ကိုရီးယားမြေယာအများအပြားကို ကုမ္ပဏီအုပ်စုကြီးများက ပိုင်ဆိုင်
ကိုရီးယား ထိပ်တန်းကုမ္ပဏီ အုပ်စုကြီး ၃၀ ခု၏ မြေယာ ပိုင်ဆိုင်မှု အချိုး အစားသည် ဆယ်စုနှစ်တစ်ခုအတွင်း ၃၄ ဆတက်လာခဲ့ရာ ဆိုးလ်မြို့တော်ရှိ Yeouido မြို့နယ်တစ်ခုစာ အကျယ် အဝန်းရှိလာခဲ့သည်။ မြေယာ များ၏ တန်ဖိုးသည်လည်း ဝမ် ၁၁၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅çဝဝဝ မီလီ ယံ) ခန့်ရှိလာပြီဖြစ်သည်။ ထိပ်တန်း ကုမ္ပဏီအုပ်စုကြီး ၃၀ နှင့် ၎င်းတို့၏ ကုမ္ပဏီခွဲပေါင်း ၁,ဝ၅၆ ခုတို့သည် နိုင်ငံ အဝန်း မြေယာ ၈၂၄ စတုရန်းကီလို မီတာခန့် ဖြန့်ကျက်ပိုင် ဆိုင်ထား ကြောင်း၊ မြေယာ၊ အခြေခံ အဆောက် အအုံနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။