Main menu

Background

Monday, 4 Oct 2010

ဈေးဆက်ကျနေတဲ့ ဟင်္သာတမတ်ပဲ     မတ်ပဲဈေးက ဟင်္သာတဈေးကွက်မှာ ဆက်ကျနေပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် မတ်ပဲဈေးမှာ ၂၅၇ဝဝ ကျပ်နဲ့ ဈေးဆက်ကျနေပါတယ်။ ယခု အပတ်တွင် ပဲရောင်းဝယ်မှုမှာ ပုံမှန်ထက်နည်းသွားပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ဖြစ်ပေါ်နေသော ပေါက်ဈေးများနဲ့ တစ်ရက်ကို ပျမ်းမျှ အိတ် ၈ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                                                                              အေးအေးခိုင်

Monday, 4 Oct 2010

တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး တစ်တန်ကန်ဒေါ်လာ ၅ဝ ခန့်လျော့ကျ      အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲထုတ်လုပ်ရာဒေသတွေက မတ်ပဲ အသစ်တွေ ဝင်ရောက်လာပြီဖြစ်လို့ ယခုတစ်လအတွင်း မတ်ပဲဈေးတစ်တန်ကို  ကန်ဒေါ်လာ ၅ဝ ဝန်းကျင် လျော့ကျလာခဲ့ပါတယ်။ ဝယ်ယူသူများက ပဲလှိုင်လှိုင် ဝင်လာရင် ဈေးထပ်မံ လျော့ကျမဲ့ မျှော်လင့်ချက်တွေနဲ့ လက်ရှိအချိန်မှာ အဝယ်နည်း တာကြောင့်လည်း ဈေးပိုမိုကျဆင်းလာတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မတ်ပဲ စိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ဟက်တာ ၂ သိန်းကျော်ပိုမို နေတာကြောင့် ပဲထွက်ရှိမှု လည်း ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ လာမဲ့ရက်များမှာလည်း ဈေးလျော့ကျနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ တစ်လအတွင်း ဈေးနှုန်းများ   နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                       ဒေါ်လာ/တန်                    မွန်ဘိုင်း                 ချန်နိုင်း၃ဝ-၉-၁ဝ          ၁ဝဝ၂                ၁ဝဝ၂-၁၂ဝ၂၃ဝ-၈-၁ဝ      ၁ဝ၄၆-၁ဝ၆၇           ၁ဝ၂၄-၁၁၆၃

Monday, 4 Oct 2010

မတ်ပဲတင်ပို့မှု အရှိန်ကောင်းနေဆဲ      ပင်လယ်ရေကြောင်းကမတ်ပဲတင်ပို့မှုဟာအပတ်စဉ်တန်ချိန် တစ်သောင်း ကျော်နဲ့ တင်ပို့မှုရှိနေသလို ယခုတစ်ပတ် စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက် အတွင်းမှာလည်း တန်ချိန် ၁၁ဝဝဝကျော်အထိ အရှိန်ကောင်း နေဆဲဖြစ်တာ တွေ့ရပါ တယ်။ ဒါပေမဲ့ လက်ရှိဈေးကွက်တွေထဲမှာ အိန္ဒိယအဝယ်ပြန်လျော့ သွားတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို ပြည်တွင်းမိုးပဲအသစ်တွေ တိုးတက်ဝင်ရောက်လာတာကြောင့် အဝယ်ပြန်လျော့သွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အခြားပါကစ္စတန်၊ မလေးရှားနဲ့ထိုင်းတို့ဘက် အဝယ် အနည်းငယ်ရှိလို့ အရောင်းအဝယ်အနည်းငယ်တော့ ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန် FOB ဈး များကို ယခင်တစ်ပတ် ယခုတစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -                                                                                                                                 ဒေါ်လာ/တန်                  မတ်ပဲ (FAQ)          (SQ)၁-၁ဝ-၁ဝ    ၉၂ဝ-၉၃ဝ             ၁ဝ၉ဝ-၁ဝဝ၂၃-၉-၁ဝ    ၉၅ဝ-၉၆ဝ             ၁၁၁ဝ-၁၁၂ဝMIRT(MAPT)

Monday, 4 Oct 2010

အရောင်းအဝယ်အေးသွားတဲ့ ရှမ်းပဲစင်းငုံ      အကျဈေးနဲ့ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံက ပြီးခဲ့တဲ့အပတ်တွေမှာ အရောင်းသွက်နေပါတယ်။ ကုန်သည် တွေကလည်း ငွေပေါ်ဘို့အတွက် ပြန်ရောင်း နေကြသလို ရန်ကုန်ဝယ်လက်တွေလည်း အနည်းငယ် ဝယ်လာ တာကြောင့် ဟိုပုံးနယ်မှာ ထိပ်စ လို့ခေါ်တဲ့ ရွှေဖလားမျိုး ပဲစင်းငုံတွေ ကုန်သလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အခုလဆန်းပိုင်းမှာတော့ အရောင်း အဝယ်က ပြန်အေး နေပါတယ်။ ကုန်တင်ယာဉ်တွေမှာ တန်ပို တင်ဆောင်ခွင့် ကန့်သတ် လိုက်တာ ကြောင့် ဝယ်လက်တွေ လည်း ခဏနား နေတယ်လို့ သိရပါတယ်။ တောင်ကြီးက ကုန်သည်တွေမှာတော့ လက်ကျန်တွေအနည်းငယ်ကျန်နေသေးတယ်လို့ သိရပါတယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ တစ်ပိဿာ ၉၅ဝ ကျပ်ရှိပြီး၊ ဒီတစ်ပတ်မှာ တစ်ပိဿာ ၉၈ဝ ကျပ်ရှိတယ်လို့ ပွဲရုံတွေထံက သိရ ပါတယ်။ ရန်ကုန်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် စက်တင်ဘာလအတွင်း ပဲစင်းငုံပိဿာချိန် ၆ ဒသမ ၅သိန်း စီးဆင်း သွားတယ်လို့ ဒေသခံကုန်သည်များထံက သိရပါတယ်။                                                                                                                                                     ဧဧခိုင်

Monday, 4 Oct 2010

စက်တင်ဘာလကုန်ပတ် ပဲစင်းငုံနီဈေးထပ်မံကျလာ         မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်မှာ ပဲစင်းငုံနီဟာ စက်တင်ဘာလ အတွင်း အရောင်းအဝယ်အား အနည်းဆုံး အိတ်စပို့ပဲအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ပြည်ပဈေးကွက်ဝယ်လိုအားနဲ့ ပေါက်ဈေးနိမ့်ကျမှုရဲ့ ဂယက်ကြောင့် ဒီလထဲမှာ တစ်တင်း ၁၈ဝဝဝ ကျပ်ထိ အနိမ့်ဆုံး ကျဆင်းသွားခဲ့ရပါတယ်။ မန္တလေးနဲ့ ရန်ကုန် အဝယ်ရှိတဲ့ နေ့တွေမှာ တစ်တင်း ၂ဝ၈ဝဝ ကျပ်ထိ အမြင့်ဆုံးတက်ခဲ့ပေမဲ့ နေ့စဉ် ရောင်းဝယ်မှုအနေနဲ့ တစ်ရက်ပျမ်းမျှတင်း ၅ဝဝ မှ ၈ဝဝ အတွင်းသာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ စက်တင်ဘာလ အတွင်း ပဲစင်းငုံ ထပ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့် ရန်ကုန်ကို တင်း ၅၅ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့ခဲ့ကြောင်း လေ့လာ သိရှိရပါတယ်။                                                                       ထွန်းလှိုင်

Monday, 4 Oct 2010

ပြည်ပဲစင်းငုံ အရောင်းအဝယ်အေးပြီးဈေးငြိမ်     ပြည်ပဲစင်းငုံဈေးမှာ ယခုတစ်ပတ်အထိ ဈေးငြိမ်နေဆဲဖြစ်ပါတယ်။ တောင်သူများမှာ လက်ကျန်များ ရှိနေ သော်လည်း ကြိုက်ဈေးမရတဲ့အတွက် ထုတ်မရောင်းသေးဘဲ ဈေးကောင်း စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာ တစ်လလုံး ပဲစင်းငုံ အဝင်အထွက်မရှိဘဲ အရောင်းအဝယ်အေး နေခဲ့တာ ကို တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေး ပိဿာ ၂ဝ တစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                  ဆုမွန်ဆွေ

Monday, 4 Oct 2010

 အိန္ဒိယပဲစင်းငုံဈေး တစ်လအတွင်းတည်ငြိမ်နေ        အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန် အထိုက် အလျောက်ရှိနေပေမဲ့ အဝယ် လိုက်နေတာကြောင့် အခြားပဲဈေးတွေလို ကျဆင်း မသွားဘဲ တစ်လအတွင်းငြိမ်နေတာတွေ့ရပါတယ်။ ယခုနှစ် စက်တင်ဘာလ ၁ဝရက် နေ့ စာရင်းအရ ပဲစင်းငုံစိုက်ပျိုးမှုဟာ ဟက်တာ ၄၃ ဒသမ ၅၆ သိန်းရှိတာကြောင့် ယခင်နှစ် ကာလတူ စိုက်ဟက်တာ ၃၂ ဒသမ ၂၆ သိန်းထက် ဟက်တာ ၁ဝ သိန်းကျော် ပိုမိုတာကို တွေ့ရပါတယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ လက်ရှိရာသီဥတုက သီးနံှအထွက်ကောင်းဖို့ အခြေအနေပေးတာကြောင့် ကာလတို အတွင်း ဈေးနှုန်း လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သြဂုတ်လကုန်နဲ့ စက်တင်ဘာလ ကုန်ဈေးနှုန်းများ နှိုင်းယှဉ်ဖာ်ပြလိုက်ပါတယ် -                                                                            ဒေါ်လာ/တန်                 မွန်ဘိုင်း                 ချန်နိုင်း၃ဝ-၉-၁ဝ     ၇၇၉-၇၉၆               ၇၉ဝ၃ဝ-၈-၁ဝ     ၇၃၇-၇၄၂               ၇၆၉MIRT(MAPT)

Monday, 4 Oct 2010

 ယခုတစ်ပတ်ပဲစင်းငုံတန် ၄ဝဝဝ ခန့်ထိ တင်ပို့မှုရှိ        ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းမှ ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ၂ဝဝဝ ဝန်းကျင်သာရှိရာမှ ယခု တစ်ပတ်မှာ တန်ချိန် ၄ဝဝဝ ခန့်ထိ တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်ပြန်လိုက်လာတာကြောင့် တင်ပို့မှုပိုလာသလို ရန်ကုန် FOB ဈေးလည်း အနည်းငယ်တက်လာခဲ့ ပါတယ်။  FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်က ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၇ဝ၊ ပဲစင်းငုံဖြူနီနဲ့အဖြူတစ်တန်ကို ကန်ဒေါ်လာ ၆၅ဝ-၆၆ဝ ရှိရာမှ အောက်တိုဘာလ ၁ ရက်မှာ ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၇၇ဝ-၇၈ဝ ကိုတိုးတက်ခဲ့ပြီး၊ ပဲစင်းငုံဖြူနီနဲ့အဖြူမှာ ဈေးပြောင်းလဲခြင်း မရှိကြောင်း သိရပါတယ်။

Wednesday, 29 Sep 2010

 အိန္ဒိယ  PEC က ပဲမျိုးစုံတန်ချိန် ၁၃၈ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်     အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း တင်ပို့ရမယ့် ပဲမျိုးစုံတန်ချိန် ၁၃၈ဝဝဝ တင်သွင်းဖို့ တင်ဒါ နှစ်မျိုးခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ပထမတင်ဒါမှာ ကနေဒါမှ ပဲဝါလေးတန်ချိန် တစ်သိန်း ဖြစ်ပြီး ဒုတိယတင်ဒါမှာ ပဲမျိုး စုံတန်ချိန် ၃၈ဝဝဝ ဖြစ်ပါတယ်။ ပထမ တင်ဒါတင်သွင်းသူများအနေနဲ့ ပဲဝါလေးတန်ချိန် ၅ဝဝဝဝ ကို အောက်တိုဘာနဲ့ နိုဝင်ဘာ လအတွင်း မွန်ဘိုင်းဆိပ်ကမ်းကို တင်ပို့ရမှာဖြစ်ပြီး နောက်တန်ချိန် ၅ဝဝဝဝ ကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း မွန်ဘိုင်း ဆိပ်ကမ်းကို တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။      ဒုတိယတင်ဒါအရ တင်သွင်းမယ့်ပဲများကတော့ မြန်မာပဲစင်းငုံတန်ချိန် ၂ဝဝဝ၊ တန်ဇန်းနီးယားပဲစင်းငုံတန်ချိန် ၈ဝဝဝ၊ မာလာဝီပဲစင်းငုံတန်ချိန် ၄ဝဝဝ၊ မိုဇမ်းဘစ်ပဲစင်းငုံတန်ချိန် ၄ဝဝဝ၊ မြန်မာမတ်ပဲ FAQ တန် ၄ဝဝဝ၊ မြန်မာမတ်ပဲ SQတန်ချိန် ၂ဝဝဝ၊ မြန်မာပဲတီစိမ်းပခုက္ကူတန်ချိန် ၂ဝဝဝ၊ သြစတြေးလျကုလားပဲဖြူလုံးကြီးတန်ချိန် ၄ဝဝဝ၊ ကနေဒါနဲ့ အမေရိကန်တို့က ပဲလုံးတန်ချိန် ၈ဝဝဝ စီတို့ဖြစ်ကြောင်း သိရပါတယ်။ ယင်းပဲများကို မွန်ဘိုင်း၊ ကိုလ်ကတ္တားနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမှာဖြစ်ပြီး၊ တင်ဒါတင်သွင်းရမယ့် နောက်ဆုံးရက်မှာ စက်တင်ဘာလ ၂၇ ရက်ဖြစ်ကြောင်းသိရပါတယ်။ယမင်းခင်၊ Source: commodityonline 

Wednesday, 29 Sep 2010

 နိုက်ဂျီးရီးယားသို့ ဆန်တန်ချိန် တစ်သန်းရောင်းချရန် ထိုင်းမျှော်မှန်း       ထိုင်းအစိုးရက မကြာသေးခင်က သိုလှောင်ထားတဲ့ ဆန်များမှ ဆန်တန်ချိန် တစ်သန်းကို ပြည်တွင်းကို ရောင်းချ ပေးခဲ့ ပါတယ်။ ပြည်တွင်း ဈေးနှုန်း တည်ငြိမ်စေဖို့နဲ့ သိုလှောင်ထားတဲ့ ဆန်တွေကို ရှင်းလင်းဖို့ ရည်ရွယ်ကြောင်း၊ ကောက်သစ်များ ပေါ်တော့မှာ ဖြစ်ရာ ထိုင်းအစိုးရအနေနဲ့ သိုလှောင်ထားတဲ့ ဆန်တွေကို အမြန်ရောင်း ရမှာဖြစ်ကြောင်း၊ နိုက်ဂျီးရီးယားနဲ့ ဆီနီဂေါကို စက်တင်ဘာလ ၂၆ နဲ့ အောက်တိုဘာလ ၄ ရက်အကြားသွားမဲ့ ထိုင်းစီးပွားရေး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဆန်တန်ချိန် တစ်သန်းထပ်မံ ရောင်းချနိုင်မယ် မျှော်လင့်ကြောင်း သိရပါတယ်။               ပပ၊Source:The Nation.com

Pages