Main menu

Background

Tuesday, 13 Dec 2016

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သည် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုရာတွင် နိုင်ငံခြားမှ တရားဝင်ယူဆောင်လာသည့် ငွေ ပမာဏအတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ် ချက်အား နိုဝင်ဘာလ ၂၂ ရက် ရက်စွဲ ပါအမိန့်ကြော်ငြာစာ အမှတ်(၇၅/၂၀၁၆) ဖြင့် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိ  သည်။ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံ သုံးကိရိယာများအား ကုန် သွယ်ခွင့်ပြုခြင်းကို  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)ဖြင့်လည်း ကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ် ခွင့်ပြုခြင်းကို ၂၀၁၆ခုနှ

Wednesday, 7 Dec 2016

         နိုဝင်ဘာ ၂၀ ရက်မှ ၂၆ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်း မှ မြေဩဇာတန်ချိန် ၂၈၈၀ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်က တန်ချိန် ၂၄၉၀ ကျော်ဝင်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၄၀ဝ နီးပါး အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေဩဇာအဝင်မှာ တန်ချိန် ၄၀၈၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၀၃၅၀  ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် ၆၂၆၀ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းမှအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ မြေဩဇာအဝင်လျော့ခဲ့ပါတယ်။

Wednesday, 7 Dec 2016

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အနည်းငယ်သာ ကျ ဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ "ဒီတစ်ပတ်က တကယ်ဆိုရင် ပြည်တွင်းရွှေဈေးက ကျလာရမှာ။ ကမ္ဘာ့ရွှေ ဈေးက အမေရိကန်ဒေါ်လာ ၁၁၇၈ ဒေါ်လာအထိ ကျဆင်းသွားပေမယ့် ဒီကငွေလဲနှုန်းကြောင့် ပြည်တွင်းရွှေဈေးက ကျသင့်သလောက် မကျဘူး ဖြစ်သွားတယ်။ ရွှေဈေး နည်းနည်းကျလာတဲ့အတွက် ဈေးကွက်ထဲမှာတော့  အရောင်းအဝယ်အနည်း ငယ်ပြန်ဖြစ်လာပါတယ်။ ဈေးကျတော့ အရောင်းထက် အဝယ်က ပိုများလာတာပါ"ဟု ရွှေကုန်သည်ဦးစံမြင့်က ဆို သည်။

Wednesday, 7 Dec 2016

         ရှမ်းနနွင်းလည်း  ပုံမှန်တော့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်ကိုဝင်တဲ့ တောင်ပို့လ၊ ဟိုပုံး၊ အင်းလေး၊ ဆင်တောင် စတဲ့ နနွင်းတွေမှာ ဒီတစ်လ မှာအများဆုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ နနွင်းကတော့ ဆင်တောင်နနွင်းနဲ့ တောင်ပို့လနနွင်းတို့ဖြစ်ပါတယ်။ ပြည် တွင်းသုံးအတွက်သာ အဝယ်ရှိခဲ့ပြီး ပြည်ပဝယ်လက်ကတော့ အမေးသာရှိပြီး လက်တွေ့တော့ အဝယ်မရှိသေးဘူးလို့လည်းသိရပါတယ်။ နနွင်းအသစ် ေ တွကတော့ လာမယ့်နှစ်စပိုင်းကစပြီး တော့ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့လည်းသိရပါတယ်။ အခုလောလောဆယ်တော့ အောင်ပန်းဈေးကွက်မှာ တောင်ပို့လနနွင်းတွေက ကုန်သလောက် ဖြစ်သွားပါပြီ။ ပြည်တွင်းသုံး လက် လီ သမားတွေက အမှုန့်ကြိတ်ဖို့အတွ

Wednesday, 7 Dec 2016

            မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလကုန်ပတ် ပဲဈေးကွက်မှာ ပဲဟောင်းအချို့ ဈေးအနည်းငယ်မြောက်ခဲ့ပြီး ပဲသစ်ပေါ်စ၊ ပဲတီစိမ်း၊ မတ်ပဲနဲ့ပဲလွန်းပြာတွေ ဈေးတက်ခဲ့ကာ ပဲဟောင်း ဈေးကွက်မှာတော့ ပဲလက်လီအဝယ်သာရှိခဲ့ တယ်လို့ ဒိုင် ရပ် ကွက်က သိရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲမျိုးစုံ ဈေးကွက်အနေနဲ့ ဒေသတွင်းလုပ်ငန်းသုံးနဲ့ မျိုးအတွက် အဝယ်ရှိခဲ့လို့ ဆက်လက်ဈေးမာခဲ့ရာ V2 တစ်တင်း  ကျပ် ၄၆၅၀ဝ၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၅၅၀ဝ နဲ့ 929 တစ်တင်းကျပ် ၄၄၀ဝ၀ အသီးသီး အမြင့်ဈေးရခဲ့ကာ တစ်ရက်အိတ် ၂၀ဝခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။

Tuesday, 6 Dec 2016

         ယခုတစ်ပတ်ရန်ကုန်မြို့ ဝါးတန်းကုန်စည် ဒိုင်ရဲ့ ဆန်ဈေးကွက်မှာ ဆန်ဟောင်းဈေးငြိမ်ပြီး ဆန်ကြမ်းသစ် (ရှယ်) ဈေးတက်လာတာတွေ့ရပါ တယ်။ ဆန်ချောပေါ်ဆန်းဆန်ဖျာပုံ ထိပ်စ တစ် အိတ်ကျပ် ၃၆၀ဝ၀ နဲ့ လတ်စ  တစ်အိတ် ကျပ်၃၃၀ဝဝ၊ ပုသိမ်/ မြောင်းမြ ထိပ်စတစ်အိတ် ကျပ်၃၆၅၀ဝနဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀ဝဝ၊ နယ်စုံ ကျိုက်လတ်ထိပ်စ   တစ်အိတ်  ကျပ် ၃၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၂၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၅၀ဝ နဲ့ ဆန်ချောဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိနေကြောင်းသိရှိရပါတယ်။

Tuesday, 6 Dec 2016

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပို့ကုန်သွင်းကုန်လိုင်စင် များအား ဈေးနှု န်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများ က တင်ပြလာသည့်  Invoice နှင့် Sale Contract  ပါ ဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန် လိုင်စင်များကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့်အမိန့်ကြော်ငြာ စာအမှတ်(၇၄/၂၀၁၆)တွင် ဖော်ပြထားသည်။

Friday, 2 Dec 2016

        သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ၁၅၉၂၂၆၂၂ တန်ဖိုးရှိ ဒီဇယ်၂၂၈၆၅ ဒသမ ၂၃၂တန် နဲ့ ကန်ဒေါ်လာ  ၁၈၇၆၃၃၀၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၅၁၂ ဒသမ ၇၈၇ တန် ကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ (95) က ၂ ဒသမ ၆၄ တန်သာ ဝင်ခဲ့ပြီး (92) က ၁၉၅၁၀ ဒသမ ၁၄၇ တန်  ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က ဓာတ်ဆီ၊ ဒီဇယ် အဝင်မရှိပဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Friday, 2 Dec 2016

         မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ တတိယပတ် ပဲဈေးကွက် မှာ မနှစ်က ဆောင်းပဲတွေ  ဒိုင်မှာ လက်ကျန်နည်းလာသလို ဝယ်လိုအားကောင်းတဲ့ဒေသသုံး ပဲတွေဖြစ်ကြတဲ့ ပဲနီလုံး ကြား၊ ပဲပုပ်စေ့နဲ့ ကုလားပဲမျိုးစုံတို့ ဈေးတက် ခဲ့တာ တွေ့ရပါ တယ်။ ကုလားပဲဈေးကွက်မှာ ဒေသတွင်းလုပ်ငန်းသမားတွေ ဖြစ်ကြတဲ့ အမှုန့်ကြိတ်စက်၊ ပဲခွဲစက်နဲ့   ကြာဆန်စက်သမားတို့ ပုံမှန်ဝယ်လို အားရှိတာကြောင့် V2 တစ်တင်း ကျပ် ၄၇၀၀၀၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၆၀၀၀ နဲ့ 929 တစ်တင်း ကျပ်၄၅၃၀၀ အသီးသီး အမြင့်ဈေးပေါက်ခဲ့ပြီး လက်ကျန်ရှိတဲ့  V2 နဲ့ 929 တစ်ရက်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒေသတွင်း လက်လီအသုံးများပြီး  ပဲလက်ကျန် နည်း လာတဲ့ ပဲနီလု

Thursday, 1 Dec 2016

     မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (CESD) တို့ ပူးပေါင်းကျင်းပသည့် ရော်ဘာ ကဏ္ဍ ပြန်လည်ထူထောင်ရေးသို့ သက်ဆိုင်သူများပေါင်းစုံ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စိန်လှဗိုလ်နှင့် မလေးရှားနိုင်ငံမှ ဒေါက်တာလယ်ရီဝန်၊ ထိုင်း နိုင်ငံမှ ဒေါက်တာဗီရို နာရောင်တို့ ပါဝင်သည့် ပညာရှင်များက ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံ တကာ အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံ ရော်ဘာဥပဒေမူကြမ်းနှင့် ပတ

Pages