Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ကန်ပိုက်တီးနယ်စပ် များမှ ဖရဲသီး၊ သခွားမွှေးနဲ့ တစ်ရှူးငှက်ပျောများ ကို တင်ပို့ လျက်ရှိပြီး ရိဒ်နယ်စပ်မှ ထောပတ်သီးများ တင်ပို့လျက်ရှိပါ တယ်။ မတ်လ ၇ ရက်မှ ၁၃ ရက်မှာ မူဆယ်နယ်စပ်မှ သခွား မွှေးတန် ၂၁၀၀ ကျော်ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ သခွားမွှေးဈေးတွေကတော့ ရွှေသခွားမွှေး ၁ ကီလိုက ၅ ယွမ်ထိဈေးရပြီး ပိုက်ကွက်သခွားမွှေးက ၃ ယွမ်အထက်နဲ့ ရိုးရိုးသခွားမွှေးက ၁ ကီလို ၁ ယွမ်မှ ၁ ယွမ်ခွဲ ဈေးရနေ တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ဧည့်မထ ၂၅ မှတ် ဆန် တန် ၂၅၀ နီးပါး (၂၄၈ ဒသမ ၇၅ တန်) ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆန်တင်ပု့ိခွင့်ပြုသည့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကစပြီး နယ်စပ်မှ ဆန် တင်ပို့ခြင်းကို မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုရှိနေသော်လည်း ကန်ပိုက်တီးနယ်စပ်က ဆန်တင်ပို့မှုကတော့
မန္တလေးမြို့ သီရိမာလာငါးဈေးကို ရန်ကုန်ဘက်မှ ငါးများ ပုံမှန်ဝင်ပြီး ယခုတစ်ပတ်မှာ ငါးဈေးနှုန်း ခပ်ပါးပါး မြင့်တက်ကြောင်း သိရပါတယ်။
ယခုတစ်ပတ်တွင် တရုတ်နှစ်သစ်ကူးရာသီနီးလာလို့ တရုတ်ဝယ် လက်များမှ ငါးရှဉ့်လေလံ အမြင့်ဈေးပေး ဝယ်လာကြောင်းသိရပါတယ်။ လတ်တလောမှာ ရာသီဥတုအေးနေခြင်း၊ ယခုအချိန် ရေနည်းနေခြင်း ကြောင့် ငါးရှဉ့်အထွက်နည်းချိန်ဖြစ်လို့ တရုတ်နိုင်ငံသို့ တင်ပို့မှုနည်းနေ ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထွက် ငါးရှဉ့်များသာတင်ပို့မှုရှိပြီး၊ မန္တလေး နဲ့ စစ်ကိုင်းမှ ငါးရှဉ့်များတင်ပို့မှုမရှိသေးကြောင်း သိရပါတယ်။
အင်ဒိုနီးရှားပင်လယ်ပြင်တွင် ငါး များပေါများနေသေးခြင်းကြောင့် မိမိတို့ ငါးဖမ်းသင်္ဘောများ သွားရောက်ငါးဖမ်း လိုသော်လည်း စည်းကမ်းချက်များနှင့် အကန့်အသတ်များပြားလွန်းလှကြောင်း ဗီယက်နမ်ရေထွက်ပစ္စည်း ထုတ်လုပ် တင်ပို့ရေးအဖွဲ့မှ ပြောကြားလိုက်ပါ သည်။ အင်ဒိုနီးရှားရေလုပ်ငန်းရှင်များ ကလည်း ဗီယက်နမ်၏ ဖမ်းဆီးမှုနည်း ပညာများကျွမ်းကျင်၊ ကြွယ်ဝမှုကြောင့် ပူးပေါင်းဆောင်ရွက် လိုကြသော်လည်း ဗီယက်နမ်လုပ်ငန်းရှင်များက သင်္ဘော အရွယ်အစား ၁၀၀ တန် အောက်ဖြစ် ရမည်။
ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆည်တမံ၊ အင်းနဲ့ သဘာဝကွင်းများမှာ ငါးမျိုး ၂၇၅၇၈၁ ကောင်ကို ကြိမ်ရေ ၁၇ ကြိမ် စိုက်ထည့်ပေးခဲ့ကြောင်း သိရပါတယ်။ကျောက်ဆည်ခရိုင်ဦးစီးမှူး ဦးသက်အေးက "ကျောက်ဆည်ခရိုင်မှာ အင်းအလုံး ၄၀ ရှိတယ်။ ၁၄ အင်းက ငါးရှဉ့်အဓိကမွေးတယ်။ ၁၆ အင်းမှာ ငါးမျိုးစိုက်ထည့်ပေးတယ်။ ငါးခုံးမကြီး၊ ငါးသန်၊ ငါးမုံကြီးမျိုးတွေကို စိုက် ထည့်ပေးတယ်။ ငါးအထွက်တိုးအောင်လို့ ပိုက်လှောင်အိမ်စနစ်နဲ့ မွေးပေး တယ်။
ပုစွန်ရောဂါကြောင့်သော်လည်းကောင်း ရာသီဥတုဖောက်ပြန်ပြီး ရေကြီးခြင်းကြောင့် ပုစွန်ထုတ်လုပ်မှုများ ကျဆင်းသော် လည်း အိန္ဒိယနိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုမှာ မြင့်မားလျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် ငါး/ပုစွန်များ မွေးမြူခြင်း၊ ဖမ်းဆီးခြင်း၊ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ရရှိလျက်ရှိပါသည်။ ၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ခန့် ရရှိခဲ့ပါသည်။မိမိတို့၏ နိုင်ငံပိုင် သယံဇာတများ လျော့ နည်းကုန်ခမ်းခြင်းမရှိဘဲ ပြည်ပမှ သယံဇာတများကို မိမိ တို့နိုင်ငံရှိ ဝန်ထမ်းအင်အားနှင့် ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများအသုံးပြုခြင်းဖြင့် စက်ရုံများအတွက် ကုန်ကြမ်းအပြည့်အဝရရှိပြီး စက်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိ ခြင်း၊ နိုင်ငံအတွက် အခြားနည်းလမ်းမှ ဝင်ငွေရရှိခြင်း စသော အကျိုးကျေးဇူးများကိုရရှိမည့် ပြည်ပမှ ရေထွက် ပစ္စည်းကုန်ကြမ်းများ တင်သွင်း၍ ပြုပြင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့မည့် လက်ခစားစနစ် Contract Processing လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိရေး၊ မြန်မာ နိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ယခုနှစ် မွန်ပြည်နယ်ရဲ့ ရာသီဥတုမှာယခင်နှစ်ထက် အပူချိန်မြင့်မားခြင်းကြောင့် ရော်ဘာပင်များ ယခင်နှစ်ထက် တစ်လ စောပြီး၊ အရွက်ကြွေတာကို တွေ့ရပါတယ်။ တရုတ်နှစ်သစ်ကူးကာလဖြစ်လို့ ပြည်ပ ဝယ်လိုအား နည်းတာကြောင့် ပြည်ပဈေး နှုန်းလည်း အတက်အကျမရှိဘဲ ငြိမ်နေခဲ့ပါတယ်။ အလားတူ ပြည်တွင်း ဈေးနှုန်းမှာလည်း ၂၀၁၁ ခုနှစ်ကုန်မှာ ဖြစ်ပေါ်ခဲ့တဲ့ RSS(3)တစ်ပေါင် ၁၁၀၀ ကျပ်နဲ့ RSS(5) တစ်ပေါင် ၁၀၀၀ ကျပ်မှာ ၂၀၁၂ ခုနှစ်ဦးပိုင်းအထိ မပြောင်းလဲဘဲ တည်ငြိမ်လျက် ရှိတာတွေ့ရပါတယ်။
မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတပေါများကြွယ်ဝသော နိုင်ငံဖြစ်ပါသည်။မြစ်ချောင်း၊ အင်းအိုင် ရေချိုဧရိယာ စုစုပေါင်း(၅၃.၃)ဧကသန်းအပြင်၊ ပိုင်နက်ပင်လယ်ရေပြင်ဧရိယာ (၄၈၆၀၀၀) စတုရန်း ကီလိုမီတာရှိကာ ရေချို၊ ရေငန်၊ ငါးသယံဇာတပေါများကြွယ်ဝပါသည်။ ရေငန်ပိုင်းတွင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်း၊ ရေချိုပိုင်းတွင် အင်း၊ ဘုံငါးဖမ်းလုပ်ငန်းနှင့် ငါးပုစွန်မွေးမြူရေး လုပ်ငန်းများမှ ရေချို၊ရေငန် ငါးပုစွန်များကို ထုတ်လုပ်လျက်ရှိပြီး၊ ရရှိသော ငါး၊ ပုစွန်များကို ရေခဲရိုက်၍ဖြစ်စေ၊အေးခဲ၍ဖြစ်စေတရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ သြစတြေးလျနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ၊ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၂၇ နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုလုပ်ငန်းသည် နိုင်ငံတော်၏ နိုင်ငံခြား ဝင်ငွေရရှိရေးတွင် အရေးပါ သော အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ပြည်ပို့သို့တင်ပို့ရာတွင် အမျိုးအစား၊အရွယ်အစား၊ ထုတ်လုပ်မှုပုံစံ၊ ထုတ်လုပ်မှုနည်းစနစ်၊ အရည်အသွေး စံချိန်စံညွှန်းအပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုး ကွဲပြားခြားနားပါ သည်။ ရေထွက်ပစ္စည်းများပြည်ပတင်ပို့ရာတွင် ဈေးနှုန်းနှင့်ပတ်သက်၍ ၁၉၉၄ ခုနှစ်မတိုင်မီ ကာလများ၌ ပြည်သူ့ပုလဲ နှင့်ရေလုပ်ငန်းကော်ပိုရေးရှင်း(မြန်မာ့ ရေလုပ်ငန်း)နိုင်ငံခြားတင်ပို့ရေးဌာနခွဲက တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။၁၉၉၄ ခုနှစ် ဇူလိုင်လတွင်မြန်မာ့ရေလုပ်ငန်း အားဖျက်သိမ်းပြီးနောက်၊ငါးလုပ်ငန်းဦး စီးဌာနသည် ရေထွက်ပစ္စည်းဈေးနှုန်းနှင့်စပ်လျဉ်း၍ ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ကုမ္ပဏီများမှ တင်ပြလာသည့် အရောင်းအဝယ်စာချုပ် Sale Contract ပါဈေးနှုန်းများအတိုင်း လိုင်စင်လျှောက် ထားမှုအပေါ်ဌာနမှ ကြပ်မတ်စိစစ်ခြင်း(Monitor) ကိုသာ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြုပြင် ထုတ်လုပ်ထားသော ရေထွက် ပစ္စည်းများအတွက် ဈေးနှုန်းများကိုINFOFISH စာစောင်မှလည်းကောင်း၊ ငါးလုပ်ငန်းဆိုင်ရာ သတင်း အချက်အလက်များ အစီအမံစနစ် (Fisheries Information System) မှလည်း ကောင်း၊ပြည်တွင်း ငါးတင်၊ ငါးချဆိပ်ကမ်းများ၏ လေလံဈေးနှုန်းများမှလည်းကောင်း၊ စံပြငါးဈေး၏ပေါက်ဈေးကို အခြေခံ၍ လည်းကောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် (Cost Of Production-COP) တွက်ချက်၍ ဈေးနှုန်း ကော်မတီအဖွဲ့ဖြင့် ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ပါသည်။ နိုင်ငံတော်သည် ဈေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်၍ စည်းကမ်းပြည့်ဝပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးကို စနစ်တကျအကောင် အထည်ဖော်ဆောင်လျက် ရှိရာ ဖြစ်ပေါ်ပြောင်းလဲလာသော အခြေအနေများ နှင့်လျော်ညီစွာ ပြည်ပပို့ကုန်ဈေးနှုန်း များ မှန်ကန်စေ ရေး၊ နိုင်ငံတကာပေါက်ဈေးနှင့်အညီ ရရှိစေရေးအတွက် ဈေးနှုန်းကို ဈေးကွက်ကသာ ဖော် ဆောင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ရေထွက်ပစ္စည်းဈေးနှုန်းအား ဌာနမှ မသတ်မှတ်ပဲ ဈေးကွက်ပေါက်ဈေးအ တိုင်းဖြစ်စေရန် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ ကုမ္ပဏီများမှ တင်ပြလာသည့် အရောင်း အဝယ်စာချုပ်ပါ ဈေးနှုန်းအတိုင်းသာ (၁၄-၆-၂၀၁၁)ရက်မှစ၍ ပြည်ပတင်ပို့ခွင့်ပြုခဲ့ပါသည်။ ၂၀၁၀-၂၀၁၁ ခု၊ဘဏ္ဍာရေးနှစ် အစပိုင်းကာလများမှစ၍ နိုင်ငံခြားငွေ တန်ဖိုးကျဆင်းပြီး ဈေးကွက် မတည်မငြိမ်ဖြစ်မှုများကြောင့် ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့မှု လုပ်ငန်းများတွင် ဆက်တိုက်အရှုံး ပေါ်ခဲ့ရပါသည်။ ကြုံတွေ့လာရသော အခက်အခဲများကြောင့် နိုင်ငံတော်မှလည်း ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ပြည်ပပို့ကုန်အပေါ် ကုန်သွယ်ခွန် ၃ ရာခိုင်နှုန်း သက်သာခွင့်ပြုခဲ့ပါသည်။တစ်ဖန် ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်-၃၂/၁၁ အရဆန်၊ပဲမျိုးစုံ၊ ပြောင်း၊နှမ်း၊ ရော်ဘာ၊ ရေချို/ရေငန်ရေထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်များမှအပ) စုစုပေါင်း ၇ မျိုးအပေါ် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင် ပြေ ချောမွေ့စေရေး၊ လုပ်ငန်းရှင်များဆုံးရှုံး နစ်နာမှု မရှိစေရေးတို့အတွက် ဘက်စုံ စဉ်းစားပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ခြင်းကြောင့် ရေထွက်ပစ္စည်းတင်ပို့မှုများ ပြန်လည်ဦးမော့တိုးတက်လာ သည်ကိုတွေ့ရှိရပါသည်။၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ပေ ၄၀ ကွန်တိန်နာ ၃၆၆ လုံး၊ ပေ ၂၀ ကွန်တိန်နာ ၁၀၁ လုံး စုစုပေါင်းကွန်တိန်နာ ၄၆၇ လုံးတင်ပို့ခဲ့ပြီး၊ သြဂုတ်လတွင် ပေ ၄၀ ကွန်တိန်နာ ၄၂၆ လုံး၊ ပေ ၂၀ ကွန်တိန်နာ ၁၀၇ လုံး၊ စုစုပေါင်းကွန်တိန်နာ ၅၃၃ လုံး၊ စက်တင်ဘာလတွင် ပေ ၄၀ ကွန်တိန် နာ ၅၂၀ လုံး၊ ပေ ၂၀ ကွန်တိန်နာ ၁၁၀ လုံး၊ စုစုပေါင်းကွန်တိန်နာ ၆၃၀ လုံး၊ အောက်တိုဘာလတွင်ပေ ၄၀ ကွန်တိန်နာ ၆၀၇ လုံး၊ ပေ ၂၀ ကွန်တိန်နာ ၁၀၈လုံး၊ စုစုပေါင်း ကွန်တိန်နာ ၇၁၅ လုံးတင်ပို့ နိုင်ခဲ့ ပါသည်။စဉ် လအမည် ကွန်တိန်နာအလုံးရေ စုစုပေါင်း ပေ(၄၀) ပေ(၂၀) ၁။ ဇူလိုင်လ ၃၆၆ ၁၀၁ ၄၆၇၂။ သြဂုတ်လ ၄၂၆ ၁၀၇ ၅၃၃၃။ စက်တင်ဘာလ ၅၂၀ ၁၁၀ ၆၃၀၄။ အောက်တိုဘာလ ၆၀၇ ၁၀၈ ၇၁၅ ဇူလိုင်လတင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် သြဂုတ်လတွင် ကွန်တိန်နာ၆၆ လုံး၊ စက်တင်ဘာလတွင် ကွန်တိန် နာ ၁၆၃ လုံး၊ အောက်တိုဘာလတွင်ကွန်တိန်နာ ၂၄၈ လုံး ပိုမိုတိုးတက်တင်ပို့လာနိုင်ခဲ့ပါသည်။ ပုံမှန်ကုန်သွယ်ရေး (Normal Trade) တင်ပို့မှုအနေဖြင့် ဇူလိုင်လတွင် ရေထွက်ပစ္စည်းစုစုပေါင်း ၁၁၃၀၄ ဒသမ ၉၃ မက်ထရစ်တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ၂၃ ဒသမ ၆၂သန်းတင်ပို့ခဲ့ရာမှ သြဂုတ် လတွင် စုစုပေါင်း၁၂၈၁၃ ဒသမ ၀၉ မက်ထရစ်တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၁၃သန်း၊ စက်တင်ဘာလတွင် စုစုပေါင်း ၁၅၅၇၁ ဒသမ ၅၁ မက်ထရစ်တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၆၂ သန်း၊ အောက်တိုဘာလတွင် စုစုပေါင်းပို့ကုန် ၁၇၇၈၂ ဒသမ ၅၃ မက်ထရစ်တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၅၄ သန်းအထိ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ မြန်မာ့ရေထွက်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့လည်း နယ်စပ် ကုန်သွယ်ရေး (Border Trade) ဖြင့် ပုံမှန်တင်ပို့လျက်ရှိရာ ဇူလိုင်လတွင် ရေထွက်ပစ္စည်း စုစုပေါင်း ၁၁၈၄၆ ဒသမ ၄၅ မက်ထရစ်တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၅ သန်း၊ သြဂုတ်လတွင် စုစုပေါင်း၁၂၀၄၃ ဒသမ ၉၀ မက်ထရစ်တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၂သန်း၊ စက် တင်ဘာလတွင် စုစုပေါင်း ၁၄၇၃၈ ဒသမ ၅၁ မက်ထရစ်တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၈သန်း၊ အောက်တိုဘာလတွင် ရေထွက်ပစ္စည်း စုစုပေါင်း ၁၆၂၈၂ ဒသမ ၆၈ မက်ထရစ်တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၁၈ သန်းအထိ တိုးတက်တင်ပို့လာနိုင်ခဲ့ကြောင်း သိရှိရပါသည်။ဝင်ငွေခွန်ကင်းလွတ်ပြီးနောက် ရေထွက်ပစ္စည်း တိုးတက် တင်ပို့မှု အခြေအနေ တန်ချိန် - မက်ထရစ်တန် (ရိုးရိုး) တန်ဖိုး - အမေရိကန်ဒေါ်လာ (သန်းဂဏန်း)စဉ် လအမည် ပုံမှန်ကုန်သွယ်ရေး နယ်စပ်ကုန်သွယ်ရေး စုစုပေါင်း တန်ချိန် တန်ဖိုး တန်ချိန် တန်ဖိုး တန်ချိန် တန်ဖိုး၁။ ဇူလိုင်လ ၁၁၃၀၄ .၉၃ ၂၃ .၆၂ ၁၁၈၄၆ .၄၅ ၁၄ .၇၅ ၂၃၁၅၁ .၃၈ ၃၈ .၃၇၂။ သြဂုတ်လ ၁၂၈၁၃ .၀၉ ၂၆ .၁၃ ၁၂၀၄၃ .၉၀ ၁၅ .၈၂ ၂၄၈၅၆ .၉၉ ၄၁ .၉၅၃။ စက်တင်ဘာလ ၁၅၅၇၁ .၅၁ ၃၄ .၆၂ ၁၄၇၃၈ .၅၁ ၂၀ .၇၈ ၃၀၃၁၀ .၀၂ ၅၅ .၄၀၄။ အောက်တိုဘာလ ၁၇၇၈၂ .၅၃ ၃၆ .၅၄ ၁၆၂၈၂ .၆၈ ၂၂ .၁၈ ၃၄၀၆၅ .၂၁ ၅၈ .၇၂ နိုင်ငံတော်မှ ကုန်သွယ်ခွန် ၈ရာခိုင်နှုန်း သက်သာခွင့်ပြုခဲ့ခြင်း၊လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့ စေရန် အခြားသောဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း၊ ဒေါ်လာငွေဈေးပြန်တက်လာခြင်းတို့ကြောင့် ပို့ကုန်များ တိုးတက်တင်ပို့လာနိုင်သကဲ့သို့ လုပ်ငန်းရှင်များမှလည်း ဈေးနှုန်းအားဈေးကွက်ပေါက်ဈေး အတိုင်း တင်ပြလျှောက်ထားခြင်းများရှိလာသဖြင့် ပြည်ပပို့ကုန်ဈေးနှုန်းများ ပိုမိုတိုးတက်ရရှိခဲ့ပါသည်။အောင်ကျော်