Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ
Re-export စနစ်အတွက် မှတ်ပုံတင်ကြေး အဖြစ် ကျပ် ငါးသောင်း (၅၀၀၀၀ ကျပ်)သတ်မှတ်ထားပြီး မှတ်ပုံတင်သက် တမ်းမှာ တစ်နှစ်ဖြစ်ပါတယ်။ မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့် မြောက်ပြီး ထပ်မံသက် တမ်းတိုးလို ပါက တစ်နှစ်စာအတွက် ကျပ်ငါးသောင်း (ကျပ် ၅၀၀၀၀)ပေးသွင်းရမှာဖြစ်ပါတယ်။ Re-export စနစ်နဲ့ကုန်သွယ်မှု ပြုနေတဲ့ ကုမ္ပဏီရဲ့အမည်၊ လိပ်စာနဲ့ ဒါရိုက်တာအဖွဲ့ဝင် စတဲ့ ကုမ္ပဏီနဲ့ ပတ်သက်သမျှ ကို ပြင်ဆင်လိုတယ် ဆိုရင်တော့ ပြင်ဆင်ချက်တစ်ချက်အတွက် ကျပ်တစ်ထောင်(ကျပ် ၁၀၀၀)ဖြစ်ပါတယ်။ ဒါ့အပြင် Re-export စနစ်နဲ့ ကုန်သွယ်မှုပြုဖို့ ထုတ်ပေး ထားတဲ့ မှတ်ပုံတင်ကတ်ပြား ပျောက်ဆုံးသည်ဖြစ်စေ၊ ပျက်စီး သည်ဖြစ်စေ အသ စ်ပြန် လည်