စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်း တန် ၈၀ ကျော်တင်ပို့
ဇူလိုင်လ ဒုတိယပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်တဲ့ စစ်တွေ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၆ သန်းတန်ဖိုးရှိ ရေချို ငါးမြစ်ချင်း ၈၄ တန်ခန့်ကို တင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်ပထမပတ်မှာ တင်ပို့မှု မရှိဘဲ ဇူလိုင် ဒုတိယပတ်မှာသာ တင်ပို့တာတွေ့ရပါတယ်။ဇွန်တစ်လလုံး စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၂၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခု တစ်ပတ်မှာ စစ်တွေကုန်သွယ် ရေးစခန်းမှရေချိုငါးမြစ်ချင်းအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၀၁၈ သန်း တန်ဖိုးရှိ ချင်းအစို ၂၃ တန် ၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုး ရှိ ဆီးယိုထုပ် ၇ တန်၊ အမေရိကန