Background
မြန်မာ့ကျောက်မျက်ရတနာထွက်ကုန်များသည် ကမ္ဘာပေါ်ရှိမည်သည့် ကျောက်မျက်ရတနာဈေးကွက်တွင်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးရှိကြောင်း အမေရိကန်ကျောက်မျက်ကုန်သွယ်ရေးကဏ္ဍမှ ကိုယ်စား လှယ်များက မှတ်ချက်ပြုခဲ့ကြသည်ဟုဆိုသည်။ အမေရိကန်ကျောက်မျက်ကုန် သွယ်ရေးအသင်း (AGTA) ဥက္ကဋ္ဌဖြစ်သူ Mr Jeffrey Bilgore က "ကျွန်တော်တို့ ဒီကိုလာတွေ့တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ကျောက်မျက်ရတ နာ ကဏ္ဍဟာ ကမ္ဘာ့ဘယ်နိုင်ငံနဲ့ မဆိုတန်ဖိုးချင်းယှဉ်နိုင်ဆိုတဲ့အကြောင်းနဲ့ကုန်စည်ကူးသန်းမှုကပဲ ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူ ပြုမှာဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမိုရင့်သန်လာစေမှာဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြ သဖို့ပါပဲ။ မြန်မာ
စက်တင်ဘာ၂၅ရက်မှ အောက်တိုဘာ ၁ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၅၈၉၆၀တန်ဖိုးရှိ နို့ဆီ၁၂၄ ဒသမ ၂၀တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဒွန်းနို့ဆီတစ်မျိုး တည်း သာ ဝင်လာခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်မှာ တန်ချိန်၂၇၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုကတန်ချိန် ၁၄၀ကျော် လျော့ နည်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားမှ နို့မှုန့် ၅၂ ဒသမ၈၅၃တန်၊ နယူး ဇီလန်မှ ၅၀ဒသမ ၄၀တန်၊ ဗီယက်နမ်မှ ၁၁ ဒသမ ၇၀ တန်၊ စင်ကာပူမှ ၂၉ ဒသမ၆၄၈တန် စုစုပေါင်း ၁၄၄ ဒသမ ၅၈၃တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နို့မှုန့်တစ်တန်ကျော်သာ တင်သွင်းခဲ့တာကြော င့် ဒီတစ်ပတ် တင်သွင်းမ
စက်တင်ဘာလ၂၅ ရက်မှ အောက်တိုဘာ ၁ရက် သီတင်းပတ်မှာ ပြည်တွင်း ကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၉၀ရှိခဲ့တယ်လို့ သိရပါတယ်။ယခင် တစ်ပတ် ဘိလပ်မြေအဝင်မှာတန်ချိန် ၁၀၅၅၀ကျော် ရှိခဲ့တာေ ကြာင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၀၀၀၀ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နယ်စပ် လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၇၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၁၂၉၆၀ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန်၄၁၆၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်း မှ အဝင်ပိုခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများလည်းပြန်လည်ကျဆင်းလာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အမြင့်ဆုံးဈေးအဖြစ် ကျပ် ၈၉၂၀၀၀ အထိ ေ ရာက်ရှိခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုတစ်ပတ်တွင် ကျပ်သုံးသောင်းကျော် ပြန်လည်ကျ ဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်း မှ သိရသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနှင့်အတူ ပြည်တွင်းငွေလဲနှုန်းများပါ ကျဆင်း လာ မှုကြောင့် ပြည်တွင်းရွှေဈေးများလိုက်ပါ ကျဆင်းလာခဲ့ခြင်းဖြစ်သည်ဟု ရွှေဈေး ကွက် ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ပြန်လည်ကျဆင်းခဲ့ ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းရှိ နိုင်ငံခြားငွေကိုင်ဆောင် ရောင်းဝယ်နေသည့် ပုဂ္ဂလိကဘဏ်များနှင့် ပုဂ္ဂလိကငွေလဲစင် တာများမှ တာဝန်ရှိ သူများအား ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများက ခေါ်ယူ တွေ့ဆုံပြီးနောက် ငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးသီးနှံဖြစ်သည့် ပဲမျိုးစုံ စိုက်ဧရိယာမှာ မကြုံစဖူး မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်ငါးနှစ်က ပုံမှန်စိုက်ဧကထက် ပိုမိုစိုက် ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာတွင် ဖော်ပြထားသည့် အချက်အလက်များ အရ စိုက်ပျိုးပြီးစီးခဲ့သည့် မိုးသီးနှံဧရိယာမှာ ဟက် တာ ၁၀၁၉ ဒသမ ၁၀သိန်းဖြစ်ပြီး ယခင်ပုံမှန်စိုက် ပျိုးသည့် ဧရိယာမှာ ဟက် တာ ၁၀၆၂ ဒသမ ၅၀ သိန်းဖြစ်ရာ လေးရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပါ သည်။ မုတ်သုံမိုးရွာသွန်းမှုကြောင့် ပဲမျိုးစုံနှင့် ဆန် စပါးစိုက်ဧကမှာ ပုံမှန်စိုက်ဧက ထက် ပိုမိုစိုက်ပျိ
ပြည်ပဲဈေးကွက်မှာ အောက်တိုဘာလဆန်းရက် ပြည်ပဝယ်လက် ပဲများ ဈေးမြင့်လာတာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ စက်တင်ဘာလအတွင်း ဈေး အေး အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် အိတ်အနည်းငယ်သာ ရောင်း ဝယ်မှုရှိခဲ့ပြီး လကုန် ရက်မှစ၍ ဈေးပြန်လှုပ်လာခဲ့ပါတယ်။ ယခုလဆန်းရက်မှာလည်း ဈေးဆက် မြင့်တက်ခဲ့ကာ ရန်ကုန်ဝယ်လက်များ နေ့စဉ်အဝယ်ရှိခဲ့ပါတယ်။ အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများရော ပဲ အဝင်ပါရှိခဲ့လို့ ဝယ်လိုအားရှိ သလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေ တောင်၊ ကျီးသဲမြို့နယ်များမှ နေ့စဉ်ဝင်ရောက်နေတယ်လို့ သိရပါတယ်။ ပဲဈေးနှုန်း မှာ တစ်တင်း ၄၆၅၀၀ ကျပ်ဖြင့် စက်တင်ဘာလကုန်ဈေးထက်
အောက်တိုဘာလဆန်းတွင် ပဲဈေးအချို့ဈေးမြင့်တက်ခဲ့လို့ ပဲသစ်ပေါ် ချိန်မှစ၍ ဈေးကောင်းမရဘဲ ဈေးအေးခဲ့တဲ့ ပဲတီစိမ်းသီးနှံဟာ ယခုတစ်ပတ် မှာတော့ တစ်တင်းကျပ် ၂၄၅၀၀ ရရှိခဲ့တဲ့အတွက် ပဲသစ်ပေါ်ချိန်အဖွင့်ဈေးကို မီလုနီးပြီ ဖြစ်ပါတယ်။ ပဲသစ်ပေါ်စ သြဂုတ်လဆန်းမှာ တစ်တင်း ၂၅၅၀၀ ကျပ်ဖြင့် ဈေးဖွင့် ခဲ့ပြီး ပဲအဝင်လှိုင်လာချိန်မှစ၍ ပဲဈေးနှုန်းများ လျော့နည်းကျဆင်းခဲ့ကာ မန္တလေးဝယ်လက်က နေ့စဉ်ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲဝင်ရောက် မှု နည်းပါးလာ သော်လည်း ပန်းတောင်း၊ မင်းတုန်း၊ ကံမနယ်စုံမှ အိတ် ၁၀၀ ကျော် နေ့စဉ် ဝင်ရောက်ခဲ့သလို မန္တလေးဝယ်လက်မှ အဝင်ရှိသလောက် ဝယ်ယူခဲ့လို့ အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတ
မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း)မှာ နေ့စဉ်(ဥပုသ်နေ့မှအပ) လယ်ယာထွက်ကုန်သီးနှံများအား အနယ်နယ်အရပ်ရပ်မှ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များလာရောက်ပြီး အရောင်း အဝယ်ပြုလုပ် ကြပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှာ ပဲတီစိမ်း တစ်ပိဿာ၁၃၆၉ ကျပ်(တစ်တန် ၈၃၈၃၆၂ ကျပ်) နဲ့အရောင်း အဝယ်ဖြစ်လို့ ယခင်တစ်ပတ်ဈေးနှုန်း အောက်တစ်ပိဿာ ၅၃ ကျပ်(တစ်တန် ၃၂၄၅၇ ကျ ပ်) နဲ့ ဈေးအေးသွားပေမယ့် နေ့စဉ် သုံးတင်းအိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၈၃ ကျပ်(တစ်တန် ၆၆၃၂၁၈ ကျပ်) နဲ့ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း နေ့စဉ်သုံးတင်းအိတ် ၁၀၀ ခန့်၊ ပဲကြီးတစ်ပိဿာ ၁
ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ လုံးဆန်အဝယ်ရပ်သဖြင့် ဈေးကျလာပါတယ်။ ဆီဆန်ဈေးမှာ အဝယ်ရှိသော်လည်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်ဘက် မှ တစ်နေ့လျှင် အိတ် ၁၅၀၀ ခန့်အဝင်ရှိပြီး မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့်ရန်ကုန်ဘက်မှ ဆီဆန်ကို အဝယ်ရှိနေတာတွေ့ရပါ တယ်။ လုံးဆန်ကိုဝယ်လက်အဝယ်ရပ်သဖြင့် ဈေးကျနေတာတွေ့ရပါ တယ်။ မြေပဲဆန်ဈေးအနေဖြင့် စက် တင်ဘာလဆန်းတွင် ဆီဆန်တစ် ပိဿာလျှင် ကျပ် ၁၆၀၀ နဲ့ လုံးဆန်တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဈေးရှိခဲ့ပြီး စက်တင်ဘာလကုန်တွင် မြေပဲဆီဆန်တစ်ပိဿာလျှင် ၁၄၅၀ ကျပ်နှင့် လုံးဆန် တစ်ပိဿာလျှင် ကျပ် ၁၉၀၀ဖြင့်ဈေးကျလာ တာတွေ့ရ ပါတယ်။