Main menu

Background

Tuesday, 14 Jun 2016

          မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀၀ အထိကျ ဈေးဖြစ်ပေါ်ခဲ့တဲ့ ငုံနီမှာ ယခုတစ်ပတ် ဝယ်လိုအားသွက်လာလို့ တစ်တင်း ကျပ် ၄၈၄၀၀ အထိ ဈေးအမြင့်ဆုံးတက်ခဲ့ပြီး အရောင်းအဝယ် အနေနဲ့ တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင်ြ ဖစ် နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်စုံက ခပ်ပါးပါးသာ ဒိုင်ကိုဝင်ရောက်ခဲ့ပြီး ဝယ်လိုအားမြင့်မားမှုရှိလို့ စိမ်းကြီးတစ်တင်း ကျပ် ၃၁၅၀၀ မှ  ကျပ်၃၃၀၀၀၊ စိမ်းသေးက တစ်တင်း ကျပ် ၂၆၀၀၀ မှ

Tuesday, 14 Jun 2016

          မေ ၂၉ရက်မှ ဇွန် ၄ ရက် သီတင်း ပတ်အတွင်း နို့ဆီ/နို့စိမ်း ၅၇၁ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းတံဆိပ်တစ်မျိုးသာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်  သီတင်းပတ် နို့ဆီ/နို့စိမ်းအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။

Tuesday, 14 Jun 2016

          ယခုတစ်ပတ်အတွင်း  ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်း ချသူများ များပြားလာခဲ့ကြောင်း သိရသည်။

Tuesday, 14 Jun 2016

             ပဲခူးတိုင်း ဒေသကြီးအတွင်း ဆောင်းပဲ၊ မိုးပဲဆိုပြီး အခြားပဲများ စိုက် ပျိုးမှု များရှိသော်လည်း၊ ထောပတ်ပဲ သီးနှံကတော့ ဆောင်းပဲအဖြစ် စိုက်ပျိုး တဲ့အတွက် စိုက်ဧက အနည်းငယ်သာရှိကာ ပြည်ခရိုင်အတွင်း ရှိ ရွှေေ တာင်မြို့ နယ်နှ င့်  ပန်းတောင်းမြို့နယ်များတွင်သာ စိုက်ဧက လေးထောင်ကျော်စိုက်ပျိုး ခဲ့ပါတယ်။ ဒါကြောင့်  ပဲဈေးကွက်မှာ အရောင်းအဝယ်နည်းကာ  ပဲပေါ်ချိန် ကာလ တွင်သာ အရောင်းအဝယ်သွက် ခဲ့ပါတယ်။ နောက်ပိုင်း ကာလများတွင် အရောင်းအဝယ်အေးပြီး လက်လီဝယ် ယူမှုများသာရှိခဲ့ကြပါတယ်။ ထောပတ် ပဲသီးနှံမှာ ယခုနှစ်အတွင်း ဈေးအေးခဲ့ တဲ့အတွက် တစ်တင်း ကျပ် ၁၅၀၀၀ ဖြင့် ဈေးကွက်အတွင်း ဈေးအနိမ့်ဆုံး ရခဲ့ပါတယ်။ ဧပြီလ

Tuesday, 14 Jun 2016

            ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၁၀ ရက် လက်ကား ဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ အလတ်စ  ဆန်တစ်အိတ် ၃၂၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ထိပ်စ ဆန်တစ် အိတ်ကို ၅၀၀ ကျပ်ခန့်  ဈေးမြင့်လာ ပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်ဖြစ်လို့  ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း၊ နယ်စုံပေါ်ဆန်းဆန် များကတော့ ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ် ပတ်နဲ့  ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ဆန်လတ်စ  တစ်အိတ် ၅၀၀ ကျပ်ခန့် ဈေးမြင့်လာကြောင်း ဝါးတန်းကုန်စည် ဒိုင် ဈေးနှုန်းများ အရ စိစစ်တွေ့ရ

Wednesday, 8 Jun 2016

          ပြည်ပဲဈေးကွက်မှာ ပဲပေါ်ချိန်ကာလတွင်သာ ပဲလွန်းဖြူသီးနှံအနေဖြင့် လက်လီ/လက်ကားအဝယ်လိုက်ခဲ့သော်လည်း ကျန်အချိန်များတွင် လက်လီသမားလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲလက်ကျန်ကလည်း အနည်း ငယ်သာရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်ရှိခဲ့ပေမယ့် အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြပါတယ်။ မေလအတွင်းကတည်းက ပဲဈေးနှုန်းတစ်တင်းကျပ် ၂၁၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် ဈေးငြိမ်နေခဲ့ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်နှစ်က နှစ်ကုန်ခါနီးအချိန်တွင် ပဲဈေးအားလုံးလိုလိုမြင့်တက်ခဲ့ကြတဲ့အတွက် ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ်လက်များပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ပဲပုပ်နှင့်ထောပတ်ပဲမှ လွဲလျှင် ဈေးေ ကာင်း ရရှိခဲ့ကြပါတယ်။  ဖေဖော်ဝါရီလမ

Wednesday, 8 Jun 2016

              ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ချင်းကပြည်ပဝယ်လက် မရှိခဲ့တာ နှစ်နှစ်၊သုံးနှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းသုံးဝယ်လက်တွေသာ  ရှိတာကြောင့် ဖြုန်းအားကလည်း သိပ်မကောင်းပါဘူး။ ယခင်ပြည်ပဝယ် လက်တွေရှိစဉ်ကတော့ တစ်ပတ်ကို ပိဿာချိန်လေးသိန်း၊ ငါးသိန်းအထိအရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေမှာတော့ တစ်ပတ်ကိုပိဿာချိန် အများဆုံးမှတစ်သိန်း၊ တစ်သိန်း ခွဲခန့်သာရှိပါတော့တယ်။ အိမ်နီးချင်းနိုင်ငံေ တွက မြန်မာ့ချင်းတွေကိုမျိုးအဖြစ် ဝယ်ယူပြီးကတည်းက ရှမ်းချင်းလည်း ပြည်ပဝယ်လက် ဝယ်ယူမှုနည်းသွားပါတယ်။ ဒီဘက်နှစ်တွေမှာ ဝယ်ယူမှုမရှိသလောက်ဖြစ်သွားတယ်လို့ လည်း ဒေသခံတွေထံမှ သိရှိရပါတယ်။ ဒီတစ် ပ

Tuesday, 7 Jun 2016

             ကောင်းမွန်သော မက်ခရိုစီးပွားရေးမူဝါဒများနှင့်အတူ လျှပ်စစ် မီးနဲ့ငွေရေးကြေးရေး လက်လှမ်းမီခြင်းစသော အခြေခံ ပြုပြင်ပြောင်း လဲမှုများကြောင့် မြန်မာနိုင်ငံရဲ့   စီးပွားရေးအလားအလာသည် အနာဂတ်ကာလ တွင် ဆက်လက်ခိုင်မာမှုရှိလာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်အုပ်စုရဲ့ မေ ၃၁ ရက်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ မက်ခရိုစီးပွားရေး  တည်ငြိမ်ခဲ့ပြီးနောက် နှစ်နှစ်ကြာ စီးပွားရေးခိုင်ခိုင်မာမာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပိုမိုခက်ခဲသောစီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေလထုတ် ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ ၂၀၁၄-၂၀၁၅ဘဏ္

Friday, 3 Jun 2016

စိန်တစ်လုံးသရက်သီးများကို အလုံးလိုက်အဖြစ်လည်း ကောင်း၊ အစိတ်များစိတ်ခွဲ၍လည်းကောင်း၊ သရက်သီးအနှစ် (Paste)   အဖြစ်  လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချသွားရန

Wednesday, 1 Jun 2016

 ပြီးခဲ့တဲ့ မေတတိယပတ်အတွင်းက  ရွာသွန်းခဲ့တဲ့ မုန်တိုင်းမိုးနဲ့အမီ မုံရွာ ဒေသခံတောင်သူတွေ ဒီနှစ်အတွက် ပဲစင်းငုံနီတွေ စတင်ပျိုးကြဲစိုက်ပျိုးလျက်ရှိ တယ်လို့ သိရပါတယ်။ ယခုနှစ်ငုံနီဈေးကွက်မှာ
  ပဲစတင်ပေါ်ချိန်မှ ယနေ့အထိ တစ် တင်း အနိမ့်ဆုံးကျပ် ၄၃၀၀၀ အထိ ပေါက်ဈေးမာခဲ့လို့ တောင်သူတွေ  တွက်ခြေ ကိုက်တဲ့အတွက် ယခုနှစ်မှာ စိုက်ဧက အနည်းငယ်တိုးလာဖွယ်ရှိတယ်လို့ စိုက်ပျိုး ရေး
ဦးစီးဌာနက ဆိုပါတယ်။

Pages