Main menu

Background

Tuesday, 3 Oct 2017

        တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင် ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅၁သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၆၇၆ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၇၉၉၂ စီးတင်သွင်းခဲ့တဲ့အတွက်ယခုတစ်ပတ်မှာ ၁၆၈၄စီး ပိုမို တင်သွင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကန်ပိုက် တီကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ်များပိုမို တင်သွင်းခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Tuesday, 3 Oct 2017

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၂၆၅ တန်ဖိုးရှိ လက်ဖက်ခြောက် ၅၂ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၄၁ တန်နဲ့ ချင်းရွှေဟော်မှ ၁၁ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိဘဲ မူဆယ်မှ ၂၆ တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာလက်ဖက်ခြောက် ွမနနည ွှနေ ကိုထိုင်း၊ တရုတ်နဲ့ ဂျပန်တို့တွင်ပြုလုပ်ခဲ့ သည့်ကုန်စည်ပြပွဲများတွင် သွားရောက်ပြသခဲ့ရာ အားပေးမှုများ ရရှိခဲ့ကြောင်း၊ မြန်မာ့ လက်ဖက်စိုက်ခင်းများအနေဖြင့် ဓာတုဆေ

Tuesday, 3 Oct 2017

        မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၄ သန်း တန်ဖိုးရှိ ကွမ်းသီး၄၉၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၆၉၂ တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၂၀၀ လျော့နည်းခဲ့တယ်လို့သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ၁၈၅သန်းတန်ဖိုးရှိကွမ်းသီး၂၀၉ တန်၊ ရိဒ်ကုန် သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၂၈၃တန်ကို တင်ပို့ခဲ့ပါတယ်။

Monday, 2 Oct 2017

      မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ၁၆ရက်မှ ၂၂ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၄သန်းတန် ဖိုးရှိ ငစိန်ဆန်၊ ဧည့်မထဆန်နဲ့ ကောက်ညှင်းဆန် ၂၁၁၈၉ တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန်ချိန် ၇၀၊ ဧည့်မထ ဆန် ၁၈၈၅၃တန်ကျော်နဲ့ေ ကာက်ညှင်းဆန် ၅၉ တန်၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၆၉ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၈၈၃ တန်ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဧည့်မ ထ ဆန် ၁၅၅ တန်တင်ပိ

Wednesday, 6 Sep 2017

      ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဇစ်ကာမီလော့ဗ်နှင့် နိုင်ငံခြားကုန်သွယ် ရေးဝန်ကြီး  အယ်လ်ယာလာနီယက်ဗ်တို့သည် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီးစဉ် လာရောက်ခဲ့စဉ် အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရန်အတွက် ဥဇဘက်ကစ္စတန် အနေဖြင့် အိန္ဒိယကုန်စည်များပေါ်၌ သွင်းကုန်ခွန် လျှော့ချပေးရန်၊ အကောက်ခွန်လုပ်ထုံးလုပ်နည်း များ ရှင်းလင်းလွယ်ကူစေရေး ဆောင်ရွက်ရန်နှင့် ဗီဇာမူဝါဒများ ဖြေလျှော့ရန်တို့ကို အိန္ဒိယအစိုးရက အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

Thursday, 31 Aug 2017

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် စခန်းသုံးခုမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်း ပတ်အတွင်း တရုတ်နိုင်ငံသို့ အမေရိ ကန်ဒေါ်လာ  ၁ ဒသမ၅၈၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၇၃၂၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ တန် ၆၈၀၀၊ လွယ်ဂျယ်မှ ၄၄၅ တန်ခွဲနဲ့ ချင်းရွှေဟော်မှ ၈၂ တန်ခွဲဖြစ်ပါတယ်။ ယခင်တစ်ပတ် က မူဆယ်မှ ၇၂၂၀ တန်၊ လွယ်ဂျယ်မှ ၅၂၁ တန်နဲ့ ချင်းရွှေေ ဟာ်မှ ၄၇၁ တန်ခွဲ စုစုပေါင်း ၈၂၁၂ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် ၈၉၂ တန်လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း တစ်တန်ဈေး ၂၉၇၇၈၇ ကျပ် ရှိရာမှ ယခုတစ်ပတ်မှာ ၂၉၈၉

Thursday, 31 Aug 2017

         မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၄ သန်းတန်ဖိုးရှိ ရော်ဘာ ၈၇၅ တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ RSS 5 အမျိုးအစားတန်ချိန် ၃၀၊ MSR 20 အမျိုးအစား ၃၂၂ တန်ကျော်၊ ရော်ဘာဖြတ်စတန်ချိန် ၈၀၊  ချင်းရွှေဟော်ကုန်သွယ်ရေးစခ န်းမှ RSS 3 အမျိုးအစား တန်ချိန် ၁၄၀၊ RSS 5 အမျိုးအစား ၂၈၅ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ RSS 3 အမျိုးအစား ၁၀ တန်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ရှစ်တန်တင်ပို့ခဲ့ ပါတယ်။ ယ

Thursday, 31 Aug 2017

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၃၃၂ သန်း တန်ဖိုး ရှိ ကွမ်းသီး ၃၈၄ တန်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၄၃၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၇ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီး ပိုမိုတင်ပို့ခဲ့သော်လည်း ရိဒ်ကုန်သွယ်ရေးစခန်းမှ လျော့ နည်း တင်ပို့ခဲ့တဲ့အတွက် ယခုလို ကျဆင်းရခြင်း ဖြစ်ပါတယ်။

Thursday, 31 Aug 2017

     မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက် မှ ၁၈ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၄ ဒသမ ၈၂၇ သန်းတန်ဖိုးရှိ  ရေထွက်ကုန် ၅၂၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၃၈၂၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၄၀၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေးစခန်း၊ မြိတ်ကုန်သွယ် ရေးစခန်း သုံးခုလုံးမှ ရေထွက် ကုန်များ ပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်း ဖြစ်ပါတယ်။ စခန်းအလိုက် တင်ပို့မှုကို ကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၊ ကဏန်း၊ ပုစွန်တို့ကို တန် ၁၃၀ ၊ ေ ကာ့သောင်း

Thursday, 31 Aug 2017

      ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၈၀၉ စီးကို တင်သွင်းခဲ့ ပါတယ်။ယခင်တစ်ပတ်က ၁၀၇၃၅ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၂၉၂၆ စီးလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ   တမူးကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်အနည်းငယ်သာ တင်သွင်းမှု ပိုမိုခဲ့ပေမယ့် အခြားကုန်သွယ်ရေး စခန်းများမှ တင်သွင်းမှုကျဆင်းခဲ့ တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်ပါတယ်။

Pages