ပွင့်လင်းရာသီတွင် မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ကုန်သွယ်မှုပမာဏတိုးတက်လာမည့် အလားအလာရှိ
မောင်တောကုန်သွယ်ရေးစခန်းမှ လယ်ယာထွက် ကုန်ပစ္စည်းများအနေဖြင့် ဆန်၊ မြေပဲ(အခွံပါ)၊ ချင်း(စို)၊ ကွမ်းသီး၊ ဒညင်းသီး၊ နနွင်းတက်နှင့် အခြားပစ္စည်းများအား လည်းကောင်း၊ ရေထွက်ပစ္စည်းများအနေဖြင့် ငါးမြစ်ချင်း၊ ငါးနီတူခြောက်၊ ငါးပါးခြားခြောက်၊ ငါးလေးခြောက်များ အား လည်းကောင်း၊ စက်မှုကုန်ချော ပစ္စည်းများအနေဖြင့် ဆီးယိုထုပ်၊ သနပ်ခါးခဲ၊ နေကြာစေ့၊ ကွေကာအုပ်၊ ဆပ်ပြာ၊ သကြားလုံးနှင့် အခြားပစ္စည်းများအားလည်းကောင်း တင် ပို့ပြီး သွင်းကုန်ပစ္စည်းများအား ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ပိုင်း တင်သွင်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါ သည်။