ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရက်သတ္တပတ်အတွင်း ဆန်ရော၊ ဆန်ကွဲပါ ပိုမိုတင်ပို့
ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၇၀၁ သန်းဖိုးရှိ ဆန်ဖြူ ၁၂၈၁၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ကုန်သွယ်ရေး စခန်းအလိုက်တင်ပို့မှုများ မှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် တန် ၆၃၀၀၊ဧည့်မထ ဆန် တန် ၂၁၅၀၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၉၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန် ၄၁၄၄ တန်ကျော်နဲ့ ကန်ပိုက် တီး ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန် ၃၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။