Main menu

Background

Monday, 17 Oct 2011

ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ                 ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted) ဈေးနှုန်းသည် (Whole)  ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့်အပေါ်တွင် COP  တွက်ချက်ထား သည့် ဈေးဖြစ်ပါသည်။စဉ်  အမျိုးအမည်  အရွယ်အစား                                                           WHOLE                        GUTTED                                                ယခင်အပတ် ယခုအပတ်    ယခင်အပတ် ယခုအပတ်၁။ROHU              1-2 Kg               1127           1164           1327          1364     ငါးမြစ်ချင်း       2-3 Kg               1257           1261           1457           1461    Labeo rohita    3-5 Kg              1322           1326            1522           1526                           5-7 Kg              1387           1392            1587           1592                           7-8 Kg              1387           1392            1587           1592                           8 Kg Up            1387           1392            1587            1592ဒေါ်လာ/တန်ငါး/ဦးစီး

Tuesday, 11 Oct 2011

                   ငါးရှဉ့်များကို ပြည်ပသို့ တင်ပို့ရောင်း ချရာတွင် ယခုနှစ်လေလံဈေး မြင့်တက် လျက်ရှိသော်လည်း သုံးရက်တစ်ကြိမ်၊ ငါးရက်တစ်ကြိမ် ဈေးအပြောင်းအလဲ ဖြစ်ပြီး လေလံဈေးအတက်အကျ မြန် ဆန်လျက်ရှိကြောင်း သိရပါတယ်။ ''ဒီကာလမှာ မိုးတွင်းဆိုတော့ ငါးရှဉ့် အထွက်နှုန်း ကောင်းတယ်၊ လေလံဈေး က ကြမ်းခင်းဈေးတစ်တန်ကို ဒေါ်လာ ၂၅၀၀ သတ်မှတ် ထားတော့ ဈေးမြင့်ပေ မယ့် အတက်၊ အကျ မြန်နေတဲ့အတွက် တက်ရင်ကိစ္စမရှိဘူး။ ကျရင် အောက် မှာကတက်ထားတဲ့ဈေးနှုန်းနဲ့ ဝယ်ထား ရတယ်။ စက်တင်ဘာ ဒုတိယပတ်က တရုတ်ပြည်မှာ ပွဲတော်ရှိတဲ့အတွက် ဝယ်လိုအား ကောင်းပြီး ဈေးလည်း မြင့်ခဲ့တယ်။ ငါးရှဉ့်တစ်တန်ကို ဒေါ်လာ ၃၂၀၀ နဲ့ ၃၄၀၀ ကြားရခဲ့တယ်။ အခု ပွဲတော်ရက်ပြီးလို့ ဈေးပြန်ကျလာတာ။ အောက်တိုဘာ ၁ ရက်က တစ်တန်ကို ဒေါ်လာ ၃၀၉၀၊ ၂ ရက်မှာ တစ်တန် ကို ဒေါ်လာ၂၇၃၀၊ ၃ရက်မှာ ဒေါ်လာ ၂၉၅၀ ဈေးရ ခဲ့တယ်''လိ့ု ငါးရှဉ့်တင်ပို့ ရောင်းချသူတစ်ဦးက ပြောပါတယ်။ ငါးရှဉ့်တင်ပို့မှုမှာ ယာဉ်များ တန်ပို လျှော့ချခြင်းကြောင့် ယာဉ်အစီးရေများ များ တက်လျက်ရှိသော်လည်း ပုံမှန် သာတင်ပို့လျက်ရှိကြောင်းသိရပါတယ်။ ကားတစ်စီးလျှင် ယခင်က တစ်နေ့ ၁၀ တန်ဝန်းကျင် တင်ပို့မှုရှိခဲ့ရာမှ ယခု အခါ သေတ္တာ ၇၀၊ ၈၀ အချိန်အနေ ဖြင့် ပိဿာ ၅၀၊ ပေါင်ချိန်အနေဖြင့် ၈၀  Kg ထည့်၍ ယခင်က ကား ၈ စီး တင်ပို့မှုရှိပြီး ယခုကား ၁၀ စီးဝန်းကျင် ဖြင့် တင်ပို့ရခြင်းကြောင့် ပုံမှန်တင်ပို့ ခြင်းဖြစ်ကြောင်း သိရပါတယ်။                    ယခုလတွင် ငါးရှဉ့်တင်ပို့မှုမှာ တန် ၄၀ ကျော်၊ ကား ၆ စီး ဝန်းကျင်တင်ပို့မှု ရှိကြောင်း၊ ငါးရှဉ့်ဈေးနှုန်းအတက်အကျ မြန်၍ အမြတ်အစွန်း နည်းကြောင်း၊ ဈေးနှုန်းမှာ တစ်တန်ကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်ထိ ကျဆင်းခဲ့ခြင်း၊ ဒေါ်လာ ၄၀၀၀ ကျော်ထိ  မြင့်တက်ခဲ့ ခြင်းများရှိခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး

Monday, 10 Oct 2011

                  အီးယူနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပင်လယ်ထွက်ကုန်ဝယ်လိုအား တစ်စတစ်စ လျော့ပါးသွားမှုကြောင့် အိန္ဒိယပင်လယ်စာတင်ပို့သူတွေက တရုတ်ကိုပြောင်းလဲတင်ပို့ဖို့ စိတ်ဝင်စား လျက်ရှိတယ်။ တရုတ်ကလည်း လက်ရှိအခြေအနေမှာ အိန္ဒိယရဲ့ ပင်လယ်စာအဓိက ဝယ်ယူသူ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ စီးပွားရေးအခက်အခဲတွေကြောင့် တရုတ်ရဲ့ဝေစုက ပိုမိုကျယ်ပြန့်လာနိုင်တယ်။ တရုတ်ရဲ့ဝယ်လိုအားက ဈေးကွက်မှာ သွက်လက်လျက်ရှိတယ်။                 တရုတ်က ကြားလူမှတစ်ဆင့် ဝယ်ယူခြင်းကိုရှောင်ရှားကာ တိုက်ရိုက်ဝယ်ယူခြင်းနဲ့ ကုန်ကျ စရိတ်လျော့ကျစေဖို့ လုပ်ဆောင်လျက်ရှိတယ်။ ယခုဘဏ္ဍာနှစ်ကုန်ပိုင်းမှာ အိန္ဒိယရဲ့ ပင်လယ်စာ တင်ပို့မှု ဈေးကွက်ဝေစုပမာဏက ယခုလက်ရှိ ၁၅ ရာခိုင်နှုန်းကနေ မြင့်တက်လာနိုင်ကြောင်း ရေထွက်ကုန်တွေ တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် Marine Products Export Development Authority အဖွဲ့ ညွှန်ကြားရေးမှူး N Ramesh က ပြောကြားလိုက်တယ်။ အီးယူက အိန္ဒိယရဲ့ တင်ပို့မှုပမာဏရဲ့ ၂၇ ရာခိုင်နှုန်းကို အဓိက ကိုယ်စားပြုသော်လည်း တင်ပို့မှုမှာ တဖြည်းဖြည်းကျဆင်းလျက်ရှိတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဝယ်လို အားက မြင့်မားလျက်ရှိတယ်။ ဈေးကွက်မှာ ဈေးကောင်းရရှိလျက်ရှိတဲ့ ခြေထောက်အဖြူရောင် ရှိတဲ့ ပုစွန် (vannamei shrimps)  တွေမှာ ရောဂါပိုးကျရောက်ခြင်းက ပုစွန်ပြတ်လပ်မှုဖြစ်ပေါ် လျက်ရှိတယ်။ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကလည်း ပုစွန်တွေရှားပါးသွားစေနိုင်ကြောင်း အိန္ဒိယပင် လယ်စာ တင်ပို့သူများအသင်းဥက္ကဋ္ဌ Anwar Hashim က ပြောကြားလိုက်တယ်။                     အိန္ဒိယရဲ့ ငါးအများဆုံးတင်ပို့နေတဲ့ Gujarat  ပြည်နယ်ရဲ့ ဥရောပကတင်ပို့မှုနဲ့ အမေရိကန် ပြည်ထောင်စုကိုတင်ပို့မှုက ၅ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်း အသီးသီးကို ကျဆင်းသွားနိုင်ကြောင်း သိရှိရတယ်။ ယခုလက်ရှိမှာ ဥရောပမှဝယ်ယူသူတွေက စောင့်ဆိုင်းခြင်းနဲ့ စောင့်ကြည့်ခြင်း မူဝါဒ (wait-and-watch policy) မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်းနဲ့ ဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားမယ် (သို့မဟုတ်) တည်ငြိမ်သွားမှာကို မျှော်လင့်လျက်ရှိကြောင်း သတင်း ရရှိပါတယ်။Source:economictimes.indiatimes.com၊အေးမွန်မွန်လှိုင်

Monday, 26 Sep 2011

ယခုအပတ် ငါးရှဉ့်နဲ့ ကဏန်းကုန်အတက်လျော့လို့ ဈေးပိုရနေ                      စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်သို့ ငါးရှဉ့်နဲ့ ကဏန်းကုန် အတက်နည်း တယ်လို့ သိရပါတယ်။ ရေထွက်ကုန်များကို လေလံစနစ်နဲ့ ရေထွက်ကုန်ကုန်စည်ဒိုင်မှာရောင်းချလျက်ရှိရာအရည်အသွေး အရွယ်အစားပေါ်တွင်သာမက ကုန်တက်အခြေအနေပေါ် မူတည်ပြီး ဈေးဖြစ်လျက် ရှိပါတယ်။ ယခုအပတ်မှာ ကန်  ဒေါ်လာ သုည ဒသမ ၉၀၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၈၆ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၄၁၇ သန်း တန်ဖိုးရှိ ဂဏန်း ၁၃၄ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၃၅၅ သန်း တန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၁၁၂ တန်ကျော် အပို့ရှိခဲ့ပြီး ယခုအပတ်မှာ ငါးဆားနယ်တင်ပို့မှု မတွေ့ရပါဘူး။ ယခင် အပတ်ကထက် ရေငန်ငါးမျိုးစုံ တင်ပို့မှု ၁၂ တန်ကျော် သော် လည်း ငါးရှဉ့်တင်ပို့မှုမှာ ၄၈ တန်ကျော်နဲ့ ကဏန်းတင်ပို့မှု မှာ ၁၇ တန်ခန့် အသီးသီး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခု အပတ်မှာတော့ ငါးရှဉ့်၊ ဂဏန်းဈေးများ ယခင်အပတ် ကထက်သိသိသာသာဈေးပိုရခဲ့တယ်လို့သိရပါတယ်။ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                                               မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု              ယခင်       ပြောင်းလဲမှု     %       ယခု       ယခင်   ပြောင်းလဲမှု    %ငါးရှဉ့်                  ၂၆၃၇၄၀၀    ၂၀၀၁၆၈၀     ၆၃၅၇၂၀၀    ၃၂     ၃၀၉၀     ၂၆၂၀       ၄၇၀          ၁၈ကဏန်း (ဂရမ်) ၂၅၀ဂရမ်အထက်    ၃၀၇၈၈၀၀    ၂၇၁၂၂၀၀    ၃၆၆၆၀၀     ၁၄      ၃၅၈၀     ၃၅၅၀        ၃၀          ၀ .၈၂၀၀-၂၅၀ ဂရမ်     ၂၉၀၆၈၀၀     ၂၅၅၉၄၀၀    ၃၄၇၄၀၀     ၁၄      ၃၃၈၀     ၃၃၅၀        ၃၀          ၀ .၉၁၅၀-၂၀၀ ဂရမ်     ၂၇၃၄၈၀၀     ၂၄၀၆၆၀၀    ၃၂၈၂၀၀     ၁၄      ၃၁၈၀     ၃၁၅၀        ၃၀           ၁ .ဝ၁၀၀-၁၅၀ ဂရမ်     ၂၆၁၅၈၀၀    ၂၂၉၂၀၀၀     ၃၂၃၈၀၀      ၁၄     ၃၀၃၀     ၃၀၀၀        ၃၀          ၁ .ဝMIRT(DOBT)

Pages