ပင်လယ်ရေကြောင်းက မတ်ပဲ တန်ချိန် ၄ဝဝဝ နီးပါး အတင်ရှိခဲ့ပါတယ်။ ဈေးကွက်ထဲမှာ အချို့တောင်သူ လက်ကျန်များ ထုတ်ရောင်းချမှုရှိပြီး ကုန်သည်တစ်ချို့ ဈေးချဝယ်ယူမှုတွေရှိလို့ ယခု တစ်ပတ်မတ်ပဲဈေး ဆင်းလာတယ်လို့ သိရပါတယ်။ မတ်ပဲစိုက်ဒေသတွေမှာ အချို့ က အပင်သက် ၂၅ ရက်ခန့်ရှိပြီး အပင်ဖြစ်ထွန်းမှု ကောင်းနေတယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်တော့ အဝယ်ပုံမှန်ရှိနေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ပြောင်းလဲလာတဲ့ ရန်ကုန်FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၁၇-၁၂-၁ဝ ၈၂ဝ-၈၃ဝ ၁ဝ၂ဝ-၁၁၂ဝ ၉-၁၂-၁ဝ ၉ဝဝ-၉၁ဝ ၁၁၁ဝ-၁၁၂ဝ MIRT(MAPT)
အဓိကပဲမျိုးစုံအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများ အိန္ဒိယကြေညာ စိုက်ပျိုးထုတ်လုပ်မှုများ သီးနံှရောင်းချမှုမှ ငွေအမြောက်အမြားရရှိ စေဖို့ သီးနံှရာသီတိုင်းမှာ စိုက်ပျိုးရေး ကုန်စည်များအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများ အစိုးရကကြေညာသွားမယ်လို့သိရပါတယ်။NAFED ဟာ ဈေးနှုန်းထောက်ပံ့အစီအစဥ ် (PSS) အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများကို အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းနဲ့ ဝယ်ယူသွားမယ့် အစိုးရအေဂျင်စီဖြစ်ပါတယ်။ ဝယ်ယူဖို့ သတ်မှတ်ထားတဲ့ ဆီထွက်သီးနံှများကတော့ ပဲပုပ်၊ မြေပဲ၊ နေကြာ၊ နှမ်း၊ မုန်ညှင်းစေ့တို့ဖြစ်ပြီး ပဲမျိုးစုံကတော့ ပဲတီစိမ်းနဲ့မတ်ပဲဖြစ်ပါတယ်။ ယင်းသီးနံှများရဲ့ လက်ရှိဈေးနှုန်းတွေက အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများထက် များစွာ မြင့်နေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ယင်းသီးနံှဈေးနှုန်းများဟာMSP ဈေးထက်အောက်ကျခဲ့ရင်လည်းMSP ဈေးနှုန်းနဲ့ ဝယ်ယူသွားဖို့ အစိုးရက စီစဉ်ထားတယ်လို့ သိရပါတယ်။ NAFED အနေနဲ့ ၂ဝ၁ဝ ဒီဇင်ဘာလမှာ ပဲစင်းငုံအမြောက်အမြား ထွက်ရှိတော့မယ်လို့ မျှော်လင့်ထားပြီး၊ အဲဒီကာလမှာ ပဲစင်းငုံဈေးက MSP နှုန်းတစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၇၁ ) အောက်ကို ကျဆင်း နိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ ရိတ်သိမ်းကာလ ၂ လအတွင်း ပဲထွက်ရှိရာ ဒေသများမှာ တောင်သူတွေက လက်ကျန်များဝယ်ယူမယ်ဆိုရင် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း MSP အပြင် ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲစင်းငုံတို့အတွက် အပိုငွေ တစ်တန်ကို ရူပီး ၅ဝဝဝ စီ ထပ်ဆောင်းပေးသွားအုံးမယ်လို့သိရပါတယ်။ NAFEDဟာ ၂ဝဝ၉ နဲ့ ၂ဝ၁ဝ သီးနံှရာသီများအတွင်း ကီရာလာ၊ တမီနာဒူး၊ ကာနာတာကာ၊ အင်ဒရာ ပရာဒေ့ရှ်၊ A&N ကျွန်းများစတဲ့ ပြည်နယ်များမှာ PSS အရ ရူပီးသန်းပေါင်း ၄၂၅ဝ (ကန်ဒေါ်လာ ၉၅ သန်း) ဖိုးခန့်ရှိတဲ့ အုန်းသီးဆံတန်ချိန် တစ်သိန်းခန့် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဟာရာနာမှာ ရူပီး ၁၈၇ သိန်း (ကန်ဒေါ်လာ ၄ သိန်း) တန်ဘိုးရှိ နေကြာ တန်ချိန် ၈၅ဝ နဲ့ အနောက်ဘင်ဂေါမှာ ရူပီး ၅၃၉ သိန်း (ကန်ဒေါ်လာ ၁၂ သိန်း)တန်ဘိုးရှိ နှမ်းတန်ချိန် ၂ဝဝဝ ဝန်းကျင် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ NAFED ဟာ ပြည်တွင်းဈေးနှုန်းထိန်းချုပ်ဖို့အတွက် ပဲမျိုးစုံနဲ့စားဆီများကို လည်း ပြည်ပကတင်သွင်းတဲ့ အစိုးရအေဂျင်စီဖြစ်ပါတယ်။ ဒါ့အပြင် အများပြည်သူ ဖြန့်ဝေရေးစနစ် (PDS) အတွက် အနောက်ဘင်ဂေါ၊ သြရိသနဲ့ မီဇိုရမ် စတဲ့ ပြည်နယ်များကိုလည်း ပဲဝါလေးနဲ့ စားဆီများလည်း ရောင်းချပေးတယ်လို့ သိရပါတယ်။ ယမင်းခင်၊Sources: commodityonline
စီးပွားရေးအထူးဇုန်များမှာ ပဲခွဲစက်များ တည်ထောင်ဖို့ အိန္ဒိယအစိုးရကခွင့်ပြု အိန္ဒိယနိုင်ငံဟာ ပဲမိုျးစုံပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပေမဲ့ စီးပွားရေးအထူးဇုန်များ (SEZs) မှာ ကုန်ကြမ်းများ တင်သွင်းခြင်းဖြင့် ပဲခွဲစက်များ တည်ထောင်ဖို့ ကုမ္ပဏီ ၄ ခုကို ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ စီးပွားရေးအထူးဇုန်များဟာ ပြည်ပတင်ပို့မှုများ ပြုလုပ်နေပြီး ၂ဝဝ၉-၂ဝ၁ဝ မှာ နိုင်ငံရဲ့ ပြည်ပသင်္ဘောတင်ပို့မှုမှာ ၃၅ ရာခိုင်နှုန်းခန့် ပါဝင်တင်ပို့လျက် ရှိပါတယ်။ ပဲပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များအနေနဲ့ ပြည်တွင်းထွက်ကုန်များကို ဝယ်ယူခြင်းမရှိဘဲ ပြည်ပကသာ တင်သွင်းမယ်ဆိုရင် ၎င်းတို့အနေနဲ့ စက်များတပ်ဆင်နိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားပါတယ်။ စီးပွားကူးသန်း ဒုတိယဝန်ကြီးRahul Khullar ခေါင်းဆောင်တဲ့ ဝန်ကြီးဌာနအတွင်း ခွင့်ပြုချက်ပေးတဲ့ အဖွဲ့မှ Prakash Overseas ကုမ္ပဏီကို အင်ဒိုရီ စီးပွားရေးအထူးဇုန်မှာလည်းကောင်း Kogta Import Export ပုဂ္ဂလိကကုမ္ပဏီအား Nasik ခရိုင်အတွင်းရှိ Multi Product စီးပွားရေးဇုန်မှာလည်းကောင်း၊Diet Foods International ကို နက်ပါခရိုင်မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း၊ Kitchen Express Overseas ကုမ္ပဏီအား Kandla မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း ခွင်ြ့ပုခဲ့တယ်လို့ သိရပါတယ်။ မတ်လအတွင်းက စီးပွားရေးအထူးဇုန်များအနေနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်များနဲ့ ပဲမိုျးစုံတို့ကို ကုန်ကြမ်းများ တင်သွင်း၊ ကုန်ချောပြုလုပ်တာ ပြန်လည်တင်ပို့ခွင့် ပြုထားခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်တွင်း ဈေးကွက်များအတွင်း အရေးပါတဲ့ ကုန်စည်များ ဈေးနှုန်းမြင့်တက်နေတာကြောင့် ဘာစမာတီမဟုတ်တဲ့ ဆန်နဲ့ ပဲမျိုးစုံလို စိုက်ပျိုးရေးထွက်ကုန် တွေ ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ ပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ကို နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၄ သန်းခန့် တင်သွင်း နေရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွင်း ပြည်တွင်းလိုအပ်ချက် တန်ချိန် ၁၈ သန်း-၁၉ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၆ သန်းနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရောင်းချမှု လိုအပ်ချက်ပြည့်မီဖို့ ပြည်ပက တင်သွင်းနေရဆဲဖြစ်ပါတယ်။ နိုင်ငံအတွင်း စီးပွားရေးအထူးဇုန် ၅၈ဝ သတ်မှတ်ထားတဲ့အနက် ၁၁၄ ဇုန်မှာလည်ပတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSources: P T I
ဈေးကောင်းရနေတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်မှာ လက်ကျန်နည်းလေ ဈေးကောင်းလေဖြစ်နေတဲ့ပဲကတော့ ဒေသတွင်းစားသုံးမှုရှိပြီး၊ အခြားတိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချမှုမရှိတဲ့ ပဲနီပြားပဲဖြစ်ပါတယ်။ လက်လီသမားများဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ်နေခဲ့ပြီး၊ ဈေးနှုန်းကတော့ ယခင်အပတ်က တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဒီဇင်ဘာ ဒုတိယပတ်အတွင်း တစ်တင်းလျှင် ၃ဝဝဝဝ ကျပ်သို့ ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်းရှိ ပွဲရုံတိုင်းတွင် ပစ္စည်းလက်ကျန်မရှိတော့ဘဲ ပွဲရုံအနည်းစုလောက်သာ အရောင်းအဝယ်ဖြစ်နေကြပြီး တစ်ရက်လျှင် အိတ် ၂ဝ ကျော်ခန့် လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ဒီဇင်ဘာ မုံရွာ စွန်တာနီဈေးကွက် ဈေးအတက်အကျကြမ်းဆဲ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လလုံး ဈေးမဖွင့်ခဲ့တဲ့ စွန်တာနီဟာ ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၆၅ဝဝ ကျပ်ဈေးနဲ့ စဖွင့်ခဲ့ပြီး၊ ၈ ရက်နေ့မှာတော့ တစ်တင်း ၂၁ဝဝဝ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ ပါတယ်။ လုပ်ငန်းသမားနဲ့ ပဲလက်ဝယ်ရှိသူကို ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖွင့်ရောင်းဝယ်နေကြပြီး၊ ကြာဆံစက်သမား တွေ အဝယ် ရှိတဲ့နေ့မှာ တင်း ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ နယ်လက်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလ ထဲက မန္တလေးကို တင်း ၂၇ဝဝ ထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ထွန်းလှိုင်