မြစ်ကြီးနား တညင်းသီးများပေါ်ချိန် ဈေးကောင်းရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မိုးရာသီ၏ရာသီစာ ဖြစ်၍ လူကြိုက်များလှသည့် ရောင်းပန်းလှသော တညင်းသီး များ စတင်ထွက်ပေါ်စပြုလာပါပြီ။ မြစ်ကြီးနားမြို့ရှိ တညင်း သီးပိုင်ရှင်များထံမှ တိုက်ရိုက်သော်လ ည်းကောင်း၊ တစ်ဆင့် ပြန်လည်ရောင်းချသူများသူထံမှလည်းကောင်း တညင်းသီး အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိနေသည်။ မြစ်ကြီးနားမြို့မှ တညင်းသီးအဝယ်ဒိုင်များသည် မန္တလေးနှင့် မုံရွာရှိ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက် ၍ မော်တော်ကားဖြင့် ပို့ဆောင် လျက်ရှိသည်။ ယခု လက်ရှိ တညင်းသီးဈေးကွက်အခြေအနေသည် ဝယ်လိုအားကောင်း၍ တစ်လုံးလျှင် ၂၅ ကျပ် မှ ၂၇ ကျပ် ထိ ပေါက်ဈေးရှိသည်။ အလုံးရေ ၅၅၀၀ မှ ၆၅၀၀ ခန့် ပါရှိသော တညင်းသီးတစ်အိတ








