Main menu

Background

Thursday, 27 Oct 2016

         House.com.mm ၊ မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောတန်ဖိုးနည်း အိမ်ရာ အရောင်းပြပွဲ (The Affordable Housing Expo 2016) ပြပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့သည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန် ယူဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာများအား အနည်းဆုံး ကျပ် ၉၅ သိန်းမှ ကျပ် ၁၂၅ သိန်းအထိ တန်ကြေးရှိသည့် တိုက်ခန်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

Tuesday, 25 Oct 2016

         မုံရွာကုန်စည်ဒိုင် အောက်တိုဘာလတတိယပတ်ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ၊ စိမ်းကြီးနဲ့ မတ်ပဲတို့ အသီးသီးဈေးတက်ကာ အရောင်းအဝယ်သွက်လာခဲ့ပြီး၊ ပဲစင်းငုံနီကတော့ သိသိသာသာ  ဈေးကျဆင်းသွား တာ  ေ တွ့ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲဈေးဟာ ကုလားပဲဖြူလုံးကြီး တစ်တင်း  ကျပ် ၄၄၀ဝ၀ နဲ့   ၉၂၉ တစ်တင်း ကျပ် ၄၂၀ဝ၀ အသီးသီး စံချိန်တင်ပေါက်ဈေး ရောက်ရှိခဲ့ကာ အရောင်းအဝယ်အားဖြင့်လည်း တစ်ရက်အနည်းဆုံး အိတ် ၇၀ဝ ခန့်မှ အများဆုံးအိတ် ၁၅၀ဝ အထိဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်မှ သိရပါ တယ်။ ပွင့်လင်းရာသီရောက်လာပြီဖြစ်သလို ပဲသစ်ပေါ်ဖို့ အနည်းဆုံးလေးလ ကျော်လို သေးတာမို့ ခွဲစက်၊ အမှုန့်ကြိတ်စက်စတဲ့ ကုန်ချော လိုင်းနဲ့ ကြာဆန် စက်တွေရဲ့

Tuesday, 25 Oct 2016

      ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်မှာ အောက်တိုဘာလလယ်အတွင်း ပြည်တွင်း၊ ပြည်ပဝယ်လက်ပဲ အားလုံးဈေးအတက်အကျ သိပ်မဖြစ်ခဲ့ဘဲ ပဲတီစိမ်းသီးနှံဈေး မြင့်တက်လာပြီး ကျန်ပဲအားလုံးလိုလို ဈေးငြိမ်အေ ရာင်းအဝယ် ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။ မတ်ပဲသီးနံှမှာ ဒုတိယပတ်မှစ၍ ဈေးလျော့လာပြီး ယခုချိန်အထိလည်း ဈေးပြန်မြင့်တက်လာခြင်းမရှိဘဲ ဈေးငြိမ်နေခဲ့ပါတယ်။ ပဲအဝင်မရှိပေမယ့် တစ်ခါတစ်ရံအိတ် ၅၀ နှင့် ၁၀၀ ကြား ဝင်ရောက်ခဲ့ပြီး ဝယ်လက်ကတော့ ရန်ကုန်ဝယ်လက်ဝယ်ယူမှုရှိလို့ တစ် ရက်   အိတ် ၁၅၀ နှင့် ၂၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးအေးနေ သလို အရောင်းအဝယ်လည်း အေးနေခဲ့တာကို တွေ့ရပါတယ်။ ယခင်နှစ်က ေ အာက်တိုဘာလ အတွင်း လကုန်ပတ်မှ

Tuesday, 25 Oct 2016

          ပြည်ပဲဈေးကွက်အတွင်း ဒေသတွင်းမှ လက်လီသမား များနဲ့သာ အရောင်းအဝယ်အဖြစ်များတဲ့ စားတော်ပဲသီးနှံဟာ ဈေးနှုန်းအနေဖြင့် ပြည်ပဝယ်လက်ပဲတွေဖြစ်တဲ့ ပဲစင်းငုံ၊ မတ်ပဲသီးနှံများကဲ့သို့ ဈေးကောင်းရတဲ့သီးနှံ တစ်မျိုးဖြစ်ခဲ့ပါတယ်။ ယခုနှစ်မှသာလျှင် ပြည်ပဝယ်လက်သီးနှံတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးကောင်းရလာသလို စားတော်ပဲ သီးနှံကလည်း အဲဒီသီးနှံတွေအတိုင်း ဈေးပြိုင်နီးပါးရရှိခဲ့ပါတယ်။ ၂၀၁၄ခုနှစ်က စားတော်ပဲ သီးနှံဟာ ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးဈေးနဲ့ ထိပ်ဆုံးကရပ်တည်နေခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် အခြားပဲများ နှစ်အလိုက်ဈေးအတက်အကျ မြန်ပေမယ့် စားတော်ပဲသီးနှံမှာ မူ နှစ်စဉ်လိုလို ဈေးကောင်း ရခဲ့တဲ့သီးနှံ

Tuesday, 25 Oct 2016

      ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်ရဲ့ယခုတစ်ပတ် ဆန်လက်ကားဈေးနှုန်းအရ ဆန်ချောဈေး အနည်းငယ်မြင့်တက်ပြီး ဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါတယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ် စတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၃၆၀ဝ၀ နဲ့ လတ်စတစ်အိတ် ကျပ်၃၃၀ဝဝ၊ ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၆၅၀ဝ နဲ့ လတ်စတစ်အိတ်ကျပ် ၃၃၀ဝဝ၊ ကျိုက်လတ် ပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၃၂၀ဝ၀ နဲ့ လတ်စတစ်အိတ် ကျပ် ၂၉၀ဝ၀ ဖြစ်ပြီး  ဖျာပုံနဲ့ပုသိမ် ပေါ်ဆန်းက တစ်အိတ်ကို ကျပ် ၅၀ဝ ဈေးတက်လာကြောင်း သိရပါတယ်။ ရွှေဘို ပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၅၀ဝ ဈေးနဲ့ ဈေးငြိမ်နေပါ တ ယ်။ ဆန်ချောအကောင်းစားက အဝယ်လိုက်လိ

Tuesday, 25 Oct 2016

      ၂၀၁၆ ခုနှစ် မိုးစပါး များ အသစ်ပေါ်ထွက်လာပြီးဈေးကွက်အတွင်းသို့ ၅၀ ရာခိုင်နှုန်း ဝင်ရောက်လာပြီဖြစ်ကြောင်း သိရပါတယ်။ စပါးဈေးအဖွင့်ဈေးထက် ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ထပ်မံကျလာတာတွေ့ရပါတယ်။ စပါးအရည်အသွေးနဲ့ အစိုဓါတ်ပေါ်မူတည်၍ စပါးဈေးအကျဘက်ရောက်နေတာ ဖြစ်ကြောင်းသိရပါတယ်။ ယခုတစ်ပတ်ရဲ့ စပါးဈေး၊ ဆန်ဈေးတွေကတော့ တောင်ပျံမွှေးစပါးတင်း (၁၀ဝ)၄၆ပေါင်ကိုက်ဈေး ကျပ် ၇၈၂၀ဝ၀ နှ င့် ဆန်တစ် အိတ်ဈေး ကျပ် ၃၂၀ဝဝ၊ ဧည့်မထစပါး(မိုး)ဟောင်း ကျပ် ၄၇၀ဝဝဝနှင့် ဆန်တစ်အိတ်ဈေး (ဟောင်း) ကျပ် ၁၈၀ဝဝ၊ ဧည့်မထ (မိုးသစ်) စပါးဈေး ကျပ် ၃၄၀ဝဝဝနှင့် (မိုးဆန်သစ်) တစ်အိတ် လျှင် ကျပ် ၁၄၀ဝဝမှ ကျပ် ၁၇၀ဝဝအထိ ဆန် အမျိုးအစားပေါ် မူတည်၍ဈေးနှုန

Wednesday, 19 Oct 2016

        သီတင်းကျွတ်ကာလအတွင်း ရန်ကုန်မြို့ ကား ဈေးကွက် အခြေအနေမှာ ယခင်ရက်သတ္တပတ်များ နှင့်စာလျှင် အရောင်းအဝယ်ပြန်ရှိလာပြီး ကားအရောင်း စင်တာများတွင်လည်း အမေးရှိလာကြောင်း သိရှိရသည်။ သီတင်း ကျွတ် ကျောင်းပိတ်ရက်ကာလနှင့် တိုက်ဆိုင်နေသဖြင့် ကားပွဲစားတန်းများနှင့် အခြားနေရာများတွင် လူ အဝင်၊ထွက် ကျဲပါးပုံရှိနေသော်လည်း အချင်းချင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် လက်သိပ်ထိုးအရောင်းများဖြင့် အရောင်းအဝယ် များ ရှိနေကြောင်း၊ ကျောင်းပိတ်ရက်များရှိသဖြင့် နယ်ဝယ်လက်များဆင်းလာကာ ရန်ကုန်မြို့တွင် ဝယ်စီးသမားများလည်း ပြန်ရှိလာသဖြင့် ယခုတလော အရောင်းအဝယ်မဆိုးလှကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော် က ပြောသည်။ ယခုလလဆန်းပ

Wednesday, 19 Oct 2016

         အမျိုးသားပို့ကုန်မဟာဗျူဟာရှိ၊  ကယား ပြည်နယ်ခရီးသွားလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၆ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံး အမှတ် (၃)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အသေး စား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ ကော်မတီ အဖွဲ့ဝင်များ၊ နိုင်

Wednesday, 19 Oct 2016

      ယခုတစ်ပတ်တွင် YSX ၌ ရောင်းဝယ်လျက်ရှိသည့် စတော့ရှယ်ယာအသီးသီး၏ ဈေးနှုန်းများ အနည်းငယ်စီ မြင့်တက်ခဲ့ကြောင်း YSX ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်မှု မှာ FMI ၏ အစုရှယ်ယာများသာလျှင် ဈေးကွက်အတွင်း ပမာဏအများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်အစုရှယ်ယာများမှာ အနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။ ယခုရက်ပိုင်းတွင် ငွေလဲနှုန်း များ မြင့်တက်လျက်ရှိသဖြင့် ရှယ်ယာဈေး နှုန်းများ မြင့်  တက်ရခြင်းဖြစ်သည်ဟု ဆို သည်။

Wednesday, 19 Oct 2016

       ယခင်တစ်ပတ်က ပြည်တွင်းငွေလဲနှုန်း ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ရာ တစ်ပတ်အတွင်း ကျပ်သုံးသောင်းကျော်ကျဆင်းခဲ့သည်။ ယခုတစ်ပတ်အစပိုင်းတွင် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းခဲ့မှုကြောင့် ပြည် တွင်းရွှေဈေးသည် ရက်သတ္တတစ်ပတ်အစပိုင်းတွင် ကျပ် ၈၄၈၅၀ဝ သို့ကျဆင်းခဲ့သော်လည်း ရက်သတ္တတစ်ပတ်ကုန်ဆုံးသည့်ရက်တွင်မူ ကျပ် ၈၅၈၀ဝ၀ သို့ ပြန်လည်မြင့်တက်လာခဲ့သည်။ အခုရက်ပိုင်း မှာပြည်တွင်းရွှေဈေးက ပြန်မြင့်တက်လာတယ်။ ဟိုအရင်တုန်းကဆိုရင် ပြည်တွင်းရွှေဈေးကျလာရင် ငွေလဲနှုန်းက မြင့်လာတယ်။ ပြည်တွင်းရွှေဈေး မြင့်တက်လာရင် ငွေလဲနှုန်းကကျလာတယ်။ ပြည်တွင်းရွှေဈေးနဲ့ ငွေလဲနှုန်း က ပြောင်းပြန်

Pages