Main menu

Background

Sunday, 12 Dec 2010

 ပဲလွန်းဖြူ အသစ် ဈေးကွက်ထဲစဝင် လက်ကျန်ဟောင်းထဲက တန် ၁ဝဝ ပင်လယ်ရေကြောင်းက တင်ပို့               ယခုတစ်ပတ်မှာ အခြားပဲ အုပ်စုတွေထဲမှာ ပဲလွန်းဖြူတစ်မျိုးသာ ပင်လယ်ရေကြောင်းက တင်ပို့မှု ရှိခဲ့ တာတွေ့ရပါတယ်။ ပဲဟောင်းလက်ကျန် ပြတ်သွားပြီး ပဲအသစ် မဝင်မီ စပ်ကူးမတ်ကူးကာလမှာ တင်ပို့မှု ခေတ္တရပ်သွားတာဖြစ်ပါတယ်။ အချို့ ဈေးကွက်တွေကို အစောပိုင်းစိုက် ပဲလွန်းဖြူ တွေ အနည်းအကျဉ်း ဝင်ရောက်မှုရှိပြီ လို့ သိရပါတယ်။ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်းမှာ တော့ ပဲလွန်းလက်ကျန် တန်ချိန် ၁ဝဝ ခန့်ကို ထိုင်း၊ ကိုရီးယားနဲ့ အင်ဒိုနီးရှားကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။                  နိုဝင်ဘာလ တစ်လလုံး ပဲလွန်းဖြူ တင်ပို့မှုကိုကြည့်ရင် တန်ချိန် ၅ဝဝ ကျော်သာရှိပြီး ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလမှာ တန်ချိန် ၁၂ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ရန်ကုန်FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပဲလွန်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 12 Dec 2010

ပြည်ဈေးကွက်သို့ ပဲစင်းငုံသစ်များ အဝင်များလာ           ပြည်ဈေးကွက်သို့ ဒီဇင်ဘာလပထမပတ်က အခြားတိုင်းမှ ပဲစင်းငုံများ အဝင်မရှိသော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်မှာတော့ အနည်းငယ်အဝင်ရှိတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှ အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်များ ဝင်ရောက်လာပြီး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ပြည်ဈေးကွက်သို့ တိုင်းအတွင်းရှိ ပန်းတောင်းမြို့နယ်မှ အဝင်များကြောင်း သိရပါတယ်။                                                                                               ဆုမွန်ဆွေ

Sunday, 12 Dec 2010

 ပဲစင်းငုံအသစ်ဝင်လာတော့မှာမို့ မန္တလေးဈေးကွက်မှာ အဟောင်းဈေးနိမ့်လာ                  မန္တလေး ဈေးကွက်မှာ ပဲစင်းငုံလက်ကျန်ရှိသူများက ပစ္စည်းအဟောင်း၊ အသစ် လဲချင်တဲ့အတွက် ရောင်းအားများခဲ့ပြီး၊ ပဲခွဲစက်များ အဝယ်ရှိကာ ခွဲခြမ်းအဖြစ် ရောင်းဝယ်တင်ပို့မှုများရှိကြောင်း သိရပါတယ်။ ရောင်းလိုအားက ပိုများတာကြောင့် ပဲစင်းငုံ ၃ တင်းတစ်အိတ်ကို ယခင် နိုဝင်ဘာနောက်ဆုံးပတ်က ၄၄၅ဝဝ ကျပ်၊ ၄၅ဝဝဝ ကျပ်ဈေးရှိရာမှ ယခု ဒီဇင်ဘာပထမပတ်အတွင်းမှာ ၄၁၅ဝဝ ကျပ်၊ ၄၂ဝဝဝ ကျပ်ထိ ဈေးနိမ့်လာတာကို တွေ့ရပါတယ်။ လတ်တလောမှာ ဈေးကွက်ကို ကျောက်ပန်းတောင်း၊ မကွေး၊ အောင်လံနဲ့ ရေနံချောင်း ဒေသများက ပဲစင်းငုံအသစ်များ နမူနာအနေနဲ့ အနည်းငယ်သာ ဝင်ရောက်နေကြောင်း သိရပြီး ဒီဇင်ဘာလကုန်ပိုင်းမှာမှ အဝင်လှိုင်လာမယ်လို့ ကုန်စည်ဒိုင် သတင်းအရ သိရပါတယ်။                                                                                                                            သက်သက်နိုင်

Sunday, 12 Dec 2010

နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမပတ်ကာလတူ အိန္ဒိယပဲစင်းငုံဈေး အနည်းငယ်မြင့်                 အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ လက်ကျန်များပြီး အထွက်ကောင်းတဲ့ မျှော်လင့်ချက်များ ရှိနေပေမဲ့ ဒီဇင်ဘာလ ပထမပတ်မှာ နိုဝင်ဘာ ပထမပတ် ဈေးထက် အနည်းငယ်ပိုလာပါတယ်။ ဈေးကွက်အချို့က ပဲအသစ်လည်း ဝင်ရောက်လာပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ပဲအဓိကစိုက်ပျိုးတဲ့ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ မိုးရွာသွန်းလို့ ပဲအချို့ ပျက်စီးမှုတွေရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ မနှစ်ကထက် ပဲစင်းငုံပိုထွက်မယ်လို့ ခန့်မှန်းနေဆဲဖြစ်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ကာလတူ မွန်ဘိုင်းဈေးကွက်နဲ့ C & F   ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                                     ဒေါ်လာ/တန်                                 မွန်ဘိုင်းဈေးကွက်     မွန်ဘိုင်း(C & F)၈-၁၂-၁ဝ                          ၆၈၇                         ၆၆၅၈-၁၁-၁ဝ                          ၆၈၅                        ၇၆ဝMIRT(MAPT)

Sunday, 12 Dec 2010

 ပဲစင်းငုံတင်ပို့မှု အနည်းငယ်တိုးတက်လာ            ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် ၂ဝဝဝ နီးပါးရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၂၆ဝဝ ကျော်ကို တိုးတက်လာတာတွေ့ရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ အိန္ဒိယရဲ့ ပဲစင်းငုံအများဆုံး စိုက်ပိုျးတဲ့ ပြည်နယ်တွေမှာ မိုးရွာသွန်းမှုကြောင့် သီးနံှအချို့ပျက်စီးမှုရှိလို့ အိန္ဒိယက အဝယ်ပြန်လိုက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဲကုန်သည် ကြီးများကတော့ အမြင့်ဈေး ပေးဝယ်လှောင်ထားကြတာဖြစ်လို့ လက်ရှိဈေးနဲ့ ထုတ်မရောင်း ကြသေးတာ ကြောင့် အရောင်းအဝယ်သွက်သွက်လက်လက် မဖြစ်ဘူးလို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး အချို့ဒေသတွေမှာ ပဲစင်းငုံအသစ် အနည်းငယ်စီ ဝင်ရောက်လာပြီလို့ သိရပါတယ်။ ပဲစင်းငုံတင်ပို့မှုကို လေ့လာရာမှာ ယခုနှစ် အောက်တိုဘာလမှာ တန်ချိန် ၇၅ဝဝ ခန့်တင်ပို့ခဲ့ပြီး နိုဝင်ဘာလမှာ တန်ချိန် ၄၃ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ်နိုဝင်ဘာလမှာတော့ တန်ချိန် ၅ဝဝ ကျော်သာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                                                                                                                                            ဒေါ်လာ/တန်                            ပဲစင်းငုံနီ               ပဲစင်းငုံဖြူနီ၊ အဖြူ၉-၁၂-၁ဝ            ၆၂ဝ-၉၃ဝ                  ၅၅ဝ-၅၆ဝ၂-၁၂-၁ဝ            ၆၆ဝ-၆၇ဝ                  ၅၇ဝ-၅၈ဝMIRT(MAPT)

Sunday, 12 Dec 2010

 ပုံမှန်အရောင်းအဝယ်ရှိပြီး ဈေးအေးတဲ့ ဟင်္သာတမတ်ပဲ                 ဟင်္သာတဈေးကွက်ရဲ့ မတ်ပဲဈေးဟာ ဒီဇင်ဘာပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၂၅၆၅ဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုဒီဇင်ဘာ ဒုတိယပတ်မှာ ၂၄၁ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ ဒေသတွင်း လှောင်လက် ကုန် သည် ကြီးများရဲ့ ရောင်းအားနဲ့ ရန်ကုန်ဝယ်လက်ကုန်သည်တို့ရဲ့ဝယ်အားကြောင့် မတ်ပဲတင်ပို့မှုအနေဖြင့် နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၁ဝဝဝ ခန့်တင်ပို့နိုင် တယ်လို့ သိရပါတယ်။                                                      အေးအေးခိုင်

Sunday, 12 Dec 2010

ဈေးအေးနေဆဲ ပြည်မတ်ပဲ             ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ဆောင်းသီးနံှမတ်ပဲကို စိုက်ပျိုးပြီးလုနီးပါးရှိနေတာကြောင့် မျိုးပဲဝယ်သူနည်းသွားပြီး ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေး သာရှိတယ်လို့ သိရပါတယ်။ မတ်ပဲဈေးကတော့ တဖြည်းဖြည်းနဲ့ အေးလာတာကို တွေ့ရပြီး ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၂၃၅ဝဝ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ်လက်လည်း အနည်းငယ်သာရှိပြီး ဒေသတွင်း အရောင်းအဝယ် ကတော့ အိတ် ၂ဝဝ-၃ဝဝ ခန့်ပုံမှန်သာ အရောင်းအဝယ် ရှိနေတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ပေါင်းတလည်၊ ဥသျှစ်ပင်မြို့များမှ တစ်နေ့ကို ပဲအိတ် ၁၅ဝ-၂ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်သို့ တင်ပို့မှုကတော့ ပြည်မှတစ်နေ့ကို အိတ် ၆ဝဝ၊ တိုင်းတွင်းအခြားမြို့နယ်များမှ အိတ် ၆၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။                                                                                                                                    မိမိအေး

Sunday, 12 Dec 2010

 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမပတ်ကာလတူ အိန္ဒိယမတ်ပဲဈေးလျော့လာ                   နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမပတ်ကာလတူ အိန္ဒိယမတ်ပဲဈေးလျော့လာ အိန္ဒိယပြည်တွင်း အဓိကဈေးကွက်များမှာ မတ်ပဲဈေးက နိုဝင်ဘာလ ပထမပတ်ထက် ဒီဇင်ဘာပထမပတ်မှာ ဈေးလျော့လာခဲ့ပါတယ်။ အိန္ဒိယပဲစိုက်ပျိုး တဲ့ ဒေသတွေမှာရိတ်သိမ်းစဉ် မိုးရွာသွန်းမှုတွေကြောင့် ဈေးကွက်ကို ဝင်ရောက်လာ တဲ့ အရည်အသွေးနိမ့် ပဲအသစ်များကို လျှော့ဈေးနဲ့ ရောင်းချလာတာ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းမတ်ပဲစိုက်ဧရိယာ တိုးတက်နေတာကြောင့်လည်း ဈေးကျဆင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F  ဈေးများ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                         ဒေါ်လာ/တန်                          မတ်ပဲ       မတ်ပဲ(C & F)၈-၁၂-၁ဝ              ၈၈၇              ၉၅၅၈-၁၁-၁ဝ              ၉၆ဝ          ၉၈ဝ-၁ဝဝဝMIRT(MAPT)

Sunday, 12 Dec 2010

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း တင်ပို့မှု မတ်ပဲတန် ၄ဝဝဝ ကျော်လာ           ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၄ဝဝဝ ကျော် တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်တွေထဲမှာ နယ်လှောင်လက်တွေက မျိုးပိုတွေ ထုတ် ရောင်းလာကြလို့ ရောင်းအားများပြီး ဝယ်လိုအားနည်းတာကြောင့် ဈေး အနည်းငယ် ပြန်ကျလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ပြည်ပပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ် တန်ဖိုး ကျဆင်းတာကြောင့်လည်း အရောင်းအဝယ်နည်း ဈေးကျလာ တာဖြစ်တယ် လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။            ယခုနှစ် နိုဝင်ဘာလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာတဲ့အခါ တန်ချိန် ၂၃၆ဝဝ ကျော်ရှိပြီး အောက်တိုဘာမှာ တန်ချိန် ၃၃ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရာမှာ တန်ချိန် ၅ သောင်းနီးပါး တင်ပို့ခဲ့လို့ ယခုနှစ် နိုဝင်ဘာတင်ပို့မှုဟာ ထက်ဝက်ခန့် လျော့ကျ လာတာတွေ့ရပါတယ်။ ပြောင်းလဲမှုရှိတဲ့ ရန်ကုန်FOB  ဈေးများကို ယခင်တစ် ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                                                  ဒေါ်လာ/တန်                            မတ်ပဲ(FAQ)                             မတ်ပဲ(SQ) ၉-၁၂-၁ဝ                 ၉ဝဝ-၉၁ဝ                          ၁၁၁ဝ-၁၁၂ဝ ၂-၁၂-၁ဝ                 ၉၄ဝ-၉၅ဝ                          ၁၁၆ဝ-၁၁၇ဝ MIRT(MAPT)

Pages