Background
ယခင်နှစ်ကာလတူထက် လျော့ဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းနဲ့ ဘိလပ်မြေတင်သွင်းရာမှာ သြဂုတ် လ ၃ဝ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၈၇ဝ၅ တန် တန်ဖိုး ကန်ဒေါ်လာ ၇၄၅၉ဝ တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က တင်သွင်းလာတာဖြစ်ပြီး ယခင် အပတ်က တန်ချိန် ၂၁၃၅ဝ အဝင်ရှိကာ ယခုအပတ်အဝင်က တန်ချိန် ၈၇ဝ၅ ကျော်ပဲဝင်တာမို့ တန်ချိန် ၁၂၆ဝဝ ကျော် လျော့ဝင်ခဲ့ပါတယ်။ ၂ဝ၁ဝ သြဂုတ်လ အတွင်း ရေကြောင်းလမ်းနဲ့ ဘိလပ်မြေ တန်ချိန်စုစုပေါင်း ၃ဝ၉၉၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော်ဖိုးတင်သွင်းခဲ့ပါတယ်။ ဒီ ၂ဝ၁ဝ သြဂုတ်လ ဘိလပ်မြေအဝင်က ယခင်ဇူလိုင်လအဝင် တန်ချိန် ၃၇၆၉၃ နဲ့ ယှဉ်ရင် တန်ချိန် ၆၆၉၅ တန်လျှော့ဝင်သလို ယခင်နှစ် ၂ဝဝ၉ ခုနှစ်သြဂုတ်လ ဘိလပ် မြေအဝင် ၁၅၂၃၄၆ တန်နဲ့ယှဉ်ရင်လည်း ၅ ဆခန့် လျော့လာတာတွေ့ရပါတယ်။ သြဂုတ်လ အတွင်း ဖောက်သည်နိုင်ငံတွေကတော့ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံများဖြစ် ပါတယ်။ MIRT (DOT)
ဈေးကွက်တွင်းက ဈေးနှုန်းများပြည်တွင်းသုံး ဓာတ်မြေသြဇာအမိုျးမိုျး၏ ဒေသအသီးသီးရှိ ဈေးကွက် ပေါက်ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်း/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်) ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၁၈၆ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၁၈၅၀၀ ယူရီးယား-ယူအေအီး ၁၇၆ဝဝ ပိုတက်(ကနေဒါ) ၂ဝဝဝဝ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ တီဆူပါ GTSP ၄၆% ၁၈၅ဝဝ တီဆူပါ GSSP ၁၆% ၈၂ဝဝ တီဆူပါ GSSP၁၂% ၇၅ဝဝ ကွန်ပေါင်း(တရုတ်) ၁၅:၁၅:၁၅ ၂၅ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ကမ္ဘာလုံး (တရုတ်) ၁၈၅ဝဝ ကုလားအုတ်-တရုတ် ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၂ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၂ဝဝ တီဆူပါ-(တရုတ်) ၁၂% ၈၅ဝဝ တီဆူပါ-(တရုတ်) ၁၆% ၉၅ဝဝ တီဆူပါ ၁၅:၁၅:၁၅ (တရုတ်) ၃၉၅၀၀ ပိုတက်(တရုတ်) ၁၉၀၀၀ ဓာတ်ဆား (တရုတ်) ၁၃၀၀၀မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်) ၂ဝဝဝဝ ပုလဲ(သေး)(ရွှေပျား ၄၆% တရုတ်) ၂ဝဝဝဝ တီစူပါ (တရုတ်) သံကွင်း၄၆% ၂ဝဝဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၁၉ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁ဝဝဝဝ ကွန်ပေါင်း(ထိုင်း-မြင်းပံျ) (၁၆ါ်၁၆ါ်၈) ၃ဝဝဝဝMIRT (MAPT)
ဓာတ်မြေသြဇာတင်သွင်းမှု ယခုအပတ်လျော့ စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဓာတ်မြေသြဇာ ၁၉၅၁၈ ဒသမ ၁၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆၇၅ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများ ကတော့ မူဆယ်မှ ၁၉၃၂၉ ဒသမ ၁၂တန်၊ မြဝတီမှ ၇၁ တန်၊ တာချီလိတ်မှ ၂၄ တန်၊ ရိဒ်မှ ၉၄ တန် အသီးသီးဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလ အတွင်းမှာ ဓာတ်မြေသြဇာတန်ချိန် ၂ဝ၂၅ဝ ကျော်တင်သွင်းခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၇၃၂ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ ကော့သောင်းနဲ့ မောင်တောတို့မှ ဓာတ်မြေသြဇာ တင်သွင်းနိုင်ခြင်းမရှိသလို မြဝတီ၊ ရိဒ်နဲ့ တာချီလိတ်နယ်စပ်များမှ တင်သွင်းမှုလျော့နည်းခဲ့တဲ့အတွက် မူဆယ်မှ ပိုမိုတင် သွင်းမှုရှိပေမယ့်လည်း နယ်စပ်စခန်းအားလုံးရဲ့ တင်သွင်းမှုဟာ လျော့နည်းသွားရခြင်း ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကွန်ပေါင်းဓာတ်မြေသြဇာ တစ်တန် ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ် - နယ်စပ် အမိုျးအစား တစ်ဘက်နိုင်ငံဈေး(ဒေါ်လာ/တန်) မူဆယ် Compound Seed Fertilizar (NPK) ၁၅း၅း၅ ၁၃ဝ ၁ဝး၁ဝး၅ ၁၃၅ ၁၂း၁၃းဝ ၁၆ဝ ၁၆း၂ဝးဝ ၂၂ဝ ၁၆း၁၆း၈ ၂၂၅ MIRT(DOBT)
၄၄ တန် အဝင်လျော့ခဲ့ ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလပထမပတ်အတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၂ဝ၇တန် တန်ဖိုး ကန်ဒေါ်လာ ၆၄၇၇၇ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်သြဂုတ်လ နောက်ဆုံးအပတ်က မြေသြဇာကွန်ပေါင်း ၂၅၁ တန်အဝင် ရှိခဲ့ပြီး ဒီသီတင်းပတ်မှာ ၂ဝ၇ တန်ကျော်သာ တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၄၄ တန် လျော့နည်းဝင် လာခဲ့ပါတယ်။ ၂ဝ၁ဝ သြဂုတ်လအတွင်း ဓာတ်မြေသြဇာအဝင် စုစုပေါင်းက တန်ချိန် ၂၂၃၉ ဒသမ ၂၇ တန်ဝင်ခဲ့ပြီး ယခင်လ ဇူလိုင်အဝင်က ၃၄၈၄ တန်ရှိခဲ့တဲ့အတွက် လခုျပ် အနေနဲ့ ယှဉ်ကြည့်ရင် ယခင်လထက် တန်ချိန် ၁၂၄၄ တန်ကျော် လျော့ခဲ့ပါတယ်။ သြဂုတ်လအတွင်း အသွင်းများတဲ့ ဖောက်သည်နိုင်ငံတွေကတော့ ဆော်ဒီအာရေး ဗီးယား၊ ထိုင်း ၊ ဗီယက်နမ်၊ ရုရှား၊ ဂျပန်၊ တရုတ်နဲ့ ဘူဂေးရီးယားတို့ဖြစ်ပါတယ်။MIRT (DOT)့
ပဲစင်းငုံဈေး ပြန်လည်ဦးမော့လာ အိန္ဒိယ လက်ငင်းဈေးကွက်များမှာ လက်ကျန်အသင့်အတင့် ရှိနေပေမဲ့ အခိုျ့ဒေသတွေမှာ မိုးများနေတာကြောင့် ဈေးကွက်ထဲကို ပဲဝင်ရောက်မှု လျော့ကျလာတဲ့အတွက် ယခုတစ်ပတ်မှာတော့ ပဲစင်း ငုံဈေး ပြန်လည်မြင့်တက်ခဲ့ပါတယ်။ဒါ့အပြင် ပဲခွဲစက်များနဲ့ ကုန်သည် များက ဝယ်လိုအား ကောင်းနေတာကြောင့်လည်း ဈေးပြန်လည် ဦးမော့လာတာဖြစ်ပါတယ်။ တန်ဇန်းနီးယားက ပဲအသစ် တွေရောက် ရှိလာတော့မှာ ဖြစ်တဲ့အတွက် ရောင်းအားကို ပိုမိုစေမှာဖြစ်လို့ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိပါတယ်။ ဈေးကွက်တွေ မှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်-
ပဲတီစိမ်းဈေးအေးလာ ယခုသီတင်းပတ်အစပိုင်းမှာ အိန္ဒိယလက်ငင်းဈေးကွက်များမှာ ပဲဝယ်ယူမှုတွေရှိလာလို့ ဈေးခိုင်မာလာခဲ့ပါတယ်။ပဲအဓိကစိုက်ပိုျးတဲ့ ဒေသတွေမှာ မိုးရွာသွန်းတာကြောင့်လည်း ပဲရိတ်သိမ်းမှု နှောင့်နှေး ခြင်းက ဈေးကွက်ပေါက်ဈေးခိုင်မာစေဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါ တယ်။ ဒါပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ အခိုျ့ဈေးကွက်တွေ မှာ ဈေးကျဆင်းခဲ့ပါတယ်။ လက်ရှိရာသီ ပဲထွက်ရှိမှုမြင့်တက်မယ့် မျှော်လင့်ချက်များအပြင် ဈေးကွက်တွေကို ဝင်ရောက်လာတဲ့ ပဲများ မှာလည်း အစိုဓာတ်များနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ပဲအသစ်တွေဝင်ရောက်လာခြင်းကရောင်းအားကို ပိုများစေပါတယ်။ကာလတိုအတွင်းဈေးလျော့ကျနိုင်တယ်လို့ သုံးသပ် ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်-
ကုလားပဲဈေးမာရာမှ ပြန်အေး အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ဈေးအနိမ့်နဲ့ ဝယ် လိုအား ကောင်းတာကြောင့် သီတင်းပတ်အလယ်ပိုင်းမှာ ကုလားပဲ ဈေးခိုင်မာလာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်များမှာ လက် ကျန် များနေခြင်းနဲ့ အဝယ်ပြန်အေးသွားတာကြောင့် သီတင်းပတ် နှောင်းပိုင်းမှာ ဈေးပြန်အေးသွားခဲ့ပါတယ်။ ဒါ့အပြင် သြစတြေးလျမှာ ယခုရာသီ ကုလားပဲတန်ချိန် ၆ သိန်း-၆ ဒသမ ၅သိန်းခန့်ထိ ယမန် နှစ်ထက် ပိုမိုထွက်ရှိမယ့် ခန့်မှန်းချက်များက ရောင်းအားကို ပိုမိုစေဖို့ ရှိနေပါတယ်။ ကာလတိုအတွင်းမှာ ဈေးနှုန်းလျော့ကျ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ဖော်ပြထားပါတယ်-
အိန္ဒိယနိုင်ငံရဲ့ ပဲမိုျးစုံစိုက်ပိုျးမှုဟာ ယမန်နှစ်ကထက် မြင့်တက် ပေမဲ့ ထုတ်လုပ်မှုကတော့ စားသုံးမှု ကြီးထွားနေခြင်းနဲ့ နှိုင်းယှဉ်ရင် လျော့ကျမြဲ လျော့ကျနေဦးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါ တယ်။ ပြည်တွင်းလိုအပ်ချက် မြင့်တက်နေတာကြောင့် ပြည်ပနိုင်ငံ က ပဲတင်သွင်းမှုဟာ ယမန်နှစ်က တန်ချိန် ၃၄ သိန်း ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၄ဝ ထိ ရောက်ရှိဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ မတ်ပဲဈေး ပြန်လည်မြင့်တက်လာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲခွဲခြမ်းကို အဝယ်ပြန် သွက်လာတာကြောင့်ယခုတစ်ပတ်မှာမတ်ပဲဈေးပြန်လည်မြင့် တက်လာ ခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်ကမတ်ပဲအသစ်တွေဝင်ရောက်နေပြီဖြစ် ပေမဲ့ မိုးရွာသွန်းမှုကြောင့် ပဲတွေမှာ အရည်အသွေး ကျဆင်းမှုရှိနေ တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်များမှာ မဟာရပ်ရှတ ရာက ပဲအသစ်တွေလည်းစတင်ဝင်လာတော့မှာ ဖြစ်ပါတယ်။ ယခုလို ပြည်တွင်းပဲ အသစ်တွေ ထွက်ပေါ်လာပြီဖြစ်လို့ ကမ္ဘာ့ဈေးကွက် ကျဆင်းဖွယ်ရှိတယ်လို့ ခန်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-
