Background
ယခုလပိုင်းမှာ ပင်လယ်ငါးဖမ်းရေယာဉ်များ ရက်ခြားဆိုသလို ဖျာပုံမြို့၊ ရေခဲဒိုင်ဆိပ်ကမ်းကို အဝင်များလျက်ရှိပါတယ်။ ငါးဖမ်းရေယာဉ် တစ်ခါဝင်ရင် ၅ စီးမှ ၈ စီးအထိရှိပြီး၊ ငါးသလောက်ငါးများ အမိအရများကြောင်း သိရပါတယ်။ ငါးဖမ်းရေယာဉ်တစ်စီးမှာ ငါးကြမ်းအမျိုးအစား ငါးပြူး၊ ငါးခွေးရှာနဲ့ မျှင်ဝါငါးများပါပြီး၊ ငါးတစ်မျိုးကို ကုန်ချိန်ပိဿာ ၂၀၀၀ ကျော်ခန့်ပါပါတယ်။ ငါးသလောက်ကတော့ ကုန်ချိန်ပိဿာ ၁၀၀၀၀ ကျော်ခန့် ပါရှိတယ်လို့ ပြည့်စုံငါးအဝယ်ဒိုင်ကပြောပါတယ်။
မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ဈေးကွက်တွင် ရေထွက်ပစ္စည်းတင်ပို့ ခြင်းမှာ ရှေ့တန်းတွင် ရှိနေပါသည်။ ငါးရိက္ခာလိုအပ်နေသော နိုင်ငံ များ က မြန်မာနိုင်ငံမှထွက် သောငါး၊ ပုစွန်၊ ကဏန်း၊ ခရု၊ ယောက် သွား၊ ရေမှော်စသော ရေထွက်ကုန်ပစ္စည်းမျိုးစုံ၊ ကြီးငယ်အရွယ်စုံကို အစို၊ အခြောက်၊ ဆားနယ်၊ ငါးအကောင် လိုက်၊ ငါးအပိုင်းအတုံးလိုက်၊ အရိုးမပါ အသားလွှာ၊ ငါးအသားလုံး၊ ငါးနုတ် ငါးဖွဲ၊ ငါးပေါင်းမှုန့်က အစ ပုစွန်အခွံအဆုံး အားလုံးဝယ်ယူလိုကြပါသည်။
နိုဝင်ဘာ ၁၅ ရက်ကစပြီး မီးရထားကုန်တန်ဆာခနှုန်း မြင့်တက်ပေမဲ့ ကြက်စာဈေးနှုန်းတင်ပို့ရာ၌ ဈေးအပြောင်းအလဲမရှိနိုင်ကြောင်း ကြက်စာ တင်ပို့သူ ဒေါက်တာမိုးစည်သူက ပြောပါတယ်။ ယခုနှစ်အတွက် ကြက်စာတင် ဖို့စပေါ်ငွေမှာ ကုန်တွဲတစ်တွဲကို ၁၅ သိန်းသတ်မှတ်ပြီး တန်ဆာခမှာ တစ်ကြောင်းကို တစ်တန် တစ်မိုင် ၄၂ ကျပ်နှုန်းနဲ့ တင်ပို့ခွင့်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒေါက်တာမိုးစည်သူက " မနှစ်က စပေါ်ငွေမတင်ရဘူး။ အသွားအပြန် အတွက် စပေါ်တင်ရတာ။ ၉၃၇ အဆန်အတွက် တန်ဆာခက တစ်တန်တစ် မိုင်ကို ၂၈ ကျပ်၊ ၉၃၈ အစုန် အတွက် တစ်တန်တစ်မိုင်ကို ၁၄ ကျပ်ဆိုတော့ စုစုပေါင်း ၄၂ ကျပ် ဆောင်ရတာ။ ဒီနှစ်မှာ ၉၃၇ အဆန်အတွက် တစ်တန် တစ်မိုင် ၄၂ ကျပ်ဆောင်ရမယ်။ အပြန်တင်စရာမလိုတဲ့အတွက် နှုန်းကအတူ တူပါပဲ။ ဒါကြောင့် ဈေးအပြောင်းအလဲမရှိနိုင်ဘူး" လို့ ပြောပါတယ်။ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်လကို တွဲ ၁၀ တွဲဖြင့် တင် ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ တွဲတစ်တွဲကို တန် ၃၀၊ ၃၂ တန်၊ ၃၆ တန်တင်ဆောင်ရတဲ့ တွဲများပါရှိကြောင်း သိရပါတယ်။ မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ အမှတ် ၉၃၇ အဆန်ဖြင့် တစ်လရထားအဆိုင်း ၅၀ ဝန်းကျင် ပြေးဆွဲလျက်ရှိကြောင်း၊ တစ်ဆိုင်းကို ကုန်တွဲ ၉ တွဲပါရှိကြောင်း သိရပါတယ်။ ဇူးဇူး
ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted) ဈေးနှုန်းသည် (Whole) ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့်အပေါ်တွင် ဃဥဏ တွက်ချက်ထား သည့် ဈေးဖြစ်ပါသည်။ စဉ် အမျိုးအမည် အရွယ်အစား WHOLE GUTTED ယခင်အပတ် ယခုအပတ် ယခင်အပတ် ယခုအပတ်၁။ ROHU 1-2 Kg 1145 1134 1345 1334 ငါးမြစ်ချင်း 2-3 Kg 1277 1246 1477 1464 Labeo rohita 3-5 Kg 1343 1330 1543 1530 5-7 Kg 1409 1395 1609 1595 7-8 Kg 1409 1395 1609 1595 8 Kg Up 1409 1395 1609 1595ငါး/ဦးစီး
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်က မြိတ်မြို့ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက စက် တင်ဘာ ၁ ရက်မှ ၂၇ ရက်ကာလအတွင်း ကန်ဒေါ်လာ ၇ ဒသမ ၃၆၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၆၂၆၄ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ဧပြီ ၁ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ကန်ဒေါ်လာ ၄၃ သန်းကျော်တန်ဖိုးရှိ ၄၅၄၃၇ တန်ခန့် တင်ပို့ ထားပြီး ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့ကာ အနီးစပ် ဆုံးကာလထက် ကန်ဒေါ်လာ ၁ဒသမ ၈၁၈ သန်း ဖိုးပိုမိုတင်ပို့နိုင်ခဲ့ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ မြိတ်နယ်စပ်မှ တင်ပို့တဲ့ရေထွက်ကုန် တွေက ငါး(ရေချို) မျိုးစုံ၊ ပုစွန်တို့ဖြစ်ပြီး အအေးခန်းစက်ရုံထွက်ပစ္စည်းနဲ့ ငါးမှုန့်တင်ပို့မှုမှာ ပုံမှန် ထက် လျော့နည်းလျက်ရှိပါတယ်။ လက်ရှိအနေ အထားအရ ငါးမှုန့်များကို ရန်ကုန်သို့တင်ပို့နေ ကြတဲ့အတွက် လျော့နည်းနေခြင်းဖြစ်ကြောင်း၊ ယခုအခါ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်တဲ့ အတွက် ငါးဖမ်းလှေများ ခေါက်ရေတိုးလာခြင်း၊ ရာသီဥတုကောင်းမွန်လာပြီဖြစ်လို့ ကျွန်းခိုမှုလျော့ နည်းလာခြင်း၊ ငွေဈေးနှုန်း မြင့်တက်လာခြင်းတို့ ကြောင့် ပို့ကုန် ဆက်လက်တိုးတက်လာမယ်လို့ သုံးသပ်ပြောကြားပါတယ်။ ရေထွက်ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနဲ့ လုပ်ငန်း ရှင်များအနေနဲ့ အခက်အခဲများရှိပါက ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့ တယ်လို့ သတင်းရရှိခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံက မိမိတို့စခန်းအနေနဲ့ ရေထွက်ပစ္စည်းပြည်ပတင်ပို့ မှုဟာ အရေးပါတဲ့ ပို့ကုန်လုပ်ငန်းဖြစ်ပါကြောင်း၊ ရာသီဥတုကြောင့် ငါးဖမ်းဆီးရမိမှု နည်းပါးခြင်း၊ ငွေလဲလှယ်မှုနှုန်းများ ကျဆင်းခဲ့ခြင်းတို့ကြောင့် လုပ်ငန်းရှင်များ ၂လမှ ၃လခန့် အခက်အခဲကြုံခဲ့ရပါကြောင်း၊ အမြတ်အစွန်းထက် မိမိရရှိထားတဲ့ဈေးကွက်မပျက်စေရေး ကြိုးစားဆောင်ရွက်ခဲ့မှုများကို နားလည်ပါကြောင်း၊ အအေးခန်းစက်ရုံများ ပုံမှန် လည်ပတ်နိုင်ခြင်းဟာ ပို့ကုန်အတွက် အခြေအနေ ကောင်းများ ဖြစ်ပေါ်စေတာကို တွေ့ရပါကြောင်း၊ ရေထွက်ပစ္စည်းတင်ပို့သူများအနေနဲ့ ဈေးကွက်လို အပ်ချက် ဖြည့်ဆည်းနိုင်ရေး၊ ဈေးနှုန်းကျဆင်းမှု မဖြစ်ပေါ်စေရေး အချင်းချင်းညီညီညွတ်ညွတ်အစု အဖွဲ့ စုဖွဲ့ထားရေး၊ အစုအဖွဲ့ စုဖွဲ့ထားရုံနဲ့ မပြီး မြောက်သေးဘဲ အဖွဲ့ဝင်များ မကြာခဏထိတွေ့၍ လက်ရှိဆောင်ရွက်မှု၊ ဆက်လက်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်များအပါအဝင် စုပေါင်းအကြံဉာဏ်နဲ့ လိုအပ်သည်များ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုနဲ့ ဈေးကွက်လိုအပ်ချက်၊ တစ်ဖက်နိုင်ငံ သို့ ထိုးဖောက်ချိတ်ဆက်ရောင်းဝယ်မှု တိုးတက် လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မိမိတို့ OSS အဖွဲ့ဝင် ဌာနဆိုင်ရာများအနေ နဲ့ ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေစေရေး ကူညီ ဆောင်ရွက်ပေးနေကြောင်း၊ ကုန်သွယ်မှု မြင့်မား တိုးတက်ရေး ယခုထက်ပိုမိုဆောင်ရွက်ပေးကြရန်နဲ့ တရားမဝင် ကူးသန်းမှု လျော့နည်းပပျောက်စေရန် နဲ့ လမ်းကြောင်းမှန်ပေါ်မှ ကုန်သွယ်ရေးလုပ်ခြင်း ဖြင့် ကုန်သွယ်မှုတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက် ကြရန်လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Source: နကသ(မြိတ်) MIRT(DOBT)
ယခင်အပတ်မှအဆက် အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၀-၂၀၀၃ ခုနှစ်၏ရေထွေးဖမ်းမိငါးများရာခိုင်နှုန်း တွက်ချက်ရာတွင် ၆၂.၆ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏ပင်လယ်ပြင်တွင် ဖမ်းမိသည့် ရောထွေးဖမ်းမိငါးများ ကိုခန့်မှန်းရာတွင် တရားဝင်ကုန်တက်ကိုပြန်လည် ညှိနှိုင်း တွက်ချက်ရန်လိုကြောင်း ရေးသားထား ပါသည်။ စာတမ်းအရဆိုလျှင် ပုံမှန် တရွတ်ဆွဲကုန်တက်အပေါ်တွင် ၃ ဆပိုမိုတွက်ဆရမည်ဖြစ်ကြောင်းတွေ့ရ ပါသည်။ထို့ကြောင့် ၂၀၀၀-၂၀၀၃ခုနှစ် ကာလအတွက် ကုန်တွက်ကိုတွက်ချက် ရာတွင် ၂၉၀၀၀၀ တန် အစား ၈၇၀၀၀၀ တန်ဖြစ်မည်ဟုဆိုပါသည်။ ထိုတန်ဖိုးပေါ်တွင် စာရင်းမပို့သောကုန်တက် ၅၈၀၀၀၀ တန်ကို ပုံမှန်နှစ်စဉ် ကုန်တက် ၁၂၁၀၀၀၀ တန်ကို ထပ်မံပေါင်းထဲ့ရမည်ဖြစ်ပါသည်။(ထိုတန်ဖိုး သည် ၈၇၀၀၀၀ တန်၏ နှစ်ပုံသုံးပုံ တန်ဖိုး)ဖြစ်ပါသည်။ထိုအခါ စုစုပေါင်းကုန်တက်သည် တန်ချိန်ပေါင်း ၁၇၉၀၀၀၀ မက်ထရစ်တန်ဖြစ်ပါမည်။ ထိုအထဲတွင် ၄၈.၆ ရာခိုင်နှုန်းဖြစ် သောတန်ချိန် ၈၇၀၀၀၀ တန်သည် ရောထွေးဖမ်းမိ၍ နှစ်စဉ် ဆုံးရှုံးသွား သော ငါးသယံဇာတများ ဖြစ်ပါသည်။ ထိုတန်ဖိုး သည် မြန်မာနိုင်ငံတစ်နိုင်ငံ တည်းကဆုံးရှုံးသွားသည့်တန်ဖိုးဖြစ်ပါသည်။ နိုင်ငံတစ်ခုခြင်း၏နှစ်စဉ် ဆုံးရှုံးနေသော တန်ဖိုးများပေါင်း၍တွက်ချက်ကြည့်ပါ ကလွန်စွာထိတ်လန့်ဖွယ်အရေအတွက် ကိုတွေ့ကြရမည်။ လူသားတို့ နောင်အရှည်စား သုံးရန်အတွက် ငါးငယ်လေးပေါင်းမြောက်မြားစွာကို လူသားတို့ကိုယ်တိုင် ဖျက်ဆီးပစ်နေကြပြီ၊မည်မျှနှမြောဖွယ်ဖြစ်ပါသနည်း။ နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေနှင့် တစ်မျိုးသားလုံးထုတ်လုပ်မှု ပမာဏ ဂျီဒီပီတိုးတက်အောင် ဆောင်ရွက်ပေးနေ သည်ဟုထင်ရလောက်ပါသည်။အမှန်တရားကတော့ GDP ထက် မိမိတို့ အကျိုးစီးပွားမပျက်စီးရေး၊ ကိုယ်ကျိုးစီး ပွားကြည့်သည့်ဝါဒ လက်ကိုင်ထားနေခြင်းကြောင့် မကြာမီကာလအတွင်း တိုင်းပြည်၊ ကမ္ဘာနှင့်အဝှမ်း ရေသယံ ဇာတများ ယုတ်လျော့ပျက်စီးတော့ မည်မှာ သိသာထင်ရှားလှပါသည်။ နိုင်ငံတော်၏အကျိုးကြည့်မည် ဆိုလျှင် အဘယ်ကြောင့် တန်ဖိုးရှိသည့် ငါးငယ်လေးများပါမကျန် ဖမ်းဆီး ရောင်းချချင်နေရပါသနည်း၊နိုင်ငံတော် ၏မွေးမြူရေးကဏ္ဍ လိုအပ်ချက်ဖြစ်သောကြက်စာ၊ဘဲစာ၊ငါးမွေးမြူရေးအတွက် ကုန်ကြမ်းအဖြစ်လည်းကောင်း၊အခြေခံ ရန်ကုန်မြို့လူထုစားသုံးနိုင်သည့်အရည် အသွေးရှိတန်ဖိုးနည်းငါးများဖြစ်ပါသည် ဟုဆိုနိုင်ပါသေးသည်။သို့သော်လပိုင်း အတွင်းနိုင်ငံတော်အတွက် တန်ဖိုးထိုက် တန်စွာရရှိမည့်တန်ဖိုးရှိငါးငယ်လေးများ သိန်းသန်းချီကာ ကြက်စာ၊ဘဲစာတန်ဖိုး နှင့်သာ နိုင်ငံတော်၏ အဖိုးမဖြတ်နိုင် သည့် ရေသယံဇာတများကို အကျိုးမဲ့ ဖြုန်းတီးပစ်နေခြင်းကို သိသာမြင်သာရှိ ဖို့လိုပါသည်ရေရှည်ငါးပုစွန်သယံဇာတ တည်တံ့ရေး၊နောင်လာနောက်သား၎င်း တို့၏သားစဉ်မြေးဆက်ငါးပုစွန်သယံဇာ တကိုထိန်းသိမ်းသွားသင့်သည်မဟုတ်ပါလား။ တချို့ဝိသမလောဘသား တို့က လည်း စိုက်ထုတ်ထားသော စရိတ်ကြေစေရန် Break point ရောက်ရန် ပင်လယ်ထဲတွင် ကြာကြာငါးဖမ်းနိုင်စေရန်အတွက် (၃)လခန့်ပင်လယ်ထဲတွင် ကမ်းခြေပြန်မကပ်ပဲ၊ငါးဖမ်းဆီးခွင့်တောင်း ဆိုလာနိုင်ကြပါသည်။သို့သော်ပင်လယ် ထဲတွင် ရက်ကြာကြာ ဖမ်းလေလေ ကုန်ကျ စရိတ်များ ပိုတက်ကာ Breakeven point အရင်းကျေမည့် ကာလသည် မိမိတို့ခန့်မှန်းထားသော ကာလထက်ဝေးကွာသောနေရာသို့ ရွေ့ လျားသွားသည်ကိုသတိမူကြဖို့လည်းလို အပ်မည်ဖြစ်ပါသည်။ အံ့သြဖွယ် ကောင်းလေစွ၊ ပင်လယ်ထဲတွင် ထင်တိုင်းကျဲတော့မည်ဆို သည့်သဘောပေလား။ ပင်လယ်ထဲ တွင် ရက်ကြာစွာ ဖမ်းဆီးပြီး၊ သယ်ပို့ရေယာဉ်ဖြင့် ရသလောက်သယ်ယူ ကာ ၎င်းတို့က နိုင်ငံတော်အတွက် ကိုယ်ကျိုးမဖက် GDP တက်အောင်ဖမ်း ဆီး ပေးကြမည် ၎င်းတို့အဆိုပေတည်း။ နိုင်ငံတော်၏ နောင်ရေးငါးပုစွန်သယံ ဇာတပျောက်ကွယ်မည့် အရေးကိုတော့ ထည့်သွင်းပြောဆိုကြခြင်း မတွေ့ရပါ။ ငါးပုစွန် သယံဇာတ ပြန်လည် တိုး တက်လာစေရေးကို ရေတို ရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်ကြရမည်ဖြစ်ရာ ငါးလုပ်ငန်းစီမံခန့်ခွဲမှုကို နိုင်ငံတကာငါး လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ၊ဥပမာ SEAFDEC,FAO,BIMSTEC, BOBLME, UNDP, MFRDMD, BOBP-IGO အစရှိအဖွဲ့များနှင့်အတူ လက် တွဲ၍ သယံဇာတသုံးစွဲသူများနှင့် အတူ လက်တွဲ၍ သယံဇာတသုံးစွဲသူ များပါ ပါဝင်ဆောင်ရွက်ကြလျှင် တိုင်း ပြည်၏ ငါးပုစွန်သယံဇာတသည် ပြန်လည် တိုးတက် ပေါများလာမည်မှာ ဧကန်ပင်ဖြစ်သည်။ပြန်လည်ဆောင် ရွက်ရန်လည်း သဘာဝကြီးကမီးမောင်း ထိုး အချက်ပြနေပြီဖြစ်သည်။ နိုင်ငံ တကာ အဖွဲ့အစည်းများကပင် ငွေ ကြေး အမြောက်အမြား အကုန်အကျခံ ကာ သယံဇာတများပြန်လည် တိုးပွား စေရေးအတွက်လာရောက် ဆောင်ရွက် ပေးနေကြသည်။ မိမိတို့ ပြည်သူ၊ သယံဇာတဖြင့် စီးပွားရှာနေသူတို့အဖို့လည်း ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသည့် အတိုင်းဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် သင့်သည်မဟုတ်ပါလား။အော် နောင် တွင် သားလေးတို့ သမီးလေးတို့ စားဖို့ ငါးပုစွန်ပြန်လည်ပေါများလာဖို့အတွက် ဆောင်ရွက်ကြရန်အချိန်ရောက်ပြီဖြစ် ကြောင်း၊မကြာတော့သည့်အချိန်တွင် သယံဇာတကျိန်စာ မသင့်ကြရလေအောင်၊ငါးပုစွန်သယံဇာတပညာရှင်များ အားလုံးဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင် ကြပါစို့ဟု ပြည်သူသိအောင် ရင်ဖွင့်ရေး သားလိုက်ရပါသည်။ အဏ္ဏဝါချစ်သူ
ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted) ဈေးနှုန်းသည် (Whole) ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့်အပေါ်တွင် ဃဥဏ တွက်ချက်ထား သည့် ဈေးဖြစ်ပါသည်။ စဉ် အမျိုးအမည် အရွယ်အစား WHOLE GUTTED ယခင်အပတ် ယခုအပတ် ယခင်အပတ် ယခုအပတ်၁။ ROHU 1-2 Kg 1159 1171 1359 1371 ငါးမြစ်ချင်း 2-3 Kg 1257 1269 1457 1469 Labeo rohita 3-5 Kg 1322 1335 1522 1535 5-7 Kg 1387 1400 1587 1600 7-8 Kg 1387 1400 1587 1600 8 Kg Up 1387 1400 1587 1600ဒေါ်လာ/တန်ငါး^ဦးစီး
(ယခင်အပတ် မှ အဆက်) နောက်သယံဇာတ ရုတ်လျော့ဆုံးရှုံးသွားသော အနီးဆုံး ဥပမာကို ပြရလျှင် အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့် ပါ။ ထိုင်းနိုင်ငံသည် ၁၉၆၁-၁၉၆၅ ခုနှစ် တွင်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပထမဦးဆုံးသော ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အနာဂတ် တိုးတက်ရေးစီမံချက်များ အရ ထိုင်းနိုင်ငံ တွင် အင်အားကြီးမားပြီး၊ ဖမ်းဆီးနိုင်စွမ်း အားမြင့်မားသည့် တရွတ်ဆွဲငါးဖမ်းနည်း စနစ်၊ စက်အားဖြင့်တွန်းကာ ဖမ်းဆီးနိုင် သော ငါးဖမ်းနည်းစနစ်များကိုသုံးကာ ဖမ်းဆီးခြင်းကို စတင်မိတ်ဆက်ဖမ်းဆီးခဲ့ ကြပါသည်။ လွန်စွာဖမ်းဆီးနိုင်စွမ်း မြင့်မားသောကြောင့် ငါးအထိ အမိသိသာ ထင်ရှားစွာ တိုးတက်လာသည်ကို ၎င်းတို့ ဖော်ပြသော သုတေသနရလဒ်များအရ သိရှိခဲ့ကြရပါသည်။ထိုင်းနိုင်ငံ ၏ နိုင်ငံခြား ပို့ကုန်ပမာဏနှင့် တစ်မျိုးသားလုံးဝင်ငွေ GDP သည်လည်းထင်ရှားစွာ မြင့်တက်လာပါသည်။ ထိုင်းအစိုးရသည် သို့အတွက် ရေလုပ်ငန်း ပို့ကုန်ပိုမိုမြှင့်တင်ရေးကို ဆတက်ထမ်းပိုးတိုးကာ ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။ထိုင်းငါးဖမ်းလှေများသည် မိမိတို့ရေပိုင်နက်အပြင် မိမိတို့ နှင့်ထိစပ်နေသည့် နိုင်ငံရေပိုင်နက်များကိုပါ မိမိတို့ထိုင်းနိုင်ငံ GDP တိုးမြှင့်ရေးအတွက် တရား ဝင်နည်း၊တရားမဝင်နည်းကိုပါ ကျင့်သုံးဖမ်းဆီးလာသည်ကို ထိုစဉ်က ထိုင်းငါးဖမ်းသင်္ဘောများပေါ်တွင် ငါးခိုးဖမ်းရာတွင် လိုက်ပါခဲ့ကြသည့် မြန်မာအလုပ်သမားငယ်များ ယခုဆိုလျှင် မြန်မာ့ရေပြင်တွင်ငါးဖမ်းအတွေ့အကြုံ အတော်ရင့်ကျက်နေသူ တို့၏ စိတ်အစဉ်တွင် မိမိတို့တိုင်းပြည်သယံဇာတ မိမိတို့ ပြန်ခိုးပေးခဲ့ရသည့် အဖြစ်ပြန်ပြောင်းစဉ်းစားကြည့်လျှင် ရင်နာတတ်မည် ဆိုလျှင် ရင်နာနိုင်ပေသည်။ထို့ကြောင့် ထိုင်းနိုင်ငံ၏ နှစ်စဉ်ငါးထုတ်လုပ်မှုသည် ၁၉၆၁ ခုနှစ်တွင် မက်ထရစ်တန် ၃၀၅ ၇၅၀ တန် ထုတ်လုပ်ခဲ့ရာမှ ၁၉၆၅ခုနှစ်တွင် မက်ထရစ်တန်ပေါင်း ၇၂၀ ၂၈၂ တန် ထုတ်လုပ်ကာ ငါးနှစ်တာကလအတွင်း နှစ်ဆ တိုးတက်လာခဲ့သည်။၁၉၇၇ ခုနှစ် တွင် မက်ထရစ်တန်ချိန်သန်းပေါင်း ၂ သန်းအထိတိုးတက်အောင်ထုတ်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော်၁၉၇၇ နောက်ပိုင်းတွင် ငါး ထုတ်လုပ်မှုသည် ထို့ထက်တိုးတက်ထုတ် လုပ်နိုင်မှု မရှိတော့သည်ကိုတွေ့ ရသည်။ အဘယ့်ကြောင့်နည်း ၎င်းတို့သတိ မထားခဲ့သည်က ငါးသယံဇာတ၏ သဘောမှာ အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ပမာဏMaximum Sustainable Yield (MSY) ထက်ပိုမိုထုတ်လုပ်ပါက သယံဇာတသည် ပထမ တိုးတက်ထုတ်နိုင်ခြင်းမရှိဘဲ တန်ဖိုး တစ်ခုပတ်ဝန်းကျင်တွင် တန့်နေမည်ဖြစ်ပြီး ထို့ထက်ပိုမိုထုတ်လုပ်ရန်ကြိုးစားပါက တစ်ဖြည်းဖြည်းဆုတ်ယုတ် လျော့ပါး ပျက်စီးသွားပေလိမ့်မည်။ ၁၉၇၇ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ငါးထုတ်လုပ်မှုသည် စတင်ကျဆင်းစပြု လာပါသည်။သုတေသနစာစောင် တွင် ထိုကျဆင်းရခြင်းမှာ အချက် နှစ်ချက်ကြောင့်ဟုပြဆိုထားသည်။ပထမအချက်မှာ ပင်လယ်ပြင်ကန့်သတ်စီးပွားရေးဇုန်ကို ရေမိုင် ၂၀၀ သတ်မှတ်လိုက်သည့်အတွက် မိမိတို့နှစ်နယ်နိမိတ်ခြင်းထိစပ်နေသည့် နိုင်ငံ၏ငါးဖမ်း ကွက်များသို့ သွားရောက် ငါးဖမ်းရန် အခက်အခဲရှိလာခြင်း။ဒုတိယအချက်မှာ ထိုင်းပင်လယ်ကွေ့အတွင်း အဆမတန် တရားလွန်ငါးဖမ်းဆီးမှုကြောင့်ငါး အလွန်အကျွံဖမ်းဆီးမှုခံရခြင်းလက္ခဏာများဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။ နမူနာယူစရာပင်မဟုတ်ပါလား။ ၁၉၇၇ ခုနှစ်တွင် Aunterpracha ၏သုတေသနရလဒ် တင်ပြချက်အရ ထိုင်းနိုင်ငံပင်လယ်ကွေ့အတွင်း သယံဇာ တထိန်းသိမ်းခြင်းလုပ်ငန်းကို လျင်မြန်စွာအရေးပေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ထို့ကြောင့် ထိုင်းနိုင်ငံ အစိုးရသည် ထိုင်း ပင်လယ်ကွေ့အတွင်းတွင် တရွတ်ဆွဲပိုက်ငါးဖမ်းခြင်းကို လုံးဝပိတ်ပင်ပေးခဲ့ပါသည်။ ပြန်လည်သုံးသပ်ကြည့်လျှင် ၁၉၇၂ ခုနှစ်ကတည်းက ထိုင်ပင်လယ်ကွေ့အတွင်း ငါးလုပ်ငန်းထုတ်လုပ်မှုကို ခေတ်မီငါးဖမ်းနည်းစနစ်များနှင့် နိုင်ငံ၏ GDP ကို တိုးတက်အောင်ငါးဖမ်းဆီးထုတ်လုပ်ခဲ့ရာ ထင်ရှားသော အချက်အလက်များက ငါးသယံဇာတ ထုတ်လုပ်သင့်သည်ထက် ပိုမိုထုတ်လုပ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ကြရပါသည်။ ၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် ထိုင်းပင်လယ်ကွေ့သုတေသနရလဒ်များအရ တရွတ်ဆွဲပိုက်မျာငါးအထိအမိ၏ ၇၀ ရာခိုင်နှုန်းသည် ငါးပုစွန်သားပေါက်လေးများ၊တန်ဖိုးကြီးမားသည့် ငါးအမျိုးအစားသားလောင်းများ ဖြစ်ကြသည်ကို တွေ့ရ ကြောင်းဖော်ပြခဲ့ပါသည်။ မိမိတို့မြန်မာနိုင်ငံရေပြင်တွင်ကော သည်လိုပဲလား ထိုနည်းနှင်နှင် ပင်မဟုတ်ပါလား။သို့နှင့် မြန်မာနိုင်ငံ ၏ ငါးထုတ်လုပ်မှုအချက်အလက်များကို လေ့လာကြည့်မိပါသည်။ မြန်မာနိုင်ငံ၏ရောထွေးဖမ်းမိငါးများကို သုံးသပ်ပြ ထားသော စာတမ်း တစ်စောင်တွင် မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံမှ တရွတ်ဆွဲငါးဖမ်းသင်္ဘောများကို ဖမ်းယူရမည့် ငါးသယံဇာတ နှင့် ပတ်သက်သည့် မည်သည့်ကန့်သတ်ချက်မျှ ကန့်သတ်မထားဘဲ ငါးဖမ်းဆီးခွင့်ပြုခဲ့သည်ဟုဆိုထားပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏အခြေအနေ သည် အင်ဒိုနီးရှားနိုင်ငံ၏အခြေအနေနှင့်နှိုင်းယှဉ်နိုင်ပါသည်ဟုဆိုပါသည်။ ခွင့်ပြုထားသည့် ငါးဖမ်းရေယာဉ်များကလည်း ငါးကုန်တက်ကို သတင်းပေးပို့ကြရာတွင် တစိတ်တစ်ပိုင်းမျှသာ သတင်းပေးပို့ကြသည်ဟု ရေးသားထားသည်ကိုလည်းတွေ့ ရသည်။ ပထမဦးစွာ အင်ဒိုနီးရှားနိုင်ငံ အခြေအနေကြည့်ကြပါစို့၊ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၀ ခုနှစ်များဆီက သူတို့နိုင်ငံထဲ တွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်းကို Arafura Sea မှလွဲ၍ တရားဝင်ပိတ်ပင်ထားခဲ့ပါသည်။ထို့ပြင် အင်ဒိုနီးရှားနိုင်ငံငါးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနကဖော်ပြပါ Arafura Sea တွင်ဖက်စပ်ငါးဖမ်း တရွတ်ဆွဲငါးဖမ်းလှေ ၈၇ စီးကို ဖမ်းဆီးခွင့်ပြုထားကြောင်း ထုတ်ပြန်ကြေညာပါသည်။ သို့သော် ထိုပင်လယ်တွင် ဖမ်းဆီးသော တရွတ်ဆွဲငါးဖမ်းလှေမှန်သမျှသည် By-catch excluder devices ဟုခေါ်သည့် ရောထွေးဖမ်းမိသည့် တန်ဖိုးရှိ ငါးများလျှော့ချစေသည့်ကိရိယာ တပ်ဆင်ဖမ်းဆီးရမည့် စည်းမျဉ်းကို လိုက်နာကြရပေသည်။ မည်သို့ဆိုစေအင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်ပုစွန်ဖမ်းသင်္ဘောကုန်တက်များကို ကြည့်ခြင်းအားဖြင့် ၂၀၀၀-၂၀၀၃ ပျမ်းမျှ ကုန်တက်သည်တန်ချိန် ၁၄၆၄၀၀၀ တန်ရှိကြောင်းတွေ့ရှိရပါသည်။ ထိုကုန်တက်၏များပြားမှုကို ကြည့်ခြင်းအားဖြင့် တရွတ်ဆွဲပုစွန်ဖမ်းပိုက်သည် ပုစွန်တစ်မျိုးတည်းကိုသာ ရည်ရွယ်ဖမ်းဆီးခြင်းမဟုတ်သည်မှာ ရှင်းလင်းသိသာလှပါသည်။ထို့ပြင် သုတေသီဖါဂန်ဆိုသူ၏ စာတမ်းတွင် အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းဆီးနေသော တရွတ် ဆွဲငါးဖမ်းလှေပေါင်း ၇၅၀ စီးခန့် ရှိရာ အားလုံးမှာ နိုင်ငံခြားသားပိုင် သင်္ဘောများဖြစ်ပြီး၊ထိုသင်္ဘောများ၏ သုံးပုံတစ်ပုံမျှသော သင်္ဘောများ၏ ကုန်တက်များကိုသာ အင်ဒိုနီးရှား အစိုးရငါးလုပ်ငန်းဌာနသို့ အစီရင်ခံနေကြကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ပင် အင်ဒိုနီး ရှားနိုင်ငံရှိ တရွတ်ဆွဲငါးဖမ်းလှေ များသည် ငါးအမျိုးအစားရည်ရွယ် ဖမ်းဆီးခြင်းမရှိပါ။ ပုစွန်၊ကဏန်း၊ ငါးသေးငါးမွှား ရှိသမျှသက်ရှိအား လုံးသိမ်းကျုံးဖမ်းဆီးသောစနစ်ဖြစ် ပါသည်။ ထို့ပြင်အင်ဒိုနီးရှားရေပြင်တွင် ဖမ်းဆီးရရှိသောကုန်တက်များသည် ဥပဒေအပြင်ဖက်တွင် လုပ်ကိုင်ဆောင် ရွက်နေကြခြင်း၊ ကုန်တက်များအချက် အလက်များ ပေးပို့ခြင်းတွင်လည်း အမှန်ကုန်တက်ထက်လျော့၍ သတင်းပေးပို့ နေခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ငါးပုစွန်ကုန်တက် အားလုံးကို ရောထွေး ဖမ်းမိငါးများဟုသာ မှတ်ချက်ပြုရမည်လို ဖြစ်နေပါတော့သည်။ (ဆက်လက်ဖော်ပြပါမည်)