Main menu

Background

Monday, 15 Nov 2010

 ပြည်တွင်းလက်ကျန်နည်းချိန် နယ်စပ်ဈေးကောင်း၍ ပင်လယ်ရေကြောင်း အပို့လျော့      ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၃ဝဝဝ ခန့် ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၄ ရက်မှ ၁ဝ ရက်) မှာတော့ တန် ၂ဝဝဝ အောက်ကို လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပဲတီစိမ်းကို အခြားနိုင်ငံတွေက ဝယ်လိုအား ရှိနေပေမဲ့ တရုတ်ဘက်က ဈေးမြင့်ပေးဝယ်ယူမှုကြောင့် နယ်စပ်ဝယ်လိုအား များနေတာကြောင့် ပင်လယ် ရေကြောင်းက တင်ပို့မှုလျော့ကျနေတာဖြစ်ပါတယ်။ တရုတ်ဝယ်လက်ကတော့ အရည်အသွေးပေါ်မူတည်ပြီး၊ အဆွဲရှိနေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB  ဈေးကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                    ဒေါ်လာ/တန်                  ပဲတီစိမ်း (အညာ)            ပဲတီစိမ်း (ပခုက္ကူ)                 ပဲတီရွှေဝါ၁၁-၁၁-၁ဝ      ၉၅ဝ-၉၆ဝ                    ၉၇ဝ-၉၈ဝ                   ၁၂၅ဝ-၁၂၆ဝ၁၁-၁ဝ-၁ဝ      ၉၃ဝ-၉၄ဝ                    ၉၇ဝ-၉၈ဝ                   ၁၂ဝဝ-၁၂၂ဝ                                                                                                                                   MIRT(MAPT)

Monday, 15 Nov 2010

 အိန္ဒိယ MMTC  မှ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်    အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ MMTC  ကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ နိုဝင်ဘာလ ၉ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်သွင်းမယ့် ပဲများကတော့ သြစတြေးလျ ကုလားပဲတန်ချိန် ၃ဝဝဝ၊ မြန်မာမတ်ပဲတန်ချိန် ၆ဝဝဝ နဲ့ ပဲစင်းငုံ တန်ချိန် ၃ဝဝဝ ဖြစ်ပြီး ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့လည်း  စီစဉ်နေတယ်လို့ သိရပါတယ်။ တင်ဒါနောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁၈ ရက်ဖြစ်တယ်လို့ သိရပါတယ်။                     ယမင်းခင်၊ှSources: Ticker News

Monday, 15 Nov 2010

ပြည်မှာလည်း ဈေးလှုပ်    ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဆောင်းသီးနံှမတ်ပဲရဲ့ လျာထားဧက ၅ သိန်း ၁ သောင်းကျော် ရှိခဲ့ပြီး လက်ပံတန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တွေရဲ့ စပါးရိတ်ပြီးတဲ့လယ်မြေတွေမှာဧက ၈ဝဝဝ ခန့် စိုက်ပျိုးပြီးပြီးလို့ သိရပါတယ်။ ပြည်မြို့မှာ မတ်ပဲမျိုး တစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ မြို့တွင်း ပဲရောင်းဝယ်သူ တွေကတော့ ယခင်တစ်ပတ်ကထက် ဈေးမြင့်လာပြီး ပဲတစ်တင်းကို ၂၅၅ဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်နဲ့ ဈေးပြန်လှုပ်လာ တာကိုတွေ့ရပါတယ်။ တစ်နေ့ကို တစ်တင်းခွဲအိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းတွင်းအခြားမြို့နယ်များမှ ရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၁၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ တစ်ချို့ရက်တွေမှာတော့ မကွေးမြို့သို့လည်း မတ်ပဲအိတ် ၄ဝဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။                                                                                   မိမိအေး

Monday, 15 Nov 2010

ဟင်္သာတမတ်ပဲ ဈေးလှုပ်    ဟင်္သာတရဲ့ မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်တက်လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၄၆ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ် မတ်ပဲဈေးမှာ ၂၆၂ဝဝ ကျပ်ဈေးသို့ မြင့်တက်လာခဲ့ပါတယ်။ ပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ရန်ကုန်ဝယ်လက်လည်း ပုံမှန်ရှိနေပြီး နေ့စဉ်ဖြစ်ပေါ် နေသောဈေးများဖြင့် ဘုရင့်နောင် ဈေးကွက်သို့ ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                     အေးအေးခိုင်

Monday, 15 Nov 2010

အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် အိန္ဒိယမတ်ပဲဈေး ကွာဟမှုနည်း    အိန္ဒိယပြည်တွင်း မတ်ပဲဈေးကွက်တွေမှာ အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် ဈေးကွာဟမှုနည်းတာ တွေ့ရပါ တယ်။ တစ်လအတွင်းဈေးနှုန်းအပြောင်းအလဲရှိပေမဲ့ ကုန်သည်များနဲ့ ပဲခွဲစက်များ အဝယ်ရှိနေတာကြောင့် ဈေးမာနေ တာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ပဲအများဆုံးစိုက်တဲ့ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းလို့ ပဲပျက်စီးမှုတွေရှိပေမဲ့ အခြားဒေသတွေမှာ အထွက်ကောင်းတယ်လို့ သိရပါတယ်။ ကာလတူ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                     ဒေါ်လာ/တန်                      မွန်ဘိုင်းဈေးကွက်                 မွန်ဘိုင်း(C&F)၁၁-၁၁-၁ဝ            ၉၈၃                                  ၉၉၈၁၁-၁ဝ-၁ဝ          ၉၆၅-၉၇၁                            ၁ဝဝဝ                                                                                                                                    MIRT(MAPT)

Monday, 15 Nov 2010

နယ်စပ်အပို့အနည်းငယ်နှင့် ပုံမှန်ရှိ     ယခုအပတ်မှာ မူဆယ်နယ်စပ်မှ မတ်ပဲ တန် ၁၅ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၆၇၂ဝဝ ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာဖြစ်လို့ နည်းနည်းနဲ့ ပုံမှန်တင်ပို့နေတဲ့ သဘောတွေ့ရပါတယ်။နယ်စပ်စခန်းအနေနဲ့ ဧပြီလနဲ့မေလများမှာ တန်ချိန် ၈ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ဇွန်မှ အောက်တိုဘာလထိ ကာလများမှာ တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာလ နောက်ဆုံးပတ်မှာ ပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။             တင်တင်ထွန်း (MIRT )

Monday, 15 Nov 2010

တစ်ပတ်အတွင်း တန် ၃ဝဝဝကျော်သာ ပင်လယ်ရေကြောင်းက တင်ပို့    ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းကနေ မတ်ပဲတန်ချိန် ၇ဝဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၄ ရက်မှ ၁ဝ ရက်)အတွင်းမှာတော့တန်ချိန် ၃ဝဝဝကျော်ကို ဆက်လက်လျော့ကျခဲ့ပါတယ်။ ပြည်ပ အဝယ် အသင့်အတင့်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့် ကုန်သည်များ ရောင်းချမှုနည်းတာကြောင့် တင်ပို့မှု လျော့ကျခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုသီတင်းပတ်အတွင်းမှာတော့ ဈေးကွက်တွေမှာ အရောင်းအဝယ် ပြန်သွက်လာတာကြောင့်လာမယ့် သီတင်းပတ်မှာတော့ တင်ပို့မှု ပိုလာနိုင်တယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။  အရောင်းအဝယ် သွက်လာတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း မြင့်တက်လာတာကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                    ဒေါ်လာ/တန်                     မတ်ပဲ(FAQ)             မတ်ပဲ(SQ)၁၂-၁၁-၁ဝ     ၉၈ဝ-၉၉ဝ               ၁၁၈ဝ-၁၁၉ဝ၄-၁၁-၁ဝ       ၉၃ဝ-၉၄ဝ               ၁၁၁ဝ-၁၁၂ဝ                                                                                                                                        MIRT(MAPT)

Monday, 15 Nov 2010

 အဝယ်ရှိလို့ ဈေးလှုပ်လာတဲ့ မန်းပဲစင်းငုံဈေးကွက်     မန်းဈေးကွက်အတွင်းမှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက် လုပ်ငန်းရှင်များ အဝယ်ရှိတာကြောင့် ယခုတစ်ပတ်အတွင်းမှာ ဈေးအနည်းငယ် မြင့်လာ တာ တွေ့ရပါတယ်။ နိုဝင်ဘာလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၁၇ ကျပ်၊ တစ်တန် ၅ဝ၃၂၃ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၇၅၈ ကျပ်၊ တစ်တန် ၄၆၄၁၉၂ ကျပ် ဈေးတို့ဖြင့်သာ အရောင်းအဝယ်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပဲစင်းငုံနီ တစ်ပိဿာ ၈၈၂ ကျပ်၊ တစ်တန် ၅၄ဝ၁၂၈ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၈ဝ၃ ကျပ်၊ တစ်တန် ၄၉၁၇၄၉ ကျပ်သို့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ အောက်တိုဘာလအတွင်းက အရောင်းအဝယ်အေးနေတဲ့ ပဲစင်းငုံဟာ ယခုနိုဝင်ဘာ လမှာတော့ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များအပြင် ရန်ကုန်ဝယ်လက်တို့ပါ ဝယ်ယူမှု ရှိလာတာကြောင့် အရောင်းအဝယ်လှုပ်လာပြီး ဈေးအနည်းငယ်မာလာတာ ဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ပြောကြကြောင်း သိရပါတယ်။                                                    ကျော်ကျော်မိုး

Monday, 15 Nov 2010

 ပြည်ပဲစင်းငုံဈေးငြိမ် အရောင်းအဝယ်မဖြစ်     ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ပိဿာ ၂ဝ တစ်တင်းကို ၁ဝဝဝ ကျပ်ဈေးလျော့နည်းတယ်လို့ သိရပါတယ်။ ယခုနိုဝင်ဘာလ ဒုတိယပတ်မှာတော့ အခြားတိုင်းမှ အဝင်မရှိသလို အခြားတိုင်းသို့လည်း တင်ပို့မှု မရှိသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇ဝဝဝ ကျပ်ဈေးရှိကာ ဝယ်လိုအားရှိသော်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။                                                                                        ဆုမွန်ဆွေ

Monday, 15 Nov 2010

်ဆွတ်ခူး ချိန် နောက်ကျနိုင်တဲ့ ကယားပြည်ရဲ့ ပဲစင်းငုံ     ကယားပြည်နယ်ရဲ့ ပဲစင်းငုံကို ယခုနှစ်မှာ ဧက ၁ဝ၁ဝဝ ခန့် စိုက်ပျို းခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံကို ယခင်နှစ်များက ဧပြီ၊ မေလများမှာ စိုက်ပျိုးကြ ပေမဲ့ ယခုနှစ်မှာ ရာသီတု အခြေအနေအရ ဇွန်၊ ဇူလိုင်လ များမှသာ စိုက်ပျိျုးနိုင်ခဲ့တဲ့ အတွက် ပုံမှန်ဆွတ်ခူးချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများမှာ ဆွတ်ခူးနိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီလမှသာ ဆွတ်ခူးနိုင်မယ်လို့ စိုက်ပျိုးတဲ့ တောင်သူတွေကဆိုပါတယ်။ ယမန်နှစ်က လွိုင်ကော်မြို့မှ ဝယ်လက်ရှိရာ မြို့ကြီးများသို့ တန်ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ပြီး ယခုနှစ်မှာလည်း ယမန်နှစ်ကထက် မလျော့နည်းဘဲ တင်ပို့နိုင်မယ်လို့ ပဲစင်းငုံအပွင့်များ '' ပန်းပြ'' နေပုံကို ကြည့်ပြီးစိုက်ပျိုးသူ တောင်သူတို့က ပြောကြ ကြောင်း သိရပါတယ်။                                                                                        TKO

Pages