Main menu

Background

ကုန်သွယ်ရေးသတင်း

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းပိုမိုတင်ပို့

Thu, 12/28/2017 - 11:24 -- journal_editor

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၁၈ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၅၄၅၃၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၅၂၈၃၅ တန်၊ လွယ်ဂျယ်မှ ၈၁၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၈၀၄ တန်နဲ့ ကန် ပိုက်တီမှ ၈၅ တန် ဖြစ်ပါတယ်။ ယခင်ရက်သတ္တ ပတ်က အဆိုပါစခန်း လေးခုပေါင်းမှ ပြောင်း ၄၅၀၄၈ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ် နိုင်ငံသို့ ပြောင်း ၉၄၈၈ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်းတစ် တန်ကို ၂၈၁၆၃၃

စစ်တွေကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်များ ပိုမိုတင်ပို့

Wed, 12/27/2017 - 14:02 -- journal_editor

          မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၉၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၇ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက အမေရိကန်ဒေါ်လာ သုညဒသမ ၁၈၈ သန်းတန်ဖိုးရှိ ငါးမြစ်ချင်း ၂၀၃ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ငါးခေါင်းပွ ၉ တန်ကျော် ကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ရေချိုငါးများအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ မန်ကျည်းစေ့၊ ဆီးသီးခြောက်၊ ဆီးဖတ်၊ ချင်း(အစို)၊ သစ်ခေါက်၊ အုံ တုံခေါက်၊ ဆီ

မူဆယ်နဲ့ ချင်းရွှေဟော်စခန်းမှ ရော်ဘာပိုမိုတင်ပို့

Thu, 12/21/2017 - 13:19 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၇၄၆ တန် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရော်ဘာ RSS1 ၃၁၅ တန်ကျော်၊ RSS3 ၂၀၃၅ တန်၊RSS5 ၁၂၄၁ တန်နဲ့ MSR 20 ၂၆၄ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS3 ၃၀၈ တန်ခန့်နဲ့ RSS5 ၅၈၃ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၁၆၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၀၉၄တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာ RSS3 တစ်တန်လျှင်ကျပ် ၂၀ ဒသမ ၁၆၃ သိ န်းရှိပြီး ယခင်တစ်ပတ်ဈေးထက် တ

တရုတ်နိုင်ငံသို့ ဖရဲသီး ပိုမိုတင်ပို့

Thu, 12/21/2017 - 13:04 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၅ သန်းတန်ဖိုးရှိ ဖရဲသီးတန် ၂၃၁၀၀ ကိုလ ည်းကောင်း၊ ကန်ပိုက်တီမှ အမေရိကန်ဒေါ်လာ ၂၀၉၃ တန်ဖိုးရှိ ဖရဲသီး ၂၂ တန်ကိုလည်းကောင်း တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကန်ပိုက်တီမှ ဖရဲတင်ပို့မှုမရှိဘဲ မူဆယ်မှ တန် ၁၉၂၀၀၊ ချင်းရွှေဟော်မှ ၅၄ တန်ခွဲနဲ့ လွယ် ဂျယ်မှ ၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တရုတ် နိုင်ငံသို့ ဖရဲသီးပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း

Thu, 12/21/2017 - 13:01 -- journal_editor

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်ထိသီတင်းပတ်အတွင်း  အမေရိ ကန်ဒေါ်လာ သုညဒသမ ၇၇၄ သန်း တန်ဖိုးရှိ ကွမ်းသီး ၉၃၁ တန်ကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၄၃၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၀၃ တန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းမှပါ ကွမ်းသီးများ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံသို့ ပြောင်းလျော့နည်းတင်ပို့

Thu, 12/21/2017 - 12:55 -- journal_editor

           မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းစုံမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၅၀၄၈ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၄၃၃၈၄ တန်ခွဲ၊ လွယ်ဂျယ်မှ ၁၀၄၆ တန်၊ ချင်းရွှေဟော်မှ ၅၆၈ တန် ကျော်နဲ့ ကန်ပိုက်တီမှ တန် ၅၀ ဖြစ်ပါ တယ်။ ယခင်သီတင်းပတ် က အဆိုပါ စခန်းလေးခုပေါင်းမှ ပြောင်းဖူးစေ့ ၅၃၉၀၈တန်ကျော် တင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ပြောင်း ၈၈၆၀ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြော င်းတစ

ချင်းပြန်လည်တင်ပို့

Wed, 12/20/2017 - 10:55 -- journal_editor

          ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၅၂ ဒသမ ၈ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ ပါတယ်။ အောက်တိုဘာ ဒုတိယ သီတင်း ပတ်မှစပြီး အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ် ပါတယ်။ ချင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၁၃၅၂ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

ရှမ်းကြက်သွန်ဖြူ

Wed, 12/20/2017 - 10:51 -- journal_editor

         ရှမ်းပြည်နယ်တောင်ပိုင်းရဲ့အဓိက ထွက်ကုန်တစ်မျိုးဖြစ်တဲ့ ရှမ်းကြက်သွန်ဖြူ ကတော့ အောက်တိုဘာ၊ နိုဝင်ဘာလမှာ ပြန်ပြီးစိုက်ပျိုးပြီးစီးသွားပါပြီ။ ဈေးနှုန်းက အကျဘက်များနေပေမယ့် စိုက်ဧကတော့လျော့မသွားပါ ဘူး။ ပုံမှန်စိုက်ဧကအတိုင်း စိုက်ပျိုးကြတယ်လို့လည်း သိရပါတယ်။ ဧပြီ၊ မေလကပေါ်ခဲ့တဲ့ ကြက်သွန်ဖြူတွေကတော့ ပေါ်ကာစမှာ အရောင်းသွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ဝယ်လိုအားနည်းလာပါတယ်။ လဲချား ကြက်သွန်ဖြူတွေအရောင်းသွက်ခဲ့ပြီး လက်ကျန်မရှိတော့ဘူးလို့သိရပါတယ်။ ဒေသတွင်းအသုံးသာရှိပြီး ပြည်တွင်းသုံးအနေနဲ့ မိတ္ထီလာ၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်က အဝယ်ရှိနေပေမယ့် မိတ္ထီလာဝယ်လက်တွေကတော့ အောက် စတွေကို အကြ

မူဆယ်မှ နနွင်းတက် ပိုမိုတင်ပို့

Wed, 12/20/2017 - 10:45 -- journal_editor

         ဒီဇင်ဘာ ၂ ရက်မှ ၈ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄၃၉၇၂ တန်ဖိုးရှိ နနွင်း တက် (ရှမ်းစ) ၆၁ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ တန် ၄၀ နဲ့ နှိုင်းယှဉ်ပါက တန် ၂၀ ကျော်ပိုမို တင်ပို့ခဲ့တာတွေ့ရပါတယ်။ နနွင်းတက်ကို တစ်ဖက်နိုင်ငံမှာ ပရဆေးဖော်ဖို့နဲ့  အမှုန့်ပြုလုပ်ဖို့သာ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတာ လို့ ကုန်စည်ဒိုင်တွေက တစ်ဆင့် သိရပါတယ်။ နနွင်းခါးကတော့ ဈေးချိုလို့ နည်းနည်းချင်းစီပဲ အဝယ်ရှိနေတယ်လို့ သိရပါတယ်။

 

မော်မော်အောင်

ကုန်သွယ်ရေးစခန်းများမှအနီးစပ်ဆုံးလထက် နိုဝင်ဘာလမှာဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့

Thu, 12/14/2017 - 13:21 -- journal_editor

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း