Background
ယခင်တစ်ပတ်မှအဆက်
Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ
ယခု ရက်သတ္တပတ် သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ မိုးရွာသွန်းမှုများပြားလာမှု နှင့်အတူ အရောင်းအဝယ်များနည်းပါးသွားကာ ဈေးကွက် အေးသွားကြောင်း သိရသည်။ ဇူလိုင်နောက်ဆုံး ပတ်က သတ်မှတ်ခဲ့သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက် ကြောင့် လိုက်ထရပ်ကုန်တင်ယာဉ်အုပ်စု အကျပ်အတည်း တွေ့သွားပြီး စလစ်ဈေးတန်း တစ်ဟုန်ထိုးတက်ကာ သိန်း ၁၀၀ အ ထက် ၁၀၃ သိန်းမှ ၁၀၅ သိန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာမှ တောင်သူများဟာ ထန်းလျှော် တောင်းလုပ်ငန်းဖြင့် အပိုဝင်ငွေများရရှိနေကြောင်း သိရပါတယ်။ တလိုင်းကျွန်းကျေးရွာပတ်ဝန်းကျင်မှာ ထန်းပင်များ အများ အပြားရှိတဲ့အတွက် ကုန်ကြမ်းကိုလိုသလောက် ရရှိနေပါတယ်။ ထန်းလက်အတိုအရှည်ပေါ် မူတည်ကာ ထန်းလက်အချောင်းအစီး ၁၀၀ တစ်စီးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၄၅၀၀ အထိဝယ်ယူရပါတယ်။ ဝယ်ယူထားတဲ့ ထန်းလ က်တွေ ကို ကျောဘက်နဲ့ ဗိုက် ဘက်မှ လျှော်ချရပါတယ်။ လျှော်ချခအဖြစ် ထန်းလက် အစီး ၁၀၀ လျှင် ကျပ်နှစ်ထောင်ပေးရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ ဇူလိုင်နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၁၆၆ တန်ကျော် တင်ပို့နိုင် ခဲ့ ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၀၃၉၀ တန်၊ လွယ်ဂျယ်မှ ၇၇၉ တန်ကျော်၊ ချင်းရွှေ ဟော်မှ ၁၈၆၂ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၁၃၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ကန်ပိုက်တီးကုန်သွယ်ရေးမှ ပြောင်းတင်ပို့မှု မရှိခဲ့ဘဲ ကျန်စခန်းသုံးခုမှသာ ၇၄၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တရုတ်နယ်စပ်စခန်းများမှ ပြောင်း တန်ချိန်လေးသောင်းခွဲကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေး စခန်းမှာ ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၄၇၅ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅ သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိ ကန်ဒေါ်လာ သုညဒသမ ၄၈၀ သန်း ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဇူလိုင်အတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ သုညဒသမ ၆၀၀ သန်းဖြစ်၍ လျာထား ချက်အပေါ် ၈၀ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။
လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို ထိရောက် စွာ အသုံးချရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃ ရက် နံနက်က UMFCCI အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလုပ်ရုံေ ဆွး နွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး ရန်ကုန်မှ ညွှန်ကြားရေးမှူး ဦးဝင်းလွင် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ ကုန်သွယ်မှု သင်တန်းကျောင်း အမှတ်စဉ် (၈) မှ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါ တယ်။
ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခ င်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀၀၀၀ ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀၀ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင် တစ်ပတ် က တစ်ပိဿာ ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၉၅၀၀၀ ခန့်ဈေးကျဆင်းခဲ့ပါတယ်။
ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခ င်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀၀၀၀ ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀၀ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင် တစ်ပတ် က တစ်ပိဿာ ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၉၅၀၀၀ ခန့်ဈေးကျဆင်းခဲ့ပါတယ်။
ဒီတစ်ပတ် အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း ဈေးကျပြီး နှမ်းနီနဲ့ သိပ္ပံနှမ်းဈေးအနည်းငယ်တက်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာ ၂၂၁၅ ကျပ်ရှိခဲ့တဲ့ ပဲစင်းငုံနီကတော့ ယခုတစ်ပတ်မှာ တစ်ပိဿာ၂၀၅၀ ကျပ် (တစ်တန်ကို ၁၂၅၅၃၉၉ ကျပ်) နဲ့ ဈေးနိမ့်အဝယ်ဖွင့်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀ ခန့် သာရှိခဲ့ကြောင်းလည်း သိရပါတယ်။ ယခင်တစ်ပတ်က တစ် ပိဿာ ၁၂၇၅ ကျပ်ဖြစ်ခဲ့တဲ့ ပဲတီစိမ်း ကလည်း ဒီတစ်ပတ်မှာ တစ် ပိဿာကျပ် ၁၂၅၀ (တစ်တန်ကို ၇၆၅၄၈၇ ကျပ်) ဖြစ်ခဲ့တာ မို့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ဈေးကျခဲ့ကြောင်းနဲ့ တစ်ပတ် အတွင်းမှာအိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လည်းသိရပါ တယ်။ နှမ
ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၁၄၈၅၆ တန်ဖိုးရှိ မြေသြဇာ ၉၃၂၇ ဒသမ ၆၀၄တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ တင်သွင်းခဲ့ပါတယ်။ ဒီလကုန်ချိန်မှာ မြေသြဇာ အသုံးများလာ တာကြောင့် မြေသြဇာ တင်သွင်းမှုလည်း များခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချီလီနိုင်ငံမှ ၂၇ တန်၊ တရုတ်နိုင်ငံမှ ၆၄၀၉ ဒသမ ၅၆၄ တန်၊အိန္ဒိယနိုင်ငံမှ ၁၂ တန်၊ ဂျပန်မှ၂၆တန်၊ ကိုရီးယားမှ၂၃ဒသမ ၀၄၀ တန်၊ စင်ကာပူ မှ ၂၁၆ တန်နဲ့ ထိုင်း မှ၂၆၁၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ ဒုတိယအများဆုံး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ မဂ္ဂန