မှန်လုံယာဉ် အံဝှက်အတွင်း သိုဝှက်တင်ဆောင်လာတဲ့ အရက်နဲ့ ဘီယာများအား လရ-၂ အဖွဲ့မှ စစ်ဆေးတွေ့ရှိ
မြဝတီ-ရန်ကုန်လမ်းကြောင်း ပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိတဲ့ Mobile Team လရ-၂အဖွဲ့သည် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန် -ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ပြည့် အားမာန် ခရီးသည်တင်မှန်လုံယာဉ် အမှတ် 9B/xxxx ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ခရီးသည်၊ ခရီးသွား များအသွင်သဏ္ဌာန်မတူခြင်း၊ ခရီးသည် ပစ္စည်းတင် တန်းပေါ်တွင် ခရီးေ ဆာင်အိတ်များ တင်ဆောင်လာခြင်းမရှိဘဲ ရှင်းလင်းနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အသေးစိတ်ဖွင့်ဖောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။