Main menu

Background

Tuesday, 29 Aug 2017

             ရက်သတ္တနှစ်ပတ်ဆက်တိုက် မြင့်တက်လျက်ရှိသည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်လာခဲ့ရာ ကျပ် ၉၂၃၀၀၀ သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဆက်လက်မြင့်တက်လျက်ရှိရာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ နီးပါးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ကမ္ဘာ့ေ ရွှဈေး သည်လည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ ရွှေဈေးမြင့်တက်နေမှုကြောင့် ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း အရောင်းအဝယ်များ အေးလျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းရွှေဈေးကွက်တွင်လည်း အရောင်းအဝယ် များအေးနေသဖြင့် မကြာခင် အချ

Tuesday, 29 Aug 2017

         ကမ္ဘာ့ရွှေဈေးရော ပြည်တွင်းရွှေဈေးပါ ဆက်တိုက်မြင့်တက်နေချိန်တွင် ပြည်တွင်းငွေလဲနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း ကလည်း ပြည်တွင်း ငွေလဲနှုန်းများသည် အတက်အကျ အနည်းငယ်သာရှိခဲ့သည့်နည်းတူ ယခုတစ်ပတ် တွင်လည်း ယခင်တစ်ပတ်ကအတိုင်းသာ ရှိခဲ့သည်။ ယခုတစ်ပတ်တွင် အမြင့်ဆုံးဈေးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ်(ရောင်းဈေး)အထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံးဈေးအဖြစ် ၁၃၅၄ ကျပ်အထိသာ ကျဆင်းခဲ့သည်။

Tuesday, 29 Aug 2017

        သြဂုတ်လ ၁၃ ရက်မှ ၁၉ ရက် အထိ သီတင်းပတ်အတွင်း နနွင်း ၃၂ တန်ကို အိန္ဒိယနိုင်ငံသို့ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ နနွင်း ၁၆၈တန်နဲ့နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ နနွင်း၁၃၆ တန် တင်ပို့မှုလျော့ နည်းခဲ့တယ်လို့သိရပါတယ်။  ဒီတစ်ပတ် နနွင်းတစ်တန်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၉၀၀ ရရှိခဲ့ပြီးနနွင်းတင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၂၈၈၀၀ ဝင်ငွေ ရရှိခဲ့တယ်လု့ိ သိရပါတယ်။

 

သီတာဝင်း(DOT)

Tuesday, 29 Aug 2017

      ယခုတစ်ပတ်အတွင်း ပြည်ကြက်သွန်နီသီးနှံအနေဖြင့်  ဈေးနှုန်းများ တက်လိုက်ကျလိုက်ဖြစ်နေတာ တွေ့ရပါတယ်။ အတက်အကျမြန်ဆန်နေပေမယ့် အောက် ဖော်ပြပါအတိုင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စားသုံး သူအကြိုက် ကြက်သွန်နီ(အလတ်စ)ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့် ပိုမိုဈေးကောင်းရလျက်ရှိနေတာတွေ့ရပါတယ်။ ယခုနှစ်ဇွန်လပထမပတ်မှစ၍ တရိပ်ရိပ်နှင့် ကြက်သွန်နီဈေးနှုန်းများ ပိုမိုမြင့်တက်လာတာကိုလည်းေ တွ့ရပါတယ်။  ယခုတစ်ပတ်ကြက် သွန်နီပွဲရုံများ၌ လက္ကားတစ်ပိဿာလျှင် (ကြီး) ကျပ် ၁၆၅၀-၁၇၀၀၊ (လတ်) ကျပ် ၁၅၅၀-၁၆၀၀၊ (သေး) ကျပ် ၁၄၀၀-၁၄၅၀တို့ရှိပြီး လက်လီဈေးအသေးများတွင် (ကြီး)ကျပ် ၁၉၀၀၊ (လတ်) ကျပ် ၁၇၀၀-၁၈၀၀၊ (သေး)ကျပ် ၁၅၀၀-၁

Tuesday, 29 Aug 2017

     ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းဝယ်ယူမှု အဓိကအရောင်းအဝယ်ဖြစ်တဲ့ ပဲများအနက် ကုလားပဲသီးနှံဈေးဟာလည်း ဈေးကောင်းရနေတဲ့ သီးနှံ ဖြစ်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲခွဲစက်သမား များ ပုံမှန်ဝယ်ယူလျက် ရှိကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်တစ်ရက်အိတ် ၁၅၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲအဝင်မရှိသော်လည်း လက်ကျန်ပဲများ ရှိတဲ့အတွက် ဝယ်လိုအားရှိသလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲေ ဈးနှုန်း မှာ တစ်တင်း ကျပ် ၄၁၅၀၀ ဖြင့် ဇူလိုင်လကုန်ပတ်မှစ၍ ပဲဈေးများ တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ယခင်နှစ် သြဂုတ်လအတွင်းက တစ်တင်းကျပ် လေးသောင်းကျော်ရရှိခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

 

Tuesday, 29 Aug 2017

      ပြည်ဈေးကွက်သို့ မိုးမြေပဲအသစ်များကို ဝက်ထီးကန်၊ အောင်လံ၊ ပေါက်ခေါင်းနဲ့ ရွှေတောင်မြို့နယ်တို့ရှိ ကျေးရွာ များမှ အဝင်အနည်းငယ်သာရှိသေးသဖြင့် ဈေးကွက်တွင် အရောင်းအဝယ် အနည်းငယ်သာ ဖြစ်တာတွေ့ရပါ တယ်။ နေ့စဉ်ဝင်ရောက်မှုနည်းသေးသော်လည်း ဈေးကွက်တွင် ကျန်ရှိနေသော မြေပဲဆန်အဟောင်းများရော ယခုဝင်ရောက်တဲ့ မြေပဲဆန်အသစ်များပါ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။  ယခင်နှစ်ကာလတူက မြစ်ရေ များ လျှံတက်လာသဖြင့် မြေပဲခင်းများ ပျက်စီးသွားတဲ့အတွက်  မြေပဲဆန်ဝင်ရောက်မှု နည်းသွားခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာ မြစ် ရေများ မတက်သေးသဖြင့် မြေပဲဆန် ဝင်ရောက်မှုမှာ ယခင် နှစ်ထက်များနေတာတွေ့ရပါတယ်။ အေ ရာင်းအဝယ်မှာယခင် နှစ်နဲ့နှိုင်းယှဉ်

Tuesday, 29 Aug 2017

        ပြည်ပဲမျိုးစုံဈေးကွက်မှာ မိုးပဲတီစိမ်းသီးနှံ အဝင်ဆက်ရှိခဲ့ပြီး မင်းတုန်း၊ ကံမနှင့် ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက်ခဲ့ကြကာ ပဲလက်ကျန်လည်း အသင့် အတင့်ရှိကြလို့ မန္တလေးလိုင်းသမားများမှ တရုတ်ဝယ်လက် ဝယ်ယူမှုအေ ပါ် မူတည်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့် ယခုတစ်ပတ် အတွင်း တစ်ရက်အိတ် ၂၀၀ ကျော် နေ့စဉ်လိုလို ရောင်းချမှုရှိခဲ့ပြီး ပဲဈေးနှုန်း အနေဖြင့်  တစ်တင်းကျပ် ၂၇၀၀၀ နှင့်ကျပ် ၂၈၀၀၀အကြား ယခင်တစ်ပတ် ဈေးအတိုင်း ဈေးဆက်ငြိမ်လျက် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ယခင်နှစ် သြဂုတ်လအတွင်းက ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းလျှင်ကျပ် ၂၂၀၀၀ ဖြင့်သာ ရောင်းဝယ်ခဲ့ကြတဲ့အတွက် ယခုနှစ်ဈေးမှာ တစ်တင်းကျပ် ငါးထောင်ခန့

Tuesday, 29 Aug 2017

         မုံရွာကုန်စည်ဒိုင်ဈေးကွက် သြဂုတ်လစတုတ္ထပတ် ပဲမျိုးစုံဈေးကွက်တွင် ပဲဈေးနှုန်းအားလုံးလိုလို ဈေးနှုန်းလျော့ နည်းခဲ့ပြီး ပြည်ပဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများအပြင် ကုလားပဲမှာလည်း ဈေးကျဆင်းခဲ့ တာကိုတွေ့ ရှိရပါတယ်။ ကျန်လက်လီပဲများမှာ ဈေးငြိမ်နေသလို အရောင်းအဝယ်အေးကြောင်း ကုန်စည်ဒိုင်ရပ်ကွက်မှသိရှိရပါတယ်။ ယခုတစ်ပတ် မတ်ပဲသီးနှံမှာ ပဲအဝင်သိပ်မရှိတော့လို့ လက်ကျန်ပဲများဖြင့် ရန်ကုန်ဝယ်လက် ဝယ်ယူပေါ်မူတည်ပြီး တစ်ရက်လျှင်အိတ် ၁၀၀-၂၀၀ ခန့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်  ၂၆၅၀၀ဖြင့် ယခင်တစ်ပတ်က ဈေးထက် အနည်းငယ်ကျဆင်းခဲ့တာကို တွေ့ရှိရပါတယ်။

Tuesday, 29 Aug 2017

      ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချော အရောင်းအဝယ်အေးလို့ ဈေးငြိမ်နေပေမယ့်  ဆန်ကြမ်းအဝင်နည်းပြီး အရောင်းသွက်တဲ့အတွက် ဈေးအနည်းငယ်မြင့်တက် ကြောင်း ဝါတန်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ကုန်စည်ဒိုင် ရဲ့ ဆန်လက်ကားဈေးနှုန်းများအရ  ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၅၀၀၀နဲ့ လတ်စတစ်အိတ်ကျပ် ၃၃၀၀၀ ၊ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၆၅၀၀နဲ့ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ် ဆန်တစ်အိတ် ကျပ် ၃၂၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ ရွှေဘိုပေါ် ဆန်းဆန် တစ်အိတ်ကျပ် ၄၈၀၀၀ မှ ကျပ် ၄၉၀၀၀ ဖြစ်ကြောင်း သိရပါတယ်။ ဆန်ချောမှာ ပြည်တွင်း စားသုံးမှုသာရှိပြီး အရောင်းအ၀ ယ်လည်းအေး ဈေးလည်းအေးကြောင်း သိရပါ

Friday, 25 Aug 2017

         ကမ္ဘောဇဘဏ်နှင့် VMware တို့ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရန်အတွက် ဒေတာစင်တာ နှင့်နည်းပညာအခြေခံဖွဲ့စည်းပုံစနစ်ကို ခေတ်မီစေရန် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သြဂုတ် ၁၈ ရက် က ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင်ကျင်းပခဲ့သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှသိရသည်။ ကမ္ဘောဇဘဏ်နှင့် အမေရိကန်နိုင်ငံမှ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် VMwareတို့သည် ကမ္ဘောဇဘဏ်၏ လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဘဏ်၏ဒေတာစင် တာကို အသွင်းပြောင်းလဲ ဆန်းသစ်ရန်အတွက် နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Pages