Main menu

Background

Monday, 19 Sep 2016

ရန်ကုန်မြို့ ဝါးတန်းဆန်ဈေးကွက်ရဲ့ သြဂုတ် ၁၅ ရက် လက်ကားဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းထိပ်စ တစ်အိတ်ကို ကျပ် ၃၅၅၀၀၊ လတ်စတစ်အိတ်ကို  ကျပ် ၃၃၀၀၀၊ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စ  တစ်အိတ် ကျပ် ၃၆၅၀၀၊ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိတ် ကျပ် ၃၃၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၄၃၀၀၀ မှ ကျပ် ၄၅၅၀၀နဲ့ ယခင်တစ်ပတ်ဈေးအတိုင်း အပြောင်းအလဲသိပ် မရှိဘဲ ဆန်ချောအညံ့သာ တစ်အိတ်ကို ကျပ် ၅၀၀ ခန့်ဈေး ကျသွားကြောင်း သိရှိရပါတယ်။ဆန်ကြမ်းဈေးလည်း  တစ်အိတ်ကို ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ကြားဈေးကျကြောင်း သိရပါတယ်။ ဧည့်မထဆန် ထိပ်စ တစ်အိတ် ကျပ် ၂၀၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၁၉၅၀၀ ဖြစ်ပြီးယခ

Thursday, 15 Sep 2016

ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်စပါး ဈေးကွက် မှာ စက်တင်ဘာ ၈ ရက် လက်ကား ဈေးနှုန်းအရ ဆန်ချော ရော ဆန်ကြမ်းဈေးပါ အနည်းငယ် ကျဆင်းကြောင်း သိရပါ တယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ကျပ် ၃၅၅၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ ပုသိမ်^ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၆၅၀၀နဲ့ လတ်စတစ် အိတ် ကျပ် ၃၄၀၀၀နဲ့ ဈေးငြိမ်နေပါတယ်။ နယ်စုံ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ လတ်စ တစ်အိတ် ကျပ် ၃၁၅၀၀ ဖြစ်ပြီး ထိပ်စတစ်အိတ်ကို ယခင် တစ်ပတ်ထက် ကျပ် ၅၀၀ ဈေးကျလာတာ တွေ့ရပါတယ်။ ရွှေဘိုပေါ်ဆန်း ဆန်ကတော့ တစ်အိတ်ကို  ကျပ် ၄၃၀၀၀ မှ ၄၅၅၀၀ ထိရှိပြီး ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှု မရှိပါဘူး။ ဆန်အဝင်မျာ

Thursday, 8 Sep 2016

သြဂုတ်၂၁ရက်မှ ၂၇ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ နနွင်း ၁၉၆ ဒသမ ၇၅ တန်ကို တင်ပို့ခဲ့ပါတယ်။   ဒီတစ်ပတ်မှာ အိန္ဒိယသို့ ၂၈ဒသမ ၇၅ တန်နဲ့ စင်ကာပူသို့ ၁၆၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါ   တယ်။ ယခင်သီတင်းပတ်က နနွင်းတင်ပို့မှုမှာ တန်ချိန်၂၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၉၀ ကျော်တင်ပို့မှုလျော့ခဲ့ပါတယ်။နနွင်းတင် ပို့မှုမှ ကန်ဒေါ်လာ ၁၅၀၄၉၅၀င်ငွေရရှိခဲ့ တယ်လို့သိရ ပါတယ်။

 

သီတာဝင်း(DOT)

Wednesday, 7 Sep 2016

မုံရွာကုန်စည်ဒိုင် သြဂုတ်လကုန်ပတ်  ပဲဈေးကွက်မှာ ငုံနီနဲ့ကုလားပဲမျိုးစုံ ဈေးဟာ လဆန်းပိုင်းက အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ရာမှ လလယ်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာငုံနီဈေးအနေနဲ့ ၂၇၅၀၀ ကျပ်၊ ၂၈၅၀၀ ကျပ်၊ ၃၁၅၀၀ကျပ်နဲ့ ၃၂၅၀၀ ကျပ်အထိ အဆင့်ဆင့် မြင့်တက်လာခဲ့သလို ကုလားပဲ ဈေးကွက်မှာလည်း V၂ တစ်တင်း ၃၆၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်သို့လည်းကောင်း၊ ထိုင်ဝမ်တစ်တင်း ၃၅၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၄၃၀၀ ကျပ်မှ ၃၆၂၀၀ ကျပ်သို့ အသီးသီးဈေးမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လက်ပါးသလို အဝင်လည်းကျဲနေကာ ယခု တစ်ပတ်အတွင်း စိမ်းကြီးတစ်တင်း (ရှယ်) ၂၅၀၀၀ ကျပ် - ၂၃၀၀၀ ကျပ် နဲ့ (ညံ့) ၂၁၅၀၀ကျပ

Wednesday, 7 Sep 2016

သြဂုတ်လအတွင်း   ပုသိမ်ဆန် စပါးဈေးကွက်မှာ  အရောင်းအဝယ် အေးလျက်ရှိပြီး ယခင်လထက် ဈေးကျ  ဆင်းလျက်ရှိကြောင်း   ယခင်နှစ်ရေကြီး ချိန်က နွေသီးထပ်ရင် ဆန်တစ်အိတ်ကိုကျပ်၂၀၀၀၊ ကျပ် ၃၀၀၀ ဈေးနှုန်းမြင့် တက်ခဲ့သော်လည်း ယခုနှစ် သြဂုတ်လ အတွင်း ကာလတူရေကြီးချိန်မှာ  ဆန် စပါးဈေးနှုန်း မြင့်တက်မှုမရှိကြောင်း ဈေးကွက်မှ သိရပါတယ်။ယခင်လက ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင်   (တင်း ၁၀၀)လျှင် ၁၀၅၀၀၀၀ ကျပ်၊ ယခု ၁၀၄၀၀၀၀ ကျပ်၊ ၁၀၃၅၀၀၀ ကျပ်၊ ပေါ်ဆန်းရင် စပါး ၁၀၅ ပေါင် (တင်း  ၁၀၀)လျှင် ၉၅၀၀၀၀ ကျပ်ဈေးမရှိခဲ့သော်လည်း ယခုအခါတွင် ကျပ် ၉၄၀၀၀၀၊ ၉၃၅၀၀၀ ဈေးဖြစ်သွားပြီး၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ယခင်ကျပ် ၃၅၀၀၀ မှ ယခု ၃၄၅၀၀ ကျပ်၊ ၃၄၀၀

Thursday, 1 Sep 2016

အိန္ဒိယအစိုးရသည်ကျေးရွာ အားလုံးလျှပ်စစ်မီးလင်းရေး အစီ အစဉ်အား ၂၀၁၇ ခုနှစ်၊ မေလတွင် အပြီးသတ်ဆောင်ရွက်ရန် ရည်မှန်း ထားခဲ့ရာ ယခုအခါ အဆိုပါ အစီအစဉ် အား သတ်မှတ်ကာလထက်အနည်းဆုံး ငါးလစော၍ အပြီးသတ်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။သို့ဖြစ်၍ ၂၀၁၆ ခုနှစ်၊ ဒီဇင် ဘာလကုန်တွင် အိန္ဒိယနိုင်ငံအတွင်း လျှပ်စစ်မီးမရရှိသေးသည့်   ကျေးရွာ အားလုံး  လျှပ်စစ်မီးများ ရရှိ လာနိုင် တော့ မည်ဖြစ်ကြောင်း၊ ပြည်နယ်စွမ်း အင်ဝန်ကြီးများနှင့်နှစ်ရက်ကြာ တွေ့ ဆုံဆွေးနွေးပြီးနောက်၊ အိန္ဒိယစွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  Piyush  Goyal  က ဇွန် ၂၀ ရက်တွင် အတည်ပြု ပြောကြားခဲ့ကြောင်း သိရ ပါသည်။

Wednesday, 31 Aug 2016

       သာယာဝတီခရိုင်နှင့် ပြည်ခရိုင် မြို့နယ်များတွင် အသားတိုးကြက် (Boiler) မွေးမြူ ထုတ်လုပ်မှုများ ၂၀၁၄ ခုနှစ်မှစ၍ များပြားလာကြောင်း သိရှိ ရပါသည်။ မွေးမြူထုတ်လုပ်မှု အရေအတွက် မှာ ပြည်ခရိုင်အတွင်း မြို့နယ် များဖြစ် သည့် ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့ နယ်များတွင် တစ်မြို့နယ်ခြင်းအနေ ဖြင့် ကြက် ၄၅ ရက် တစ်သုတ်လျှင် အကောင်ရေ ၄၀၀၀၀ မှ ၅၀၀၀၀ ခန့် အထိ မွေးမြူလာကြောင်း သိရှိရပြီး၊ ဈေးကွက်အနေဖြင့် မြို့နယ်တွင်းနှင့် ပြည်- ရန်ကုန်တို့သို့ တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။

Wednesday, 31 Aug 2016

       မုံရွာကုန်စည်ဒိုင် သြဂုတ်လ လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ် ဝယ်လိုအားရှိတဲ့ နှမ်းနက်တစ်မျိုးသာ ဈေးမာခဲ့သလို အရောင်းအဝယ်လည်းသွက် ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံဈေးကွ က်မှာ နှမ်းဖြူ တစ် တင်း ကျပ် ၃၀၀၀၀ မှ ၃၁၀၀၀ အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက် အိတ် ၁၀၀ ခန့် နှမ်းညို (သစ်) ဟာ တစ်တင်း ၂၃၅၀၀ မှ ၂၄၃၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၁၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် နှမ်းနက်ကတော့ တရုတ် ဝယ်လက်ရှိလို့ တစ်တင်းကျပ် ၅၀၀၀၀ ဝန်းကျင်မှာ ဈေးမာခဲ့သလို  တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

Wednesday, 31 Aug 2016

         အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ဝန်ဆောင်မှုကဏ္ဍတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ ဖြိုးတိုးတက် လာစေရေးအတွက် နယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင် ရေး ဗဟိုဌာနမှ Netherlands Trust Fund NTF III ၏ ရန်ပုံငွေ အထောက် အပံ့နှင့် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာန ( Inclusive Tourism Focusing  on Kayah State )၏ နည်းပညာအကူအညီဖြင့် ကယားပြည်နယ်တွငf Inclusive Tourism Focusing  on Kayah State စီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်လျက်ရှိပါသည်။

Wednesday, 31 Aug 2016

        အမျိုးသားပို့ကုန် မဟာဗျူဟာရှိ ဦးစားပေး ကဏ္ဍများတွင် ပါဝင်သော ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံကဏ္ဍ အရည်အသွေး စီမံခန့်ခွဲခြင်း ကဏ္ဍတို့နှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေ တိုး မြင့် လာစေရေးအတွက် အစားအစာ လုံခြုံစိတ်ချရမှု တိုးတက်ရေးနှင့် အပင် ပိုးမွှား ရောဂါကင်းရှင်းရေး အစီအမံ များဆိုင်ရာ စီမံကိန်းကို ကမ္ဘာ့ကုန်သွယ် ရေး အဖွဲ့အစည်း၊ စံချိန်စံညွှန်းနှင့် ကုန် သွယ်မှု ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ နည်းပညာ အကူအညီပေး အကောင် အထည်ဖော်လျက် ရှိပါသည်။

Pages