Main menu

Background

Wednesday, 3 Aug 2016

         ဇူလိုင် ၁၇ ရက်မှ   ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၄၇၀၇၁ တန်ဖိုးရှိ   နို့မှုန့်  ၁၂၄ ဒသမ ၁၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားမှ ၂၄ ဒသမ ၈၀၄ တန်နဲ့  စင်ကာပူမှ ၉၉ ဒသမ ၃၆ တန်ဝင်လာခဲ့ပါတယ်။  ယခင်သီတင်း ပတ် နို့ဆီအဝင်မှာ တန်ချိန် ၈၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ၃၅ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။

Wednesday, 3 Aug 2016

         ယခုတစ်ပတ်အတွင်း  သီလဝါ ရှယ်ယာဈေးနှုန်းများသာမက ရောင်းချ ရသည့် အရေအတွက်ပါ ကျဆင်းလာခဲ့ ကြောင်း သိရသည်။ ရှယ်ယာအမြတ်ရရှိရန် ရှယ်ယာ များကို  အရောင်းအဝယ်လုပ်ရန်သတ် မှတ်ထားသည့် ရက် ကျော်လွန်သွား သဖြင့်MTSH ၏ ရှယ်ယာဈေးနှုန်းများ နှင့် အရောင်းအဝယ်ပါ  ကျဆင်းသွားခဲ့ ကြောင်း  ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။ အဆိုပါ  MTSHကုမ္ပဏီ၏ အမြတ်ခွဲဝေရရှိမှုစာရင်းတွင်ပါဝင်နိုင် ရန် ရှယ်ယာ အရောင်းအဝယ်  ပြုလုပ် မည့်ရက်ကို ဇူလိုင်၂၇ ရက်ဟု  သတ် မှတ်ထားရာ အဆိုပါရက် ကျော်လွန် သွားသည့်အချိန်တွင်  ရှယ်ယာဈေး နှုန်းရော၊ အရောင်းအဝယ်ပါ ကျဆင်း သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Wednesday, 3 Aug 2016

        ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေ ဈေးပါ လိုက်ပါမြင့်တက်ခဲ့ရကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁၃၃၅ ဒေါ်လာအထိမြင့် တက်လာ သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၄၁၀၀၀ သို့  မြင့်တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက်ခဲ့သည့် ပြည် တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်ခဲ့ သဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်များပါးလျက်ရှိကြောင်း သိရသည်။

Wednesday, 3 Aug 2016

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင်မူ ငြိမ်သက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်း သိရှိရသည်။ ဈေးငြိမ်သက်နေမှုကြောင့် ဈေးကွက်အတွင်း အေ  ရာင်းအဝယ်များ  သွက်လက်လာခဲ့ကြောင်း အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကပြောသည်။ "ဈေးအတက်အကျနည်းတဲ့အတွက်  အရောင်းအဝယ်က တော်တော်လေးကို သွက်ပါတယ်။ အရောင်းအဝယ်သွက် လာပေမယ့် ဈေး ကတက်မသွားဘူး။ အရင် တုန်းကဆိုရင် အရောင်းအဝယ်သွက်လာပြီဆိုတာနဲ့ ဈေးကတက်သွားတတ်တာ။ အခုတော့ ဈေးကတစ်ပတ်လုံးမှာ တစ်ကျပ် နှစ်ကျပ်လောက်ပဲ တက်တဲ့အတွက် ဈေးငြိမ်တယ်လို့ပြောရမှာပါ"ဟု ဈေး ကွက်အတွင်းဝယ်ရောင်း လုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Wednesday, 3 Aug 2016

ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်  သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ၅၅၉၀၃၂၈တန်ဖိုးရှိ ဒီဇယ် ၁၁၅ ဒသမ ၉၃၅တန်နဲ့ကန်ဒေါ်လာ ၁၃၂၈၁၀၇ တန်ဖိုးရှိ ဓာတ်ဆီ ၂၁ ဒသမ ၃၀၇တန်ကို တင် သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ အဆင့်မြင့်ဒီဇယ်၊ ၉၂ နဲ့ ၉၅ တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဓာတ်ဆီအဝင်မှာ တန်ချိန် ၃၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင် သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၂၉၀ ေ ကျာ်တင်သွင်းမှုလျော့ခဲ့သလို ယခင်တစ်ပတ် ဒီဇယ်အဝင်မှာ တန်ချိန်၂၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၁၀၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ဒီဇယ် ရော ဓာတ်ဆီပါ တင်သွင်းမှုလျော့ခဲ့တယ်လို့

Wednesday, 3 Aug 2016

       ပြည်ကြက်သွန်နီ ဈေးကွက်သို့ ကျောက်ပန်းတောင်း၊  ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ ပခုက္ကူ  စသည့် နယ်စုံမှ ယခင်တစ်ပတ်အတိုင်း ကြက် သွန်နီ ပုံမှန်ဝင်ရောက်နေပြီး ဇူလိုင် ဒုတိယပတ်မှစ၍ အဝင်ဆက်တိုက်  များပြားနေတဲ့အတွက်  ကြက်သွန်နီများ ပေါများနေမှုကြောင့် လက်လီရောင်းချ သူများမှ အပြိုင်အဆိုင် ဈေးလျော့ပြီး  ရောင်းချလျက်ရှိတာ တွေ့ရပါတယ်။ နယ်စုံမှ ကြက်သွန်နီများ   ဝင်ရောက် လာတဲ့အတွက်  အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်  ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။

Wednesday, 3 Aug 2016

          ပြည်မန်ကျည်းမှည့်  ပွဲရုံများတွင် (လက်ကျန် ဒါးလှီးမန်ကျည်းမှည့်) ဈေး အနည်းငယ် ကျလာတာ တွေ့ရပါ တယ်။ အရောင်းအဝယ်အေးပြီး လက်ကျန်များနေတာကြောင့် မန်ကျည်းမှည့် အသစ်များမပေါ်ခင် မန်ကျည်းမှည့် အဟောင်း  အရောင်းအဝယ် သိပ်မတွင်ဘူးလို့ သိရပါတယ်။ ဂွေးသီး၊ မန်ကျည်း သီးစိမ်း၊ ကင်ပွန်းချဉ်ရွက်၊  မျှစ်ချဉ်၊ ချဉ်ပေါင်ရွက် စတဲ့  ဟင်းသီးဟင်းရွက် (အချဉ်ဓာတ်ပါ) များ ဈေးကွက်အတွင်း ပေါများပြီး ဈေးနှုန်းများ ချိုသာတဲ့ အတွက် မန်ကျည်းမှည့် ရောင်းအားကျ ဆင်းနေပါတယ်။ နယ်တင်ပို့မှုမှာလည်း မရှိကြောင်း သိရပါတယ်။

Wednesday, 3 Aug 2016

        ဇူလိုင် ၁၇ ရက်မှ ၂၃ရက် သီတင်း ပတ်အတွင်း မန်ကျည်း ၆၃ ဒသမ ၅ တန်ကို စင်ကာပူနိုင်ငံသို့ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ  တင်ပို့ခဲ့ပါ တယ်။သီတင်းသုံးပတ် တင်ပို့မှုပျောက် ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မြှ ပန်လည်  တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကာလတူ ဖြစ်တဲ့ ၂၀၁၅ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အတွင်းမှာလည်း မန်ကျည်းတင်ပို့မှုမှာ ၉၉တန်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ   ကန် ဒေါ်လာ ၂၆၈၈၇ ဝင်ငွေရရှိခဲ့တယ်။

Wednesday, 3 Aug 2016

         ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်သီတင်းပတ်အတွင်း နနွင်း၁၁၈ တန်ကို စင်ကာပူ နိုင်ငံသို့ ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတန်ချိန် ၁၈၀ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပ တ် တင်ပို့မှုနဲ့ယှဉ်ရင် ၆၂ တန်ခန့် တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် နနွင်းတင်ပို့မှုမှာ တန်ချိန် ၂၄၀ ကျော်ရှိခဲ့တာကြောင့် ဒီနှစ်မှာ နနွင်းတင်ပို့မှု လျော့နည်းခဲ့တယ် လို့ သိရပါ တယ်။  ဒီတစ်ပတ် နနွင်းတင်ပို့ မှုမှ ကန်ဒေါ်လာ ၉၁၄၅၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း

Wednesday, 3 Aug 2016

       ယခုတစ်ပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း (ဥမ)များ လှိုင်လှိုင်ထွက်ပေါ်နေပါတယ်။ ယခင်က ချင်း(ဥမ) တစ်ပိဿာကို ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိရှိပြီး ယခုတစ်ပတ်မှာတော့ ချင်းအထွက်လှိုင်ပြီး ေ ဈးကျ လာတဲ့အတွက် ပြည်ဈေးကွက်မှာလည်း တစ်ပိဿာကို ၄၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးကျလာပါတယ်။ ပစ္စည်းအရည်အသွေးကောင်းနေတဲ့အတွက် နယ်ဝယ်လက် များ အဝယ်လိုက်နေပါတယ်။ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင် အိတ် ၃၀၀ခန့် အဝင် ရှိပြီး လက်လီ၊ လက်ကား ရောင်းဝယ်သူများနှင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါအဝင် ပိဿာချိန် ၅၀၀ခန့် တင်ပို့ခဲ့ကြောင်း သိရ ပါတယ်။

 

Pages