Background
ပြည်ပဲစင်းငုံဈေးငြိမ် အရောင်းအဝယ်မဖြစ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ပိဿာ ၂ဝ တစ်တင်းကို ၁ဝဝဝ ကျပ်ဈေးလျော့နည်းတယ်လို့ သိရပါတယ်။ ယခုနိုဝင်ဘာလ ဒုတိယပတ်မှာတော့ အခြားတိုင်းမှ အဝင်မရှိသလို အခြားတိုင်းသို့လည်း တင်ပို့မှု မရှိသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇ဝဝဝ ကျပ်ဈေးရှိကာ ဝယ်လိုအားရှိသော်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ
်ဆွတ်ခူး ချိန် နောက်ကျနိုင်တဲ့ ကယားပြည်ရဲ့ ပဲစင်းငုံ ကယားပြည်နယ်ရဲ့ ပဲစင်းငုံကို ယခုနှစ်မှာ ဧက ၁ဝ၁ဝဝ ခန့် စိုက်ပျို းခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံကို ယခင်နှစ်များက ဧပြီ၊ မေလများမှာ စိုက်ပျိုးကြ ပေမဲ့ ယခုနှစ်မှာ ရာသီတု အခြေအနေအရ ဇွန်၊ ဇူလိုင်လ များမှသာ စိုက်ပျိျုးနိုင်ခဲ့တဲ့ အတွက် ပုံမှန်ဆွတ်ခူးချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများမှာ ဆွတ်ခူးနိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီလမှသာ ဆွတ်ခူးနိုင်မယ်လို့ စိုက်ပျိုးတဲ့ တောင်သူတွေကဆိုပါတယ်။ ယမန်နှစ်က လွိုင်ကော်မြို့မှ ဝယ်လက်ရှိရာ မြို့ကြီးများသို့ တန်ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ပြီး ယခုနှစ်မှာလည်း ယမန်နှစ်ကထက် မလျော့နည်းဘဲ တင်ပို့နိုင်မယ်လို့ ပဲစင်းငုံအပွင့်များ '' ပန်းပြ'' နေပုံကို ကြည့်ပြီးစိုက်ပျိုးသူ တောင်သူတို့က ပြောကြ ကြောင်း သိရပါတယ်။ TKO
အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အတွင်း အိန္ဒိယ ပဲစင်းငုံဈေး လျော့ကျနှုန်းနည်းလာ အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ပဲစင်းငုံဈေးနှုန်းဟာ အောက်တိုဘာ လဆန်းနဲ့ နိုဝင်ဘာလဆန်းအတွင်း ကွာခြားမှု တစ်တန်ကိုကန်ဒေါ်လာ ၁ဝဝ ကျော် ၂ဝဝ နီးပါးထိရှိခဲ့ပေမဲ့ ကာလတူလလယ် ကွာခြားမှုနှုန်းမှာ ကန်ဒေါ်လာ ၅ဝ ကို လျော့ကျလာပါတယ်။ ယခုနောက်ပိုင်းဈေးနှုန်းလျော့ကျပေမဲ့ တစ်ပတ်နဲ့ တစ်ပတ် လျော့ကျနှုန်း မများဘဲ တည်ငြိမ်သလောက်ရှိလာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း အဝယ်တက်လာတာကြောင့်လည်း ဈေးဆက်မကျဘဲ ငြိမ်နေတာဖြစ်ပါတယ်။ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း၁၁-၁၁-၁ဝ ၇၁၂ ၇ဝဝ-၇၂ဝ၁၁-၁ဝ-၁ဝ ၇၇၃ ၈၁ဝ MIRT(MAPT)
ပဲစင်းငုံ တင်ပို့မှု ဆက်လက်လျော့ကျ၊ ပြည်တွင်း ကြာဇံသမားဝယ နိုဝင်ဘာလ ၃ ရက်မှ ၁ဝ ရက်ထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း က ပဲစင်းငုံတန်ချိန် ၃ဝဝ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၁ဝဝဝ ဝန်းကျင်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ်မှာ အနည်းဆုံး ပမာဏကို လျော့ကျခဲ့ပါတယ်။ အိန္ဒိယဝယ်လက်များက ဈေးလျှော့အဝယ်ရှိပေမဲ့ ပြည်တွင်း ကုန်သည်များ ဈေးမကိုက်လို့ ထုတ်ရောင်းမှုနည်းတာကြောင့်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု လျော့ကျပေမဲ့ ပြည်တွင်းဈေးကွက် ကြာဇံစက်များကတော့ အခြားပဲ ဈေးတွေထက် ဈေးသက်သာတဲ့ ပဲစင်းငုံကြားကို ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ဈေးဖြစ်တဲ့ ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ နဲ့ ပဲစင်းငုံဖြူနီ၊ အဖြူ တစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ-၅၈ဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
အိန္ဒိယပဲမျိုးစုံအထွက် တန်ချိန် ၁၉သန်းထိ ရှိနိုင် အိန္ဒိယနိုင်ငံရဲ့ ယခုနှစ် ပဲမျိုးစုံထွက်ရှိမှုဟာ မုတ်သုံမိုးကောင်း ခဲ့တာ ကြောင့် ရည်မှန်းပမာဏထက် ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုရာသီအတွင်း ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၅ သန်းထုတ်လုပ်ဖို့ ရည်မှန်း ထားပေမဲ့ တန်ချိန် ၁၉ ဒသမ ဝ၈ သန်းခန့် ထိ ထွက်ရှိနိုင်တယ်လို့ အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ ပြည်နယ်များမှ အစီရင်ခံတင်ပြထားတယ်လို့ အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ပီကေဘာဆူက ပြောကြားပါတယ်။ ပဲအထွက် မျှော်မှန်းထားတာထက် ပိုမိုခြင်းက ပဲတင်သွင်းမှုကို လျော့ကျ စေပြီး ငွေကြေးဖောင်းပွမှုကိုလည်း သက်သာစေနိုင်လိမ့်မယ်လို့ ဆက်လက် ပြောကြားပါတယ်။ အစိုးရက ပဲမျိုးစုံရဲ့ပြည်နယ်သတ်မှတ်ဈေးနှုန်း ကို ၂ဝ ရာခိုင်နှုန်း တိုးမြှင့်ပေးလိုက်ခြင်းနဲ့ မျိုးစေ့နဲ့ ဓါတ်မြေသြဇာထောက်ပံ့မှု တိုးမြှင့် ပေးလိုက်တာကြောင့် လယ်သမားတွေ ပိုမိုစိုက်ပျိုးလာကြတဲ့အတွက် ဇွန်လ အထိ တစ်နှစ်ပတ်လုံး ထွက်ရှိမှုကို နှစ်စဉ်ရည်မှန်းပမာဏထက် တန်ချိန် ၅ သိန်းကျော်လွန်မယ်လို့ ၎င်းတို့အနေနဲ့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါ တယ်။ အိန္ဒိယမိုးပဲအထွက်ဟာ ယခုနှစ်မှာ တန်ချိန် ၆ သန်းကို ၃၉ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးဖြစ်သလို ဆောင်းပဲအထွက်ကိုလည်း တန်ချိန် ၁၁ သန်း ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဆောင်းစိုက်ပဲတွေထဲမှာ ကုလားပဲ ဖြူလုံးကြီးဟာ အဓိကပဲ ဖြစ်ပါတယ်။ မိုးပဲကို အောက်တိုဘာမှာ ရိတ်သိမ်းပြီး ဆောင်းပဲကိုတော့ ဧပြီလမှာ အပြီးရိတ်သိမ်းပါတယ်။ ယမင်းခင်၊
လက်ကျန်နည်းလာပြီး ဈေးတက်လာတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်အတွင်း ပဲမျိုးစုံ လက်ကျန်နည်းလာပြီဖြစ်လို့ ပဲနီပြားမှာ လည်းလက်ကျန်နည်းလာပြီဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း လက်လီလက်ကားသမားများဖြင့် အရောင်းသွက်ခဲ့သလို ယခုနိုဝင်ဘာ လဆန်းပိုင်းမှာလည်း လက်ကားထက် လက်လီ ဝယ်ယူသူများဖြင့် အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အောက်တိုဘာ နောက်ဆုံးပတ်က တစ်တင်းလျှင် ၂၆ဝဝဝ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုနိုဝင်ဘာပထမပတ်မှာ တစ်တင်းလျှင် ၂၇ဝဝဝ ကျပ်ဈေးရှိခဲ့လို့ တစ်တင်းကို ၁ဝဝဝ ကျပ်ဈေး မြင့်တက်လာကာ တစ်ရက်လျှင် ၁၅ အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဘိုကိတ်ပဲစိုက်ပျိုးနေပြီ ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဘိုကိတ်ပဲဧက ၂၅ဝဝ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်မှာ ဘိုကိတ်ပဲလက်ကျန်များ မရှိသလောက်ဖြစ်ခဲ့ပေမယ့် မျိုးသမားအချို့အဝယ်ရှိခဲ့တာကြောင့် တစ်ရက်ကို ၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ဈေးနှုန်းကတော့ တစ်တင်း ၃ဝဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည် (ကမ်းနား) ပဲကြီး ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအနောက်မှာ ပဲကြီး စိုက်ဧက ၂၉ဝဝဝ ခန့် စိုက်ပျိုးရန် လျာ ထားပြီး ယခုနိုဝင်ဘာလဆန်းထိ ဧက ၅ဝဝ ကျော် စိုက်ပိုျးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးမှာ လက်ကျန်များ သေးသော်လည်း၊ ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း)မှာ တစ်ခါတစ်ရံမှအရောင်းအဝယ်ဖြစ်ပါတယ်။ ပဲကြီး (ကမ်းနား) မှာတစ်တင်းလျှင် ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်ရှိခြဲ့ပီး၊ ပဲကြော်လုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိတာ ကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် ရောင်းဝယ်ခဲ့ကြပြီး တင်ပို့မှုအနေနဲ့ အောက်တိုဘာလအတွင်း ရန်ကုန်သို့ အိတ် ၃ဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲလွန်းဖြူ အတင် တန် ၂ဝဝ သာ ရှိ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းတင်ပို့မှု တန် ၁ဝဝ အောက်ကျခဲ့တဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (အောက်တို ဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာ တန်ချိန် ၂ဝဝခန့်တင်ပို့မှုရှိခဲ့ပါတယ်။ အဓိကတင်ပို့တာကတော့ အိန္ဒိယ၊ ထိုင်းနဲ့ ကိုရီးယားတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၈၅ဝ ခန့်သာရှိပြီး စက်တင်ဘာလ တင်ပို့မှုတန်ချိန် ၁၃၆ဝ ထက် လျော့ကျခဲ့သလို ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလတင်ပို့မှု တန်ချိန် ၁၃ဝဝ ကျော်ထက်လည်း လျော့ကျတာတွေ့ရပါတယ်။ ယခင်နှစ်ထက် အထွက်လျော့ကျတာကြောင့် တင်ပို့မှု လျော့ကျခြင်းဖြစ်တယ်လို့ ကုန်သည် အသိုင်းအဝိုင်းရဲ့ သတင်းများအရ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာယခင်တစ်ပတ်အတိုင်း တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ ရှိပြီး အိန္ဒိယမွန်ဘိုင်း ဈေးကွက် မှာလည်း ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေဝ၉၃)မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးမာလာတဲ့ မုံရွာမြေထောက် ယခုအချိန်က မြေထောက်ပဲ စိုက်ပျိုးချိန်ဖြစ်လို့ တောင်သူနဲ့ ကုန်သည်တို့ မှာ လက်ကျန်နည်းနေပြီဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု အောက်တိုဘာလဆန်းမှာ မြေထောက်ပဲ တစ် ပိဿာ ၈၈၉ ကျပ်မှ အောက်တိုဘာ လကုန်နဲ့ နိုင်ဝင်ဘာဆန်းမှ ၁ဝဝဝ ကျပ်သို့ ဈေးအနည်းငယ်တက်လာပါတယ်။ တိုင်းအတွင်း ကြာဇံစက်များကနေ့စဉ်သုံးစွဲမှုရှိလို့ မုံရွာ ကုန်စည်ဒိုင်မှာ နေ့စဉ်တင်း ၃ဝ ခန့်အရောင်းအဝယ် ဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်အတွင်း မုံရွာမှ မန္တလေးသို့ တင်း ၃ဝဝ ခန့် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်