တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းပိုမိုတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၁၈ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၅၄၅၃၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၅၂၈၃၅ တန်၊ လွယ်ဂျယ်မှ ၈၁၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၈၀၄ တန်နဲ့ ကန် ပိုက်တီမှ ၈၅ တန် ဖြစ်ပါတယ်။ ယခင်ရက်သတ္တ ပတ်က အဆိုပါစခန်း လေးခုပေါင်းမှ ပြောင်း ၄၅၀၄၈ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ် နိုင်ငံသို့ ပြောင်း ၉၄၈၈ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်းတစ် တန်ကို ၂၈၁၆၃၃