Background
ယခုတစ်ပတ် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်ရဲ့ဆန်လက်ကားဈေးနှုန်းများအရ ဆန်ချောအသစ်ဈေးငြိမ်ပြီး ဆန်ကြမ်းအသစ်နဲ့ အိတ်စ်ပို့ ၂၅ မှတ်ဆန်ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ဆန်ချောအသစ် များဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၀၀၀၀နဲ့ လတ်စ တစ်အိတ် ကျပ် ၂၉၀၀၀၊ ပုသိမ်/မောင်းမြ ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၂၀၀၀၊ လတ်စ တစ် အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိ တ် ကျပ်၂၈၀၀၀၊ လတ်စတစ်အိတ် ကျပ် ၂၇၀၀၀၊ရွှေဘိုပေါ် ဆန်း ဆန်တစ်အိတ်ကျပ် ၃၄၀၀၀ မှ ကျပ်၃၆၅၀၀ နဲ့ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး ဝယ်လိုအားလည်း ပုံမှန်ရှိတာကြောင့်ဈေးလ ည်း ငြိမ်နေတာဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီးး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် ဆောင်း ပဲသစ်မျိုးစုံ အဝင်များလာခဲ့တာကြောင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများအပြင် ကုလားပဲ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲကြီးသီးနှံများပါ ဝင်ရောက်လာခဲ့ကြပြီဖြစ်ပါ တယ်။ ပဲတီစိမ်း သီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနှင့်ယှဉ်လျှင် ဝင်ရောက်မှု နည်းသွားပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်အိတ် ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး ပြည်အနီးတစ်ဝိုက် ဒေသများ မှဝင်ရောက်ခြင်းဖြစ်ကာ မန္တလေး ဝယ်လက်က အဝင်ရှိသမျှ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှစ၍ ပဲတီစိမ်းသီးနှံအသစ်များ ဈေးကွက်သို့ဝင်ရောက်ခဲ့ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလများအတွင်း ပဲအထွက်လှိုင်ခဲ့
ကမ္ဘာ့ထိပ်တန်း ငွေကြေးဆိုင်ရာ ကော်ပိုရေးရှင်း ၁၀၀ နှင့် ထိပ်တန်း လက်လီစီးပွားရေး ကုမ္ပဏီကြီး ၂၅ခု တို့၏ တီထွင်ဆန်းသစ်သော မိတ်ဖက် ကုမ္ပဏီအဖြစ် လက်တွဲလုပ်ကိုင်နေသည့် Diebold Nixdorf သည် မြန် မာ နိုင်ငံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ ၎င်း၏ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများကို ပြည်တွင်းဈေးကွက်သို့ တိုက်ရိုက်ဝန်ဆောင်မှု ပေးသွားမည်ဖြစ် သည်။ Diebold Nixdorf သည် ယခင်က ပြည်တွင်း မိတ် ဖက် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး ပြည်တွင်းဘဏ်များ၏ self-serviceအခြေပြုနည်းပညာ လိုအပ်ချက်များကို နှစ်ပေါင်းများစွာ ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။
ယခုတစ်ပတ်ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ဝယ်လက်ပျောက်ပြီး အဝင်များလာသဖြင့် ဈေးဆက်တိုက်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ ပေါင်းတည်နှင့် နတ်တလင်းဘက်မှ တစ်နေ့ကို အိတ် ၅၀၀ ခန့်အဝင် ရှိနေတာ တွေ့ရပါ တယ်။လက်ရှိအချိန်တွင် ဝယ်လက်အဝယ်မရှိတဲ့အတွက် ဈေးကွက်တွင် နှမ်းလက်ကျန်များနေသဖြင့် ဈေးကျနေတာ တွေ့ရ ပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်ပါက ယခုနှစ်တွင် နှမ်းဈေးများ ကျလာရခြင်းမှာ ဝယ်လ က်ပျောက်နေသဖြင့် ဈေးကျနေတာ ဖြစ်တယ်လို့သိရပါတယ်။ ယခုတစ်ပတ်နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၂၀၀၀၀၊ နှမ်းနက် (ရိုးရိုး) တစ်တင်းလျှင်ကျပ် ၃၀၀၀၀နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ်၃၈၃၀၀ဖြင့် ယခင်တစ်ပတ် ထက် ဈေးကျလာတာ တွေ့ရပ
ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် ၅၀ သာဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၉၅၀ ကျော် အဝင်လျော့ခဲ့ပါတယ်။ ဒီတစ်ပတ် နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၁၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၅၉၉၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၁၂၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။
နံနက်စောစာစားဖို့ ကိုယ့်မြို့မှာရှိတဲ့ မုန့်တီ ဆိုင်ကို ဝင်ထိုင်မိပါတယ်။ ကိုယ်နှစ်သက်ရာကို မှာပြီးစားနေတုန်းမှာ စားသုံးသူတစ်ယောက် ဝင်လာပါတယ်။ ဆိုင်ရဲ့ စားပွဲတွေမှာ လူပြည့်နေလေ တော့ နေရာလွတ်နေတဲ့ကိုယ့် စားပွဲကို ခွင့်တောင်း ပြီးလာထိုင်ပါတယ်။ တစ်ဆက်တည်း စားပွဲထိုးကို လှမ်းမှာပါတယ် "မုန့်တီတစ်ပွဲ အချိုမှုန့် လုံး၀ မထည့်ပါနဲ့ ဆီလျှော့ပါ" အလဲ့...ကိုယ်က စားသုံးသူရေးရာဦးစီးဌာနကဆိုတော့ စိတ်ဝင် စားသွားပါတယ်။ စား ပွဲကလည်းတစ်ဝိုင်းတည်းဆိုတော့ အလာပသလာပစကားပြောမိပါတယ်။ "နောင်တော်က ကျန်းမာရေးလိုက်စားပုံရ တယ်" "ဘာဖြစ်လို့လဲဗျ" "သြော်..ခုန မုန့်တီ လှမ်းမှာတုန်းက အချိုမှုန့်မထည့်နဲ့ ဆီလျှော့ထည့်ပါလို့
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ်တစ်သောင်းကျော် ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးကာ လအတွင်း နယ်စပ်၌ ရွှေအရောင်းအဝယ်များရပ်ဆိုင်းသွားခဲ့သဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းခဲ့ရခြင်းဖြစ်ပြီး တရုတ်နှစ်သစ်ကူး ကာလအပြီးတွင် ရွှေအရောင်းအဝယ်များ ပြန်လည်လုပ်ကိုင်လာကြသဖြင့် ပြည် တွင်းရွှေဈေး များ ပြန်လည်မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအသစ်သာ အဝင်ရှိပြီး ဆန်ဟောင်းအဝင်မရှိသလို ဈေးကွက်လည်းမရှိတော့ကြောင်း ဆန်သစ်ကပဲ ဈေးကွက်ကို ဦးဆောင်နေပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ ရန်ကုန် ဝါးတန်း ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခုတစ်ပတ် ဆန်ချောအသစ်ရဲ့လက်ကားဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ်ကျပ် ၃၀၀၀၀၊ လတ်စတစ်အိတ်ကျပ် ၂၉၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ် အိတ် ကျပ် ၃၂၀၀၀၊ လတ်စတစ်အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံ ကျိုက်လတ် ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၂၈၀၀၀၊ လတ်စတစ် အိတ် ကျပ် ၂၇၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၃၄၀၀၀ မှ ကျပ် ၃၆၅၀၀ ဈေးရှိပါတယ်။ ဆန်အဝင်က တော့ ပုံမှန်ပဲရှိနေပြီး အရောင်းအဝယ်လ
ဖေဖော်ဝါရီလ ပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်သို့ ပဲမျိုးစုံအသစ်များ ဝင်ရောက်လျက်ရှိရာ ပြည်ပဝယ် လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများအဝင် ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်း သိရပါ တယ်။ ယခုတစ်ပတ် မတ်ပဲသီးနှံတစ်တင်းပေါက်ဈေးမှာ (အထွက်တိုး) ၂၈၃၀၀ ကျပ်၊ (ကုန်း) ကျပ် ၃၁၃၀၀ နှုန်းပေါက်ပြီး နေ့စဉ်အိတ် ၂၀၀၀ ခန့်၊ ပဲစင်းငုံသီးနှံတစ်တင်း (သစ်)ကျပ် ၂၄၇၀၀ နှုန်းပေါက်လျက် နေ့စဉ်အိတ် ၃၀၀၀ ခန့်၊ ပဲတီစိမ်းသီးနှံကတော့ အဝင်လျော့နည်းလာပြီး၊ တစ်တင်းပေါက်ဈေးမှာ (ကြီး) ကျပ် ၃၀၀၀၀၊ (သေး) ကျပ် ၂၃၇၀၀ နဲ့ နေ့စဉ်(ကြီး/သေး) အိတ် ၁၂၀၀ ခန့် ဝင် ရောက်လျက်ရှိပြီး အရောင်းအဝယ်အသွက်ဆုံး သီးနှံများ ဖြ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော် ဝါရီ ၃ ရက်တွင် အီတလီနိုင်ငံ ရောမမြို့ အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်သည့် Myanmar Country Presentation Program အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။ Myanmar Country Presentation Pro- gram အခမ်းအနားကျင်းပ ရခြင်း၏ရည်ရွယ်ချက်မှာ အီတလီနိုင်ငံရှိ ကုမ္ပဏီများအား မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး အလားအလာများကို ကူးသန်းရောင်းဝယ်ရေးဆိုင် ရာရှုထောင့်မှ ထုတ်ဖော်ပြသနိုင်ရန်ဖြစ်ပြီး ရန်ကုန် မြို့ ရှိ အီတလီန