Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ်မှ ဝါဂွမ်းရော ပိုးအိမ်ပါ တင်ပို့

Mon, 07/31/2017 - 15:28 -- journal_editor

     မြန်မာ-တရုတ်       နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်  ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ  သီတင်းပတ်အတွင်း တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈၄၀၀ တန်ဖိုးရှိ ဝါဂွမ်း ၇၂ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၅၀ နဲ့ နှိုင်းယှဉ်ပါက ၂၂ တန် ပိုမိုတင်ပို့ခဲ့ ပါတယ်။ ဝါဂွမ်းအပြင် အမေရိကန် ဒေါ်လာ ၂၈၀၀၀ တန်ဖိုးရှိ  ပိုးအိမ် ၈ တန်ကိုလည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။

မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကော်ဖီစေ့တင်ပို့

Mon, 07/31/2017 - 15:27 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ် ဆင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ  ၇၉၂၉၀ တန်ဖိုးရှိ ကော်ဖီစေ့ တန် ၉၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဇွန်လနောက်ဆုံးပတ်က ၂၉ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။

ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်ပိုမိုတင်သွင်း

Mon, 07/31/2017 - 15:18 -- journal_editor

    ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၅၀၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၉၆၁ စီးတင်သွင်းခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၅၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ပိုမို တင်သွင်းခဲ့တဲ့အတွက်  ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းနနွင်းအရောင်းအဝယ်ခပ်ပါးပါးသာရှိ

Fri, 07/28/2017 - 10:47 -- journal_editor

 ဒီတစ်ပတ်တော့ ရှမ်းနနွင်းက အရောင်းအဝယ် ခပ်ပါးပါးဖြစ်နေပါတယ်။ အောင်ပန်း နနွင်းထက် ဟိုပုံးနနွင်းက အရောင်း အဝယ်ဖြစ်နေပါတယ်။ ဟိုပုံးဈေးကွက်မှ နနွင်းတွေကို မူဆယ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တွေက  ဝယ်ယူနေပါတယ်။ မူဆယ်ဝယ်လက်တွေက နံပါတ်(၂) လို့ခေါ်တဲ့ နနွင်းကို တစ်ပိဿာ ကျပ် ၁၁၀၀ နဲ့ဝယ်ယူပြီး ရန်ကုန်ဝယ်လက်တွေကတော့ နံပါတ်(၁)နဲ့ နံပါတ်(၂) ရောနှောထားတဲ့ နနွင်းတွေကို ကျပ် ၁၄၅၀ နဲ့ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ နနွင်းအဝင် နည်းနေပြီး လက်ကျန် နနွင်းတွေကို အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ သိရ ပါတယ်။ နနွင်းလက်ကျန်ကလည်း တန်ချိန်ထောင်ဂဏန်းခန့်သာကျန်တယ်လို့လည်း ဈေးကွက်မှသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အရောင်း

ပြည် မန်ကျည်းမှည့် နယ်ဝယ်လက်ရှိပြီး ဈေးကွက်ဝင်ရောက်မှုများလာ

Fri, 07/28/2017 - 10:47 -- journal_editor

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေချိုငါးမြစ်ချင်းပိုမိုတင်ပို့

နယ်စပ်စခန်းစုံမှ ကြက်သွန်နီရော ကြက်သွန်ဖြူပါတင်ပို့

Fri, 07/28/2017 - 10:46 -- journal_editor

     ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ  အမေရိကန် ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ ကြက်သွန်နီ ၁၁၃ တန်ကို တရုတ် နိုင်ငံသို့  လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၀၂၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၂၄ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ပါတယ်။အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်း မှ အမေရိကန် ဒေါ်လာ ၅၆၂၉ တန်ဖိုး ရှိ ကြက်သွန်ဖြူ ၂၁ တန်ကျော်ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၄၄၃၁ တန်ဖိုးရှိ ကြက်သွ

ပင်လယ်ရေကြောင်းလမ်းမှ နနွင်းတင်ပို့မှုလျော့

Fri, 07/28/2017 - 10:45 -- journal_editor

     ဇူလိုင် ၉ ရက်မှ   ၁၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၉၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူ နိုင်ငံသို့ ၁၆ တန်နဲ့ မလေးရှားနိုင်ငံသို့၇၅ တန် တင်ပို့ခဲ့တယ်လို့   သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့နနွင်း တန်ချိန်၁၁၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ တန်ချိန် ၂၀ကျော် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် နနွင်းတင်ပို့မှုမှ   အမေရိကန် ဒေါ်လာ ၆၈၀၂၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။      
        သီတာဝင်း(DOT)

ပြည် မန်ကျည်းမှည့်နယ်ဝယ်လက်များကြောင့် ဈေးမြင့်တက်လာ

Tue, 07/18/2017 - 14:47 -- journal_editor

      ပြည်(ပွဲရုံ) မန်ကျည်းမှည့်ရောင်း ဝယ်ရေးတွင် နယ်ဝယ်လက်များအဝယ် ရှိနေပြီး ဈေးလည်းတက်လာတာ တွေ့ ရပါတယ်။ မန်ကျည်းမှည့်ပွဲရုံများသို့ ဟင်္သာတ၊ ကြံခင်း၊ ထုံးဘို၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့မှ ပုံမှန်ဝင်ရောက်နေပြီး ရန်ကုန်တိုင်းဒေသကြီးနှင့်  ရခိုင်ပြည် နယ်ဘက်မှ ဝယ်လက်များက အဝယ်ရှိ နေတာကြောင့်လည်း  ပုံမှန်တင်ပို့နေ ကြောင်းသိရပါတယ်။ ယခုတစ်ပတ် ပွဲရုံ တွင်း ဈေးနှုန်းတွေကတော့  မန်ကျည်း မှည့် တစ်ပိဿာလျှင် ကျပ် ၃၂၀၀ ရှိပြီး၊ ဒေသတွင်း မန်ကျည်းမှည့်တစ်ပိဿာ လျှင် ကျပ် ၄၀၀၀ အထိ ရောင်းဝယ်နေ ကြောင်းသိရတယ်။ ဒေသတွင်း   အရောင်း အဝယ် အေးလျက်ရှိနေပြီး  နယ်တင်ပို့မှု ဆက်တိုက်ရှိနေတာကြောင့်    ပွဲရုံမှာ သာ   အရောင

နယ်စပ်ကုန်သွယ်ရေးစခန်းစုံမှ ချင်းစို၊ ချင်းခြောက် ပိုမိုတင်ပို့

Tue, 07/18/2017 - 14:45 -- journal_editor

ဇူလိုင် ၁ ရက်မှ ၇ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၅၉၉၂၉ တန်ဖိုးရှိချင်းစို ၁၉၂ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့ မှုမှာ စစ်တွေမှ ၃၄ တန်၊ မောင်တောမှ ၁၅၈ တန် ကျော်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေမှ ၁၅တန်နဲ့ မောင်တောမှ ၇၄ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချင်း ၁၀၂ တန်ကျော် ပိုမိုတင်ပို့ခဲ့ တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းစို တစ်တန်ကို မိမိဘက် ပေါက်ဈေးမှာ (ငွေလဲ နှုန်းအရ) ၁၀၃၆၁၈၄ ကျပ်ရှိတယ်လို့ သိရပါတယ်။

မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆန်ဈေးအနည်းငယ်ပြန်မြင့်

Tue, 07/18/2017 - 14:40 -- journal_editor

     မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သောမြေပဲဆန်ဈေးနှုန်းများ ကျဆင်းနေရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းသိရပါတယ်။ ဈေးနှုန်းပြန်လည်မြင့်တက်လာ၍ အရောင်းအဝယ် လည်း သွက်လာ ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ် မြေပဲဆန်အိတ် ၁၅၀၀ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်မြေပဲဆန် တစ်ပိဿာပေါက်ဈေးနှုန်းမှာ(လုံးဆန်ဖြူ)ကျပ်၂၄၀၀နဲ့ အိတ်၇၀၀၊ (လုံးဆန်နီ) ကျပ်၂၃၅၀ နဲ့ အိတ်၄၀၀၊  (ဆီဆန်)ကျပ်၂၁၀၀နဲ့ အိတ် ၂၀၀ခန့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲလုံးဆန်ဖြူကို ရန်ကုန်ဝယ်လက်က ဝယ်ယူ လျက် လုံးဆန်နီကို မန္တလေးဝယ်လက်က ဝယ်ယူပြီး ဆီဆန်ကို မုံရွာမြို့တွင်းဆီစက်သ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း