Main menu

Background

ပြည်နယ်/တိုင်းနှင့် အမျိုးသားတံခွန်စိုက်ဘတ်စကက်ဘောပြိုင်ပွဲ မန္တလေးတွင် ကျင်းပမည်

Thu, 07/02/2009 - 13:38 -- cjadmin

၂၀၀၉ ခုနှစ် အကြိမ် (၄၀) မြောက် ပြည်နယ်နှင့်တိုင်းအမျိုးသား အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနဲ့ အမျိုးသားတံခွန်စိုက် ဘတ်စကက်ပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ၂၄ရက်အထိ မန္တလေးမြို့၊ ဗထူးအားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အမျိုးသား တံခွန်စိုက်ဘတ်စကက် ဘောပြိုင်ပွဲမှာ အလွတ်တန်းအမျိုးသား အမျိုးသမီး ဘတ်စကက် ဘောပြိုင်ပွဲနှင့်ယူ ၁၈ အမျိုးသား အမျိုးသမီးပြိုင်ပွဲများပါဝင်မှာဖြစ်ပါတယ်။ ယူ-၁၈ ပြိုင်ပွဲ အတွက် အသက်ကန့်သတ်ချက်မှာ ၁၉၉၁ ခုနှစ်အတွင်း မွေးဖွားသူ ဖြစ်ရပါမယ်။ ပြည်နယ်/တိုင်းပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် အရည်အချင်း ကန့်သတ်ချက်မရှိဘဲ ပါဝင် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ အသေးစိတ်အချက် အလက်များကို မြန်မာနိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ချုပ်တွင် မေးမြန်း၍ စာရင်းပေးသွင်းနိုင်ကြောင်းသတင်းရရှိပါတယ်။