Main menu

Background

Sunday, 12 Dec 2010

 ပြည်ပဲတီစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း            ပြည်ဈေးကွက်အတွင်း ယခုဒီဇင်ဘာဒုတိယပတ်မှာ ယခင်အပတ်ကထက် ပဲတီစိမ်းများ အဝင်များလာခဲ့ ပါတယ်။ တစ်ရက်ကို အိတ် ၁၅ဝဝ နီးပါးအဝင်ရှိခဲ့ပြီး၊ ဈေးနှုန်းကတော့ တဖြည်းဖြည်းကျဆင်းနေတာကိုတွေ့ရ ပါတယ်။ နိုဝင်ဘာလ အတွင်း ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းလျှင် ၃ဝဝဝဝ ကျပ်ထိ ဈေးကောင်းခဲ့ပြီး ဒီဇင်ဘာ လဆန်းမှစ၍ ပဲတီစိမ်းများ အဝင်များလာသလို မိုးပဲတီစိမ်းလက်ကျန်များလည်းရှိခဲ့တာကြောင့် ဈေးကျသွားကြောင်း သိရပါတယ်။ ၎င်းပဲတီစိမ်း လက်ကျန်များမှာ အရည်အသွေးပေါ်မူတည်၍ တစ်တင်းလျှင် ၁၈ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ ယခုဝင်ရောက်လာသော ပဲတီစိမ်း အသစ်များမှာ တစ်တင်းလျှင် ၂၄၅ဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ အိတ် ၁၅၅ဝ ခန့် တင်ပို့ခဲ့တယ်လို့သိရပါတယ်။ အိရွှေစင် 

Sunday, 12 Dec 2010

နိုဝင်ဘာလထက် ဒီဇင်ဘာလ ကာလတူ ပထမပတ် အိန္ဒိယ ပဲတီစိမ်းဈေးအနည်းငယ်မြင့်             အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေဝင်ရောက်လာပြီဖြစ်ပေမဲ့ အရည်အသွေးညံ့ဖျင်းမှုကြောင့် အရည်အသွေးကောင်းတဲ့ ပဲအသစ်များ ပြည်ပကတင်သွင်းနေရတဲ့အတွက် ဈေးမြင့်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လတ်တလော ပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆောင်းပဲတီစိမ်းစိုက်ပျိုးမှု အခြေအနေကလည်း ကောင်းနေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမပတ်ကာလတူ ချန်နိုင်းဈေးကွက်နဲ့ ဒေလီဈေးကွက်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးများနှုန်းယှဉ်ဖော်ပြလိုက်ပါတယ်-                   ချန်နိုင်းဈေးကွက်          ဒေလီ၈-၁၂-၁ဝ            ၁ဝ၂ဝ                 ၁ဝ၆၄၈-၁၁-၁ဝ           ၉၉၄               ၁ဝ၁၇-၁ဝ၃၉MIRT (MAPT)

Sunday, 12 Dec 2010

ဆောင်းပဲတီစိမ်းအသစ်ထွက် လက်ကျန်များအရောင်းတက်                     ပြည်တွင်းမှာ ဆောင်းပဲတီစိမ်းအသစ်များထွက်ရှိနေပြီဖြစ်တဲ့အတွက် လက်ကျန်ပဲတီစိမ်းများအားပိုမို တင်ပို့နိုင်လျက် ရှိပါတယ်။ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း တန်ချိန် ၁၁၈ဝ ခန့် ကန်ဒေါ်လာ ၁ ဒသမ ၁၁ သန်းဖိုး၊ ပဲတီစိမ်း လုံးခြမ်း ၃၁၉ တန် ကန်ဒေါ်လာ ဝ ဒသမ ၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း တန် ၄၈ဝ နဲ့ ပဲတီစိမ်း လုံးခြမ်း ၂၃၂ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်းတင်ပို့နိုင်မှုဟာ သိသိသာသာ ပိုမိုခဲ့တယ်လို့သိရပါတယ်။ FOB မူဆယ်ပေါက်ဈေးများကတော့ ပဲတီစိမ်းတစ်တန်ကို ၁ဝ၈၃၄၉၂ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံရွှေလီ ပေါက်ဈေးက ၈၁၈ဝ ယွမ် ( ၁၂၃ဝ ဒေါ်လာ) ဈေးပေါက်တယ်လို့သိရပါတယ်။ MIRT (DOBT)  

Sunday, 12 Dec 2010

ပဲတီစိမ်း တန် ၂ဝဝဝ ခန့်သာ တင်ပို့မှုရှိ              ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၂၆ဝဝ ခန့်တင်ပို့မှုရှိခဲ့ရာမှ ယခု (ဒီဇင်ဘာ ပထမပတ်) အတွင်းမှာတော့ တန်ချိန် ၂ဝဝဝ ခန့် သာတင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းမှ တရုတ်ဘက်က အဆွဲနည်း သလို အိန္ဒိယဘက်ကလည်း အဝယ်အေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မန္တလေးဘက်က ထွက်ရှိတဲ့  အညာပဲတီစိမ်းအချို့တော့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ကျန်မရှိသလောက်နည်းတဲ့ ပဲတီစိမ်းအတွက် ဈေးကွက်အရောင်းအဝယ်က စိုးရိမ်စရာမရှိဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ နိုဝင်ဘာလအတွင်း ပဲတီစိမ်းတင်ပို့မှုအနေနဲ့ တန်ချိန် တစ်သောင်းနီးပါး ရှိပြီး အောက်တိုဘာလမှာ တန်ချိန် တစ်သောင်းကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ တင်ပို့မှုကို လေ့လာရာမှာတော့ တန်ချိန် ၁၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် နိုဝင်ဘာလမှာ အနည်းငယ် လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲတီစိမ်း(အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ- ၉၆ဝ နဲ့ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။                                                                                                                       MIRT - MAPT 

Sunday, 12 Dec 2010

ဟင်္သာတဈေးကွက် ပဲလွန်းဖြူ သစ်များ အနည်းငယ်ဝင်လာပြီ               ဟင်္သာတ ဈေးကွက်သို့ ပဲလွန်းဖြူသစ်မှာ ဒီဇင်ဘာလဆန်းမှစ၍ အနည်းငယ်စီ ဝင်ရောက်လာပါတယ်။ ဒီနှစ်မှာ ပဲအဟောင်းက တစ်တင်းကို ၂၃၅ဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး၊ ယခုပဲ သစ်တစ်တင်းကို ၂၁ဝဝဝ ကျပ်နဲ့ ဈေး ဖွင့်ခဲ့တယ်လို့သိရပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဒေသများနဲ့ ဟင်္သာတ ခရိုင်အတွင်း မြို့နယ်များမှ ဟင်္သာတမြို့ ကမ်းနားပွဲရုံများသို့ တစ်နေ့ကို ပိဿာ ၂ဝ ဝင် အိတ် ၅ဝ ခန့် လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ အေးအေးခိုင်

Sunday, 12 Dec 2010

ယခင်နှစ်ထက် ဈေးကောင်းရတဲ့ ပြည် ပဲလွန်းဖြူ                  ပြည် ပဲဈေးကွက်မှာ ပဲလွန်းဖြူ ဈေးဟာ ပဲတစ်တင်းကို ၂၃ဝဝဝ ကျပ်ဈေးနဲ့ ဈေးဖွင့်ပြီး ယခု တစ်ပတ်မှာတော့ ပဲတစ်တင်းကို ၂၄ဝဝဝ ကျပ်နဲ့ ဈေးမြင့်လာခဲ့ပါတယ်။ ယခုနှစ် ပဲတစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ ဈေးစဖွင့်တာကြောင့် ယခင်နှစ်ထက် ဈေးကောင်းတယ်လို့ ပဲကုန်သည် တစ်ဦးက ပြောပါတယ်။ ဟင်္သာတ၊ နတ်တလင်း (တာပွန်)၊ မင်းလှမြို့များမှ ပြည်မြို့ရှိ ပွဲရုံများသို့ တစ်နေ့ကို အိတ် ၁ဝဝ ခန့်အဝင်ရှိပြီး မြို့တွင်း အရောင်း အဝယ်ကတော့ အနည်းငယ်သာ ရှိတယ် လို့ သိရပါတယ်။ မိမိအေး

Sunday, 12 Dec 2010

 ပဲလွန်းဖြူ အသစ် ဈေးကွက်ထဲစဝင် လက်ကျန်ဟောင်းထဲက တန် ၁ဝဝ ပင်လယ်ရေကြောင်းက တင်ပို့               ယခုတစ်ပတ်မှာ အခြားပဲ အုပ်စုတွေထဲမှာ ပဲလွန်းဖြူတစ်မျိုးသာ ပင်လယ်ရေကြောင်းက တင်ပို့မှု ရှိခဲ့ တာတွေ့ရပါတယ်။ ပဲဟောင်းလက်ကျန် ပြတ်သွားပြီး ပဲအသစ် မဝင်မီ စပ်ကူးမတ်ကူးကာလမှာ တင်ပို့မှု ခေတ္တရပ်သွားတာဖြစ်ပါတယ်။ အချို့ ဈေးကွက်တွေကို အစောပိုင်းစိုက် ပဲလွန်းဖြူ တွေ အနည်းအကျဉ်း ဝင်ရောက်မှုရှိပြီ လို့ သိရပါတယ်။ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်းမှာ တော့ ပဲလွန်းလက်ကျန် တန်ချိန် ၁ဝဝ ခန့်ကို ထိုင်း၊ ကိုရီးယားနဲ့ အင်ဒိုနီးရှားကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။                  နိုဝင်ဘာလ တစ်လလုံး ပဲလွန်းဖြူ တင်ပို့မှုကိုကြည့်ရင် တန်ချိန် ၅ဝဝ ကျော်သာရှိပြီး ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလမှာ တန်ချိန် ၁၂ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ရန်ကုန်FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပဲလွန်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 12 Dec 2010

ပြည်ဈေးကွက်သို့ ပဲစင်းငုံသစ်များ အဝင်များလာ           ပြည်ဈေးကွက်သို့ ဒီဇင်ဘာလပထမပတ်က အခြားတိုင်းမှ ပဲစင်းငုံများ အဝင်မရှိသော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်မှာတော့ အနည်းငယ်အဝင်ရှိတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှ အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်များ ဝင်ရောက်လာပြီး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ပြည်ဈေးကွက်သို့ တိုင်းအတွင်းရှိ ပန်းတောင်းမြို့နယ်မှ အဝင်များကြောင်း သိရပါတယ်။                                                                                               ဆုမွန်ဆွေ

Sunday, 12 Dec 2010

 ပဲစင်းငုံအသစ်ဝင်လာတော့မှာမို့ မန္တလေးဈေးကွက်မှာ အဟောင်းဈေးနိမ့်လာ                  မန္တလေး ဈေးကွက်မှာ ပဲစင်းငုံလက်ကျန်ရှိသူများက ပစ္စည်းအဟောင်း၊ အသစ် လဲချင်တဲ့အတွက် ရောင်းအားများခဲ့ပြီး၊ ပဲခွဲစက်များ အဝယ်ရှိကာ ခွဲခြမ်းအဖြစ် ရောင်းဝယ်တင်ပို့မှုများရှိကြောင်း သိရပါတယ်။ ရောင်းလိုအားက ပိုများတာကြောင့် ပဲစင်းငုံ ၃ တင်းတစ်အိတ်ကို ယခင် နိုဝင်ဘာနောက်ဆုံးပတ်က ၄၄၅ဝဝ ကျပ်၊ ၄၅ဝဝဝ ကျပ်ဈေးရှိရာမှ ယခု ဒီဇင်ဘာပထမပတ်အတွင်းမှာ ၄၁၅ဝဝ ကျပ်၊ ၄၂ဝဝဝ ကျပ်ထိ ဈေးနိမ့်လာတာကို တွေ့ရပါတယ်။ လတ်တလောမှာ ဈေးကွက်ကို ကျောက်ပန်းတောင်း၊ မကွေး၊ အောင်လံနဲ့ ရေနံချောင်း ဒေသများက ပဲစင်းငုံအသစ်များ နမူနာအနေနဲ့ အနည်းငယ်သာ ဝင်ရောက်နေကြောင်း သိရပြီး ဒီဇင်ဘာလကုန်ပိုင်းမှာမှ အဝင်လှိုင်လာမယ်လို့ ကုန်စည်ဒိုင် သတင်းအရ သိရပါတယ်။                                                                                                                            သက်သက်နိုင်

Sunday, 12 Dec 2010

နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမပတ်ကာလတူ အိန္ဒိယပဲစင်းငုံဈေး အနည်းငယ်မြင့်                 အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ လက်ကျန်များပြီး အထွက်ကောင်းတဲ့ မျှော်လင့်ချက်များ ရှိနေပေမဲ့ ဒီဇင်ဘာလ ပထမပတ်မှာ နိုဝင်ဘာ ပထမပတ် ဈေးထက် အနည်းငယ်ပိုလာပါတယ်။ ဈေးကွက်အချို့က ပဲအသစ်လည်း ဝင်ရောက်လာပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ပဲအဓိကစိုက်ပျိုးတဲ့ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ မိုးရွာသွန်းလို့ ပဲအချို့ ပျက်စီးမှုတွေရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ မနှစ်ကထက် ပဲစင်းငုံပိုထွက်မယ်လို့ ခန့်မှန်းနေဆဲဖြစ်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ကာလတူ မွန်ဘိုင်းဈေးကွက်နဲ့ C & F   ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                                     ဒေါ်လာ/တန်                                 မွန်ဘိုင်းဈေးကွက်     မွန်ဘိုင်း(C & F)၈-၁၂-၁ဝ                          ၆၈၇                         ၆၆၅၈-၁၁-၁ဝ                          ၆၈၅                        ၇၆ဝMIRT(MAPT)

Pages