Main menu

Background

Monday, 21 Nov 2011

                    နိုဝင်ဘာ ၁၅ ရက်ကစပြီး မီးရထားကုန်တန်ဆာခနှုန်း မြင့်တက်ပေမဲ့ ကြက်စာဈေးနှုန်းတင်ပို့ရာ၌ ဈေးအပြောင်းအလဲမရှိနိုင်ကြောင်း ကြက်စာ တင်ပို့သူ ဒေါက်တာမိုးစည်သူက ပြောပါတယ်။ ယခုနှစ်အတွက် ကြက်စာတင် ဖို့စပေါ်ငွေမှာ ကုန်တွဲတစ်တွဲကို ၁၅ သိန်းသတ်မှတ်ပြီး တန်ဆာခမှာ တစ်ကြောင်းကို တစ်တန် တစ်မိုင် ၄၂ ကျပ်နှုန်းနဲ့ တင်ပို့ခွင့်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။                      ဒေါက်တာမိုးစည်သူက " မနှစ်က စပေါ်ငွေမတင်ရဘူး။ အသွားအပြန် အတွက် စပေါ်တင်ရတာ။ ၉၃၇ အဆန်အတွက် တန်ဆာခက တစ်တန်တစ် မိုင်ကို ၂၈ ကျပ်၊ ၉၃၈ အစုန် အတွက် တစ်တန်တစ်မိုင်ကို ၁၄ ကျပ်ဆိုတော့ စုစုပေါင်း ၄၂ ကျပ် ဆောင်ရတာ။ ဒီနှစ်မှာ ၉၃၇ အဆန်အတွက် တစ်တန် တစ်မိုင် ၄၂ ကျပ်ဆောင်ရမယ်။ အပြန်တင်စရာမလိုတဲ့အတွက် နှုန်းကအတူ တူပါပဲ။ ဒါကြောင့် ဈေးအပြောင်းအလဲမရှိနိုင်ဘူး" လို့ ပြောပါတယ်။ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်လကို တွဲ ၁၀ တွဲဖြင့် တင် ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ တွဲတစ်တွဲကို တန် ၃၀၊ ၃၂ တန်၊ ၃၆ တန်တင်ဆောင်ရတဲ့ တွဲများပါရှိကြောင်း သိရပါတယ်။ မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ အမှတ် ၉၃၇ အဆန်ဖြင့် တစ်လရထားအဆိုင်း ၅၀ ဝန်းကျင် ပြေးဆွဲလျက်ရှိကြောင်း၊ တစ်ဆိုင်းကို ကုန်တွဲ ၉ တွဲပါရှိကြောင်း သိရပါတယ်။ ဇူးဇူး

Monday, 21 Nov 2011

                  ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted)  ဈေးနှုန်းသည် (Whole)  ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့်အပေါ်တွင် ဃဥဏ တွက်ချက်ထား သည့် ဈေးဖြစ်ပါသည်။ စဉ် အမျိုးအမည်   အရွယ်အစား                                                  WHOLE                            GUTTED                                              ယခင်အပတ် ယခုအပတ်    ယခင်အပတ် ယခုအပတ်၁။  ROHU                  1-2 Kg       1145      1134       1345        1334     ငါးမြစ်ချင်း             2-3 Kg       1277      1246       1477        1464      Labeo rohita        3-5 Kg       1343      1330       1543        1530                                  5-7 Kg      1409      1395       1609         1595                                  7-8 Kg      1409      1395       1609         1595                                  8 Kg Up    1409      1395       1609         1595ငါး/ဦးစီး

Tuesday, 15 Nov 2011

                       မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်က မြိတ်မြို့ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက စက် တင်ဘာ ၁ ရက်မှ ၂၇ ရက်ကာလအတွင်း ကန်ဒေါ်လာ ၇ ဒသမ ၃၆၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၆၂၆၄ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ဧပြီ ၁ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ကန်ဒေါ်လာ ၄၃ သန်းကျော်တန်ဖိုးရှိ ၄၅၄၃၇ တန်ခန့် တင်ပို့ ထားပြီး ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့ကာ အနီးစပ် ဆုံးကာလထက် ကန်ဒေါ်လာ ၁ဒသမ ၈၁၈ သန်း ဖိုးပိုမိုတင်ပို့နိုင်ခဲ့ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ မြိတ်နယ်စပ်မှ တင်ပို့တဲ့ရေထွက်ကုန် တွေက ငါး(ရေချို) မျိုးစုံ၊ ပုစွန်တို့ဖြစ်ပြီး အအေးခန်းစက်ရုံထွက်ပစ္စည်းနဲ့ ငါးမှုန့်တင်ပို့မှုမှာ ပုံမှန် ထက် လျော့နည်းလျက်ရှိပါတယ်။ လက်ရှိအနေ အထားအရ ငါးမှုန့်များကို ရန်ကုန်သို့တင်ပို့နေ ကြတဲ့အတွက် လျော့နည်းနေခြင်းဖြစ်ကြောင်း၊ ယခုအခါ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်တဲ့ အတွက် ငါးဖမ်းလှေများ ခေါက်ရေတိုးလာခြင်း၊ ရာသီဥတုကောင်းမွန်လာပြီဖြစ်လို့ ကျွန်းခိုမှုလျော့ နည်းလာခြင်း၊ ငွေဈေးနှုန်း မြင့်တက်လာခြင်းတို့ ကြောင့် ပို့ကုန် ဆက်လက်တိုးတက်လာမယ်လို့ သုံးသပ်ပြောကြားပါတယ်။ ရေထွက်ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနဲ့ လုပ်ငန်း ရှင်များအနေနဲ့ အခက်အခဲများရှိပါက ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့ တယ်လို့ သတင်းရရှိခဲ့ပါတယ်။                   မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံက မိမိတို့စခန်းအနေနဲ့ ရေထွက်ပစ္စည်းပြည်ပတင်ပို့ မှုဟာ အရေးပါတဲ့ ပို့ကုန်လုပ်ငန်းဖြစ်ပါကြောင်း၊ ရာသီဥတုကြောင့် ငါးဖမ်းဆီးရမိမှု နည်းပါးခြင်း၊ ငွေလဲလှယ်မှုနှုန်းများ ကျဆင်းခဲ့ခြင်းတို့ကြောင့် လုပ်ငန်းရှင်များ ၂လမှ ၃လခန့် အခက်အခဲကြုံခဲ့ရပါကြောင်း၊ အမြတ်အစွန်းထက် မိမိရရှိထားတဲ့ဈေးကွက်မပျက်စေရေး ကြိုးစားဆောင်ရွက်ခဲ့မှုများကို  နားလည်ပါကြောင်း၊ အအေးခန်းစက်ရုံများ ပုံမှန် လည်ပတ်နိုင်ခြင်းဟာ ပို့ကုန်အတွက် အခြေအနေ ကောင်းများ ဖြစ်ပေါ်စေတာကို တွေ့ရပါကြောင်း၊ ရေထွက်ပစ္စည်းတင်ပို့သူများအနေနဲ့ ဈေးကွက်လို အပ်ချက် ဖြည့်ဆည်းနိုင်ရေး၊ ဈေးနှုန်းကျဆင်းမှု မဖြစ်ပေါ်စေရေး အချင်းချင်းညီညီညွတ်ညွတ်အစု အဖွဲ့ စုဖွဲ့ထားရေး၊ အစုအဖွဲ့ စုဖွဲ့ထားရုံနဲ့ မပြီး မြောက်သေးဘဲ အဖွဲ့ဝင်များ မကြာခဏထိတွေ့၍ လက်ရှိဆောင်ရွက်မှု၊ ဆက်လက်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်များအပါအဝင် စုပေါင်းအကြံဉာဏ်နဲ့ လိုအပ်သည်များ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုနဲ့ ဈေးကွက်လိုအပ်ချက်၊ တစ်ဖက်နိုင်ငံ သို့ ထိုးဖောက်ချိတ်ဆက်ရောင်းဝယ်မှု တိုးတက် လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။                     မိမိတို့ OSS အဖွဲ့ဝင် ဌာနဆိုင်ရာများအနေ နဲ့ ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေစေရေး ကူညီ ဆောင်ရွက်ပေးနေကြောင်း၊ ကုန်သွယ်မှု မြင့်မား တိုးတက်ရေး ယခုထက်ပိုမိုဆောင်ရွက်ပေးကြရန်နဲ့ တရားမဝင် ကူးသန်းမှု လျော့နည်းပပျောက်စေရန် နဲ့ လမ်းကြောင်းမှန်ပေါ်မှ ကုန်သွယ်ရေးလုပ်ခြင်း ဖြင့် ကုန်သွယ်မှုတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက် ကြရန်လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Source: နကသ(မြိတ်) MIRT(DOBT)

Monday, 14 Nov 2011

ယခင်အပတ်မှအဆက်                 အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၀-၂၀၀၃ ခုနှစ်၏ရေထွေးဖမ်းမိငါးများရာခိုင်နှုန်း တွက်ချက်ရာတွင် ၆၂.၆ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏ပင်လယ်ပြင်တွင် ဖမ်းမိသည့် ရောထွေးဖမ်းမိငါးများ ကိုခန့်မှန်းရာတွင် တရားဝင်ကုန်တက်ကိုပြန်လည် ညှိနှိုင်း တွက်ချက်ရန်လိုကြောင်း ရေးသားထား ပါသည်။ စာတမ်းအရဆိုလျှင် ပုံမှန် တရွတ်ဆွဲကုန်တက်အပေါ်တွင် ၃ ဆပိုမိုတွက်ဆရမည်ဖြစ်ကြောင်းတွေ့ရ ပါသည်။ထို့ကြောင့် ၂၀၀၀-၂၀၀၃ခုနှစ် ကာလအတွက် ကုန်တွက်ကိုတွက်ချက် ရာတွင် ၂၉၀၀၀၀ တန် အစား ၈၇၀၀၀၀ တန်ဖြစ်မည်ဟုဆိုပါသည်။                     ထိုတန်ဖိုးပေါ်တွင် စာရင်းမပို့သောကုန်တက် ၅၈၀၀၀၀ တန်ကို ပုံမှန်နှစ်စဉ် ကုန်တက် ၁၂၁၀၀၀၀ တန်ကို ထပ်မံပေါင်းထဲ့ရမည်ဖြစ်ပါသည်။(ထိုတန်ဖိုး သည် ၈၇၀၀၀၀ တန်၏ နှစ်ပုံသုံးပုံ တန်ဖိုး)ဖြစ်ပါသည်။ထိုအခါ စုစုပေါင်းကုန်တက်သည် တန်ချိန်ပေါင်း ၁၇၉၀၀၀၀ မက်ထရစ်တန်ဖြစ်ပါမည်။ ထိုအထဲတွင် ၄၈.၆ ရာခိုင်နှုန်းဖြစ် သောတန်ချိန် ၈၇၀၀၀၀ တန်သည် ရောထွေးဖမ်းမိ၍ နှစ်စဉ် ဆုံးရှုံးသွား သော ငါးသယံဇာတများ ဖြစ်ပါသည်။ ထိုတန်ဖိုး သည် မြန်မာနိုင်ငံတစ်နိုင်ငံ တည်းကဆုံးရှုံးသွားသည့်တန်ဖိုးဖြစ်ပါသည်။ နိုင်ငံတစ်ခုခြင်း၏နှစ်စဉ် ဆုံးရှုံးနေသော တန်ဖိုးများပေါင်း၍တွက်ချက်ကြည့်ပါ ကလွန်စွာထိတ်လန့်ဖွယ်အရေအတွက် ကိုတွေ့ကြရမည်။                     လူသားတို့ နောင်အရှည်စား သုံးရန်အတွက် ငါးငယ်လေးပေါင်းမြောက်မြားစွာကို လူသားတို့ကိုယ်တိုင် ဖျက်ဆီးပစ်နေကြပြီ၊မည်မျှနှမြောဖွယ်ဖြစ်ပါသနည်း။              နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေနှင့် တစ်မျိုးသားလုံးထုတ်လုပ်မှု ပမာဏ ဂျီဒီပီတိုးတက်အောင် ဆောင်ရွက်ပေးနေ  သည်ဟုထင်ရလောက်ပါသည်။အမှန်တရားကတော့ GDP ထက် မိမိတို့ အကျိုးစီးပွားမပျက်စီးရေး၊ ကိုယ်ကျိုးစီး ပွားကြည့်သည့်ဝါဒ လက်ကိုင်ထားနေခြင်းကြောင့် မကြာမီကာလအတွင်း တိုင်းပြည်၊ ကမ္ဘာနှင့်အဝှမ်း ရေသယံ ဇာတများ ယုတ်လျော့ပျက်စီးတော့ မည်မှာ သိသာထင်ရှားလှပါသည်။                   နိုင်ငံတော်၏အကျိုးကြည့်မည် ဆိုလျှင် အဘယ်ကြောင့် တန်ဖိုးရှိသည့် ငါးငယ်လေးများပါမကျန် ဖမ်းဆီး ရောင်းချချင်နေရပါသနည်း၊နိုင်ငံတော် ၏မွေးမြူရေးကဏ္ဍ လိုအပ်ချက်ဖြစ်သောကြက်စာ၊ဘဲစာ၊ငါးမွေးမြူရေးအတွက် ကုန်ကြမ်းအဖြစ်လည်းကောင်း၊အခြေခံ ရန်ကုန်မြို့လူထုစားသုံးနိုင်သည့်အရည် အသွေးရှိတန်ဖိုးနည်းငါးများဖြစ်ပါသည် ဟုဆိုနိုင်ပါသေးသည်။သို့သော်လပိုင်း အတွင်းနိုင်ငံတော်အတွက် တန်ဖိုးထိုက် တန်စွာရရှိမည့်တန်ဖိုးရှိငါးငယ်လေးများ သိန်းသန်းချီကာ ကြက်စာ၊ဘဲစာတန်ဖိုး နှင့်သာ နိုင်ငံတော်၏ အဖိုးမဖြတ်နိုင် သည့် ရေသယံဇာတများကို အကျိုးမဲ့ ဖြုန်းတီးပစ်နေခြင်းကို သိသာမြင်သာရှိ ဖို့လိုပါသည်ရေရှည်ငါးပုစွန်သယံဇာတ တည်တံ့ရေး၊နောင်လာနောက်သား၎င်း တို့၏သားစဉ်မြေးဆက်ငါးပုစွန်သယံဇာ တကိုထိန်းသိမ်းသွားသင့်သည်မဟုတ်ပါလား။                   တချို့ဝိသမလောဘသား တို့က လည်း စိုက်ထုတ်ထားသော စရိတ်ကြေစေရန် Break point  ရောက်ရန် ပင်လယ်ထဲတွင် ကြာကြာငါးဖမ်းနိုင်စေရန်အတွက် (၃)လခန့်ပင်လယ်ထဲတွင် ကမ်းခြေပြန်မကပ်ပဲ၊ငါးဖမ်းဆီးခွင့်တောင်း ဆိုလာနိုင်ကြပါသည်။သို့သော်ပင်လယ် ထဲတွင် ရက်ကြာကြာ ဖမ်းလေလေ ကုန်ကျ စရိတ်များ ပိုတက်ကာ Breakeven point အရင်းကျေမည့် ကာလသည် မိမိတို့ခန့်မှန်းထားသော ကာလထက်ဝေးကွာသောနေရာသို့ ရွေ့ လျားသွားသည်ကိုသတိမူကြဖို့လည်းလို အပ်မည်ဖြစ်ပါသည်။                  အံ့သြဖွယ် ကောင်းလေစွ၊ ပင်လယ်ထဲတွင် ထင်တိုင်းကျဲတော့မည်ဆို သည့်သဘောပေလား။ ပင်လယ်ထဲ တွင် ရက်ကြာစွာ ဖမ်းဆီးပြီး၊ သယ်ပို့ရေယာဉ်ဖြင့် ရသလောက်သယ်ယူ ကာ ၎င်းတို့က နိုင်ငံတော်အတွက် ကိုယ်ကျိုးမဖက်  GDP တက်အောင်ဖမ်း ဆီး ပေးကြမည် ၎င်းတို့အဆိုပေတည်း။               နိုင်ငံတော်၏ နောင်ရေးငါးပုစွန်သယံ ဇာတပျောက်ကွယ်မည့် အရေးကိုတော့ ထည့်သွင်းပြောဆိုကြခြင်း မတွေ့ရပါ။ ငါးပုစွန် သယံဇာတ ပြန်လည် တိုး တက်လာစေရေးကို ရေတို ရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်ကြရမည်ဖြစ်ရာ ငါးလုပ်ငန်းစီမံခန့်ခွဲမှုကို နိုင်ငံတကာငါး လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ၊ဥပမာ SEAFDEC,FAO,BIMSTEC, BOBLME, UNDP, MFRDMD, BOBP-IGO အစရှိအဖွဲ့များနှင့်အတူ လက် တွဲ၍ သယံဇာတသုံးစွဲသူများနှင့် အတူ လက်တွဲ၍ သယံဇာတသုံးစွဲသူ များပါ ပါဝင်ဆောင်ရွက်ကြလျှင် တိုင်း ပြည်၏ ငါးပုစွန်သယံဇာတသည် ပြန်လည် တိုးတက် ပေါများလာမည်မှာ ဧကန်ပင်ဖြစ်သည်။ပြန်လည်ဆောင် ရွက်ရန်လည်း သဘာဝကြီးကမီးမောင်း ထိုး အချက်ပြနေပြီဖြစ်သည်။ နိုင်ငံ တကာ အဖွဲ့အစည်းများကပင် ငွေ ကြေး အမြောက်အမြား အကုန်အကျခံ ကာ သယံဇာတများပြန်လည် တိုးပွား စေရေးအတွက်လာရောက် ဆောင်ရွက် ပေးနေကြသည်။ မိမိတို့ ပြည်သူ၊ သယံဇာတဖြင့် စီးပွားရှာနေသူတို့အဖို့လည်း ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသည့် အတိုင်းဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် သင့်သည်မဟုတ်ပါလား။အော် နောင် တွင် သားလေးတို့ သမီးလေးတို့ စားဖို့ ငါးပုစွန်ပြန်လည်ပေါများလာဖို့အတွက် ဆောင်ရွက်ကြရန်အချိန်ရောက်ပြီဖြစ် ကြောင်း၊မကြာတော့သည့်အချိန်တွင် သယံဇာတကျိန်စာ မသင့်ကြရလေအောင်၊ငါးပုစွန်သယံဇာတပညာရှင်များ အားလုံးဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင် ကြပါစို့ဟု ပြည်သူသိအောင် ရင်ဖွင့်ရေး သားလိုက်ရပါသည်။ အဏ္ဏဝါချစ်သူ

Tuesday, 8 Nov 2011

              ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted) ဈေးနှုန်းသည် (Whole)  ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့်အပေါ်တွင် ဃဥဏ တွက်ချက်ထား သည့် ဈေးဖြစ်ပါသည်။ စဉ် အမျိုးအမည်    အရွယ်အစား                  WHOLE                 GUTTED                                                                                                           ယခင်အပတ် ယခုအပတ်   ယခင်အပတ် ယခုအပတ်၁။ ROHU            1-2 Kg                 1159          1171               1359        1371    ငါးမြစ်ချင်း       2-3 Kg                 1257          1269               1457        1469    Labeo rohita   3-5 Kg                1322           1335               1522        1535                          5-7 Kg                 1387          1400               1587        1600                          7-8 Kg                 1387          1400               1587        1600                            8 Kg Up            1387           1400                1587       1600ဒေါ်လာ/တန်ငါး^ဦးစီး

Tuesday, 8 Nov 2011

(ယခင်အပတ် မှ အဆက်)                                           နောက်သယံဇာတ ရုတ်လျော့ဆုံးရှုံးသွားသော အနီးဆုံး ဥပမာကို ပြရလျှင် အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့် ပါ။ ထိုင်းနိုင်ငံသည် ၁၉၆၁-၁၉၆၅ ခုနှစ် တွင်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပထမဦးဆုံးသော ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အနာဂတ် တိုးတက်ရေးစီမံချက်များ အရ ထိုင်းနိုင်ငံ တွင် အင်အားကြီးမားပြီး၊ ဖမ်းဆီးနိုင်စွမ်း အားမြင့်မားသည့် တရွတ်ဆွဲငါးဖမ်းနည်း စနစ်၊ စက်အားဖြင့်တွန်းကာ ဖမ်းဆီးနိုင် သော ငါးဖမ်းနည်းစနစ်များကိုသုံးကာ ဖမ်းဆီးခြင်းကို စတင်မိတ်ဆက်ဖမ်းဆီးခဲ့ ကြပါသည်။ လွန်စွာဖမ်းဆီးနိုင်စွမ်း မြင့်မားသောကြောင့် ငါးအထိ အမိသိသာ ထင်ရှားစွာ တိုးတက်လာသည်ကို ၎င်းတို့ ဖော်ပြသော သုတေသနရလဒ်များအရ သိရှိခဲ့ကြရပါသည်။ထိုင်းနိုင်ငံ ၏ နိုင်ငံခြား ပို့ကုန်ပမာဏနှင့် တစ်မျိုးသားလုံးဝင်ငွေ GDP သည်လည်းထင်ရှားစွာ မြင့်တက်လာပါသည်။ ထိုင်းအစိုးရသည် သို့အတွက် ရေလုပ်ငန်း ပို့ကုန်ပိုမိုမြှင့်တင်ရေးကို ဆတက်ထမ်းပိုးတိုးကာ ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။ထိုင်းငါးဖမ်းလှေများသည် မိမိတို့ရေပိုင်နက်အပြင် မိမိတို့ နှင့်ထိစပ်နေသည့် နိုင်ငံရေပိုင်နက်များကိုပါ မိမိတို့ထိုင်းနိုင်ငံ GDP  တိုးမြှင့်ရေးအတွက် တရား ဝင်နည်း၊တရားမဝင်နည်းကိုပါ ကျင့်သုံးဖမ်းဆီးလာသည်ကို ထိုစဉ်က ထိုင်းငါးဖမ်းသင်္ဘောများပေါ်တွင် ငါးခိုးဖမ်းရာတွင် လိုက်ပါခဲ့ကြသည့် မြန်မာအလုပ်သမားငယ်များ ယခုဆိုလျှင် မြန်မာ့ရေပြင်တွင်ငါးဖမ်းအတွေ့အကြုံ အတော်ရင့်ကျက်နေသူ တို့၏ စိတ်အစဉ်တွင် မိမိတို့တိုင်းပြည်သယံဇာတ မိမိတို့ ပြန်ခိုးပေးခဲ့ရသည့် အဖြစ်ပြန်ပြောင်းစဉ်းစားကြည့်လျှင် ရင်နာတတ်မည် ဆိုလျှင် ရင်နာနိုင်ပေသည်။ထို့ကြောင့် ထိုင်းနိုင်ငံ၏ နှစ်စဉ်ငါးထုတ်လုပ်မှုသည် ၁၉၆၁ ခုနှစ်တွင် မက်ထရစ်တန် ၃၀၅ ၇၅၀ တန် ထုတ်လုပ်ခဲ့ရာမှ ၁၉၆၅ခုနှစ်တွင် မက်ထရစ်တန်ပေါင်း ၇၂၀ ၂၈၂ တန် ထုတ်လုပ်ကာ ငါးနှစ်တာကလအတွင်း နှစ်ဆ တိုးတက်လာခဲ့သည်။၁၉၇၇ ခုနှစ် တွင် မက်ထရစ်တန်ချိန်သန်းပေါင်း ၂ သန်းအထိတိုးတက်အောင်ထုတ်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။                သို့သော်၁၉၇၇ နောက်ပိုင်းတွင် ငါး ထုတ်လုပ်မှုသည် ထို့ထက်တိုးတက်ထုတ် လုပ်နိုင်မှု မရှိတော့သည်ကိုတွေ့ ရသည်။ အဘယ့်ကြောင့်နည်း ၎င်းတို့သတိ မထားခဲ့သည်က ငါးသယံဇာတ၏ သဘောမှာ အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ပမာဏMaximum Sustainable Yield (MSY)  ထက်ပိုမိုထုတ်လုပ်ပါက သယံဇာတသည် ပထမ တိုးတက်ထုတ်နိုင်ခြင်းမရှိဘဲ တန်ဖိုး တစ်ခုပတ်ဝန်းကျင်တွင် တန့်နေမည်ဖြစ်ပြီး ထို့ထက်ပိုမိုထုတ်လုပ်ရန်ကြိုးစားပါက တစ်ဖြည်းဖြည်းဆုတ်ယုတ် လျော့ပါး ပျက်စီးသွားပေလိမ့်မည်။                   ၁၉၇၇ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ငါးထုတ်လုပ်မှုသည် စတင်ကျဆင်းစပြု လာပါသည်။သုတေသနစာစောင် တွင် ထိုကျဆင်းရခြင်းမှာ အချက် နှစ်ချက်ကြောင့်ဟုပြဆိုထားသည်။ပထမအချက်မှာ ပင်လယ်ပြင်ကန့်သတ်စီးပွားရေးဇုန်ကို ရေမိုင် ၂၀၀ သတ်မှတ်လိုက်သည့်အတွက် မိမိတို့နှစ်နယ်နိမိတ်ခြင်းထိစပ်နေသည့် နိုင်ငံ၏ငါးဖမ်း ကွက်များသို့ သွားရောက် ငါးဖမ်းရန် အခက်အခဲရှိလာခြင်း။ဒုတိယအချက်မှာ ထိုင်းပင်လယ်ကွေ့အတွင်း အဆမတန် တရားလွန်ငါးဖမ်းဆီးမှုကြောင့်ငါး အလွန်အကျွံဖမ်းဆီးမှုခံရခြင်းလက္ခဏာများဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။ နမူနာယူစရာပင်မဟုတ်ပါလား။                  ၁၉၇၇ ခုနှစ်တွင်  Aunterpracha  ၏သုတေသနရလဒ် တင်ပြချက်အရ ထိုင်းနိုင်ငံပင်လယ်ကွေ့အတွင်း သယံဇာ တထိန်းသိမ်းခြင်းလုပ်ငန်းကို လျင်မြန်စွာအရေးပေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ထို့ကြောင့် ထိုင်းနိုင်ငံ အစိုးရသည် ထိုင်း ပင်လယ်ကွေ့အတွင်းတွင် တရွတ်ဆွဲပိုက်ငါးဖမ်းခြင်းကို လုံးဝပိတ်ပင်ပေးခဲ့ပါသည်။                    ပြန်လည်သုံးသပ်ကြည့်လျှင် ၁၉၇၂ ခုနှစ်ကတည်းက ထိုင်ပင်လယ်ကွေ့အတွင်း ငါးလုပ်ငန်းထုတ်လုပ်မှုကို ခေတ်မီငါးဖမ်းနည်းစနစ်များနှင့် နိုင်ငံ၏ GDP  ကို တိုးတက်အောင်ငါးဖမ်းဆီးထုတ်လုပ်ခဲ့ရာ ထင်ရှားသော အချက်အလက်များက ငါးသယံဇာတ ထုတ်လုပ်သင့်သည်ထက် ပိုမိုထုတ်လုပ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ကြရပါသည်။                   ၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် ထိုင်းပင်လယ်ကွေ့သုတေသနရလဒ်များအရ တရွတ်ဆွဲပိုက်မျာငါးအထိအမိ၏ ၇၀ ရာခိုင်နှုန်းသည် ငါးပုစွန်သားပေါက်လေးများ၊တန်ဖိုးကြီးမားသည့် ငါးအမျိုးအစားသားလောင်းများ ဖြစ်ကြသည်ကို တွေ့ရ ကြောင်းဖော်ပြခဲ့ပါသည်။               မိမိတို့မြန်မာနိုင်ငံရေပြင်တွင်ကော သည်လိုပဲလား ထိုနည်းနှင်နှင် ပင်မဟုတ်ပါလား။သို့နှင့် မြန်မာနိုင်ငံ ၏ ငါးထုတ်လုပ်မှုအချက်အလက်များကို လေ့လာကြည့်မိပါသည်။ မြန်မာနိုင်ငံ၏ရောထွေးဖမ်းမိငါးများကို သုံးသပ်ပြ ထားသော စာတမ်း တစ်စောင်တွင် မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံမှ တရွတ်ဆွဲငါးဖမ်းသင်္ဘောများကို ဖမ်းယူရမည့် ငါးသယံဇာတ နှင့် ပတ်သက်သည့် မည်သည့်ကန့်သတ်ချက်မျှ ကန့်သတ်မထားဘဲ ငါးဖမ်းဆီးခွင့်ပြုခဲ့သည်ဟုဆိုထားပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏အခြေအနေ သည် အင်ဒိုနီးရှားနိုင်ငံ၏အခြေအနေနှင့်နှိုင်းယှဉ်နိုင်ပါသည်ဟုဆိုပါသည်။ ခွင့်ပြုထားသည့် ငါးဖမ်းရေယာဉ်များကလည်း ငါးကုန်တက်ကို သတင်းပေးပို့ကြရာတွင် တစိတ်တစ်ပိုင်းမျှသာ သတင်းပေးပို့ကြသည်ဟု ရေးသားထားသည်ကိုလည်းတွေ့ ရသည်။              ပထမဦးစွာ အင်ဒိုနီးရှားနိုင်ငံ အခြေအနေကြည့်ကြပါစို့၊ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၀ ခုနှစ်များဆီက သူတို့နိုင်ငံထဲ တွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်းကို Arafura Sea  မှလွဲ၍ တရားဝင်ပိတ်ပင်ထားခဲ့ပါသည်။ထို့ပြင် အင်ဒိုနီးရှားနိုင်ငံငါးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနကဖော်ပြပါ Arafura Sea တွင်ဖက်စပ်ငါးဖမ်း တရွတ်ဆွဲငါးဖမ်းလှေ ၈၇ စီးကို ဖမ်းဆီးခွင့်ပြုထားကြောင်း ထုတ်ပြန်ကြေညာပါသည်။ သို့သော် ထိုပင်လယ်တွင် ဖမ်းဆီးသော တရွတ်ဆွဲငါးဖမ်းလှေမှန်သမျှသည် By-catch excluder devices ဟုခေါ်သည့် ရောထွေးဖမ်းမိသည့် တန်ဖိုးရှိ ငါးများလျှော့ချစေသည့်ကိရိယာ တပ်ဆင်ဖမ်းဆီးရမည့် စည်းမျဉ်းကို လိုက်နာကြရပေသည်။                    မည်သို့ဆိုစေအင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်ပုစွန်ဖမ်းသင်္ဘောကုန်တက်များကို ကြည့်ခြင်းအားဖြင့် ၂၀၀၀-၂၀၀၃ ပျမ်းမျှ ကုန်တက်သည်တန်ချိန် ၁၄၆၄၀၀၀ တန်ရှိကြောင်းတွေ့ရှိရပါသည်။ ထိုကုန်တက်၏များပြားမှုကို ကြည့်ခြင်းအားဖြင့် တရွတ်ဆွဲပုစွန်ဖမ်းပိုက်သည် ပုစွန်တစ်မျိုးတည်းကိုသာ ရည်ရွယ်ဖမ်းဆီးခြင်းမဟုတ်သည်မှာ ရှင်းလင်းသိသာလှပါသည်။ထို့ပြင် သုတေသီဖါဂန်ဆိုသူ၏ စာတမ်းတွင် အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းဆီးနေသော တရွတ် ဆွဲငါးဖမ်းလှေပေါင်း ၇၅၀ စီးခန့် ရှိရာ အားလုံးမှာ နိုင်ငံခြားသားပိုင် သင်္ဘောများဖြစ်ပြီး၊ထိုသင်္ဘောများ၏ သုံးပုံတစ်ပုံမျှသော သင်္ဘောများ၏ ကုန်တက်များကိုသာ အင်ဒိုနီးရှား အစိုးရငါးလုပ်ငန်းဌာနသို့ အစီရင်ခံနေကြကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။                        မြန်မာနိုင်ငံကဲ့သို့ပင် အင်ဒိုနီး ရှားနိုင်ငံရှိ တရွတ်ဆွဲငါးဖမ်းလှေ များသည် ငါးအမျိုးအစားရည်ရွယ် ဖမ်းဆီးခြင်းမရှိပါ။ ပုစွန်၊ကဏန်း၊ ငါးသေးငါးမွှား ရှိသမျှသက်ရှိအား လုံးသိမ်းကျုံးဖမ်းဆီးသောစနစ်ဖြစ် ပါသည်။ ထို့ပြင်အင်ဒိုနီးရှားရေပြင်တွင် ဖမ်းဆီးရရှိသောကုန်တက်များသည် ဥပဒေအပြင်ဖက်တွင် လုပ်ကိုင်ဆောင် ရွက်နေကြခြင်း၊ ကုန်တက်များအချက် အလက်များ ပေးပို့ခြင်းတွင်လည်း အမှန်ကုန်တက်ထက်လျော့၍ သတင်းပေးပို့ နေခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ငါးပုစွန်ကုန်တက် အားလုံးကို ရောထွေး ဖမ်းမိငါးများဟုသာ မှတ်ချက်ပြုရမည်လို ဖြစ်နေပါတော့သည်။ (ဆက်လက်ဖော်ပြပါမည်) 

Sunday, 30 Oct 2011

               မှတ်မှတ်ရရ တစ်နေ့က သမီးလေးနှင့်အတူ ဈေးသွားဖြစ်သည်။ သမီးလေး ကငါးမုတ်စားချင်တယ် ဖေဖေဆိုတာနဲ့ ကိုယ်တိုင် ဝယ်ပေးချင်တာနဲ့ ဈေးသွားဖြစ်တာပါ။ ဈေးထဲမှာ ဟိုဆိုင်ဝင် သည် ဆိုင်ဝင်နဲ့ သမီးလေးအကြိုက်ဝယ်ခြမ်းပေးရင်း သည်လိုနှင့် ငါးသည် တန်းရောက်သွားပါသည်။ သမီးလေးစားချင်သည့် ငါးမုတ် ငါးသည် တန်းမှာ လိုက်ရှာရသည်။                   မိမိမျက်စိပင် မယုံနိုင်အောင် ဖြစ်ရပါသည်။ ဈေးမဝယ်ဖြစ် တာကြာတော့ မိမိတော်တော် အံ့သြထိတ်လန့်သွားမိပါသည်။ဈေး ဝယ်သူအများကတော့ မိမိတို့နှင့်မဆိုင်သည်လား၊ ဗဟုသုတအခြေခံ မရှိကြ၍ မသိလို့ဘဲလား၊ ရေရှည်မတွေးတော မိကြ၍လား တော့ မသိပါ။အေးအေးဆေးဆေးပင်၊ မိမိကတော့ တက္ကသိုလ်တုန်းက သင်ကြားခဲ့တာ လေးတွေ ခေါင်းထဲဗြုန်းကနဲ ဝင်လာတော့ တော်တော် ထိပ်လန့်သွားမိပါသည်။ ဈေးထဲတွင် ရောင်းချနေသည့် ငါးများသည် ငါးပေါက်အရွယ် အလွန်သေးငယ်သည့် ငါးများကို ရောင်းချနေကြ ခြင်းပင်၊ ငါးမုတ် ကိုကြည့်ပါဦး ၃လက်မ ၃.၅ လက်မအရွယ် အရွယ် မရောက်သေးသည့် ငါးသားပေါက်ခါစ၊ ငါးငယ်ကလေးများသာ၊ အခြားငါးများသည်လည်း ဤနည်းနှင်နှင်ပင်။ ငါးမုတ်တွေက သေးလှချည်လား၊ ဘယ်လိုဖြစ်တာလဲ။ ကျွန်တော်စပ်စုမိသည်။ " အကြီးတွေက နိုင်ငံခြားပို့တယ်လေ၊ Export ပေါ့ဒီမှာကတော့ သူတို့ ရွေးကျန်တာ ပဲရတယ်လေ" ဟုဈေးသည် လေးက သူ့ပညာအရည်အချင်းအတွေး အရပြန်ပြောသည်။အော် ဒို့ပြည်သူတွေ အသိပညာနည်းရလေခြင်းဟုလည်း တွေးမိသည်။                       သူလည်းသူသိသလောက် လေးပဲတွေးတတ်မှာပေါ့။ပြောမှာပေါ့။ အရင်ကဆိုလျှင် ငါးမုတ်တွေ အရွယ်ကြီးတွေ ပေါပေါများများ တွေ့ရသည်၊ နိုင်ငံခြားလည်း ပို့ပါသည်။ သူတို့ပြောသလို Export ပေါ့။ကျောင်းတုန်းက အဏ္ဏဝါဗေဒကို စိတ်ဝင်စားလွန်း၍ တမင်ရွေး ခဲ့သည်ကိုက စိုးရိမ်ထိတ်လန့်စေပါသည်။ဆရာသမားတို့သင်ကြားခဲ့ သည့် သယံဇာတယုတ်လျော့သည့်လက္ခဏာများ ထင်းကနဲခေါင်းထဲပြေးဝင်လာကြပါသည်။                      ကျောင်းတုန်းကစာတွေ ပြန်စဉ်းစားကြည့်တော့၊ ငါး၊ ပုစွန်တို့ ခန္ဓာကိုယ်အရွယ်အစား တဖြည်းဖြည်း သေးငယ်လာခြင်း၊ ငါး၊ ပုစွန် တို့ အရွယ်ရောက်သည့် အရွယ်အစားထက် သေးငယ်သောအရွယ် များကို အမြောက်အမြား ဖမ်းမိလာခြင်း။ စုစုပေါင်းအထိအမိဟုခေါ်ပါသည်။ တစ်ကြိမ်ငါးဖမ်းထွက်တိုင်း ထိမိနေကျ ကုန်ချိန်ထက် နည်းပါးစွာ ငါးဖမ်းရမိလာပါကလည်းကောင်း။ နှစ်ပေါင်းများစွာ ပုံမှန် ဖမ်းဆီးရမိနေကျ ကုန်ချိန်အရေအတွက်ထက် နည်းစွာထိမိ နေပါက လည်း သယံဇာတယုတ် လျော့လာသည့် သဘောပင်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ဧရိယာယူနစ် တစ်ခုတွင် သတ်မှတ်သောကိရိယာနှင့် ဖမ်းဆီးရမိနှုန်းသည် အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါး လာပါက သယံဇာတယုတ်လျော့နည်းပါးလာသည်ကို ပြညွှန်းသည့် လက္ခဏာပင်ဖြစ်ပါသည်။ ယခုထိုလက္ခဏာတွေကို ကိုယ်တွေ့မျက်မြင်ကြုံနေရပြီ၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ် ငန်းများ နိုင်ငံတော်က ဘာတွေများ ဆောင်ရွက် နေပြီနည်း၊ သယံဇာတယုတ်လျော့သည့် လက္ခဏာတွေကို သယံဇာတသုံးစွဲသူတွေ၊ ရှင်းရှင်းပြောရရင်တော့ ငါးဖမ်းစက်လှေပိုင်ရှင်တွေ သတိကောထားမိကြရဲ့လားမသိပါ။                    အမှန်ကတော့ အရွယ်ရောက်ငါး ကြီးတွေရော တန်ဖိုးရှိ အရွယ်မရောက် ငါးအသေးလေးများကို အမြောက်အမြား ရောထွေး ဖမ်းကြလို့ ငါးငယ်လေးတွေ ကြီးထွားခွင့်မရတော့ဘဲ တဖြည်းဖြည်း အရွယ်သေးလာပြီး၊ ကြီးကောင်မဝင်သေးတဲ့ ငါးတွေပဲဖမ်းမိလာ တော့တာပေါ့။ ငါးတွေအရွယ်သေးလာတယ်။ သေးတဲ့ ငါးတွေပါ တင်ကျန်အောင်ဆိုပြီး ပိုက်ကွက်ကို ပိုသေးအောင် လုပ်ဖမ်းကြပြန်တော့ အရင်လွတ်ထွက်နိုင်တဲ့ ငါးငယ်လေးတွေတောင် မလွတ်နိုင်တော့ပြန်ပဲ။ တဖြည်းဖြည်း ငါးအရွယ်တွေသာ သေးလာတယ် အကြီးငါးတွေမတွေ့ရတော့ဘူး။ ဒီလိုနဲ့ပဲ သံသရာလည်ပြီး သယံဇာတ ဆုံးပါးပျောက်ကွယ်သွားကြရတာ နိုင်ငံတကာမှာ သင်ခန်းစာ နမူနာယူစရာ တွေအများကြီးပဲ။ လောဘသမား၊ ငါးဖမ်းလှေပိုင်ရှင် တွေကတော့ ရက်ပိုတောင်းပြီးဖမ်းကြဖို့ စိုင်းပြင်းနေတုန်းပဲလေ။                  သို့နှင့် စိတ်တထင့်ထင့်နှင့် အိမ်ပြန်ရောက်တော့ စုဆောင်း ထားသည့် စာတမ်းဆောင်းပါးများ ပြန်လှန်လှော ရှာဖွေရပါတော့ သည်။မိမိနိုင်ငံ သယံဇာတ ဘယ်အခြေဆိုက်နေပြီလည်း ဆိုသည်ကို သိလိုစိတ် ပြင်းထန်လာတော့သည်၊                    ငါး၊ ပုစွန်သယံဇာတတွေ ဒီလိုအခြေ ဆိုက်နေပြီ ဆိုသည်ကို ပြည်သူ တွေ၊ တာဝန်ရှိသူတွေ ကို အသိပေးဖို့ တာဝန် မိမိမှာရှိလာပြီ၊ အမှန်မှာ ဤသို့ဖြစ်ရသည်မှာ ပင်လယ်တွင် ငါး၊ ပုစွန်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ တရားလွန် ဖမ်းဆီးခဲ့ကြသည့်အပြင် အသေးအမွှား ကြီးကောင်မဝင်၊ အရွယ်မရောက်သေး သည့် တန်ဖိုးရှိလာမည့် ငါးငယ်လေးများကို ရောပြွမ်းဖမ်းဆီးခဲ့ကြ သည့် အကျိုးဆက်ပင်၊ ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်က နိုင်ငံ တကာတွင် ဝိသမလောဘသမားတို့၏ နိုင်ငံပို့ကုန် လျော့နည်း သွားနိုင်သည်၊ GDP  လျော့ကျသွားနိုင်သည်ဟု အကြောင်းပြကာ ပင်လယ်ထဲတွင် မိမိတို့ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်။                    အခြားနိုင်ငံများ၏ ဥပမာကိုကြည့်ပါ မိမိတို့၏ ငါးသယံဇာတ ယုတ်လျော့လာသည်ကို သုတေသနပညာရှင်များက တိကျစွာ ထောက်ပြလာသည်ကို အလေးဂရုပြုသည့်အနေနှင့် နိုင်ငံတော်၏ အကျိုး၊ နောင်လာနောက်သား သားစဉ်မြေးဆက်တို့ အကျိုးကြည့် ကာ သယံဇာတပျက်စီးစေသည့် အောက်ခြေတိုက် တရွတ ်ဆွဲပိုက် များကို ဖမ်းဆီးခွင့် လုံးဝပိတ်ပစ်လိုက်ပါသည်။ နိုင်ငံတကာ သုတေ သနရလဒ်များ၊ ဖော်ထုတ် သုတေသနတင်ပြချက်များအရ ပင်လယ် သမုဒ္ဒရာကြမ်းပြင်ရှိ ငါး၊ ပုစွန်တို့ နေထိုင်ပေါက်ပွားကြီးပြင်းရာ နေ အိမ်သဖွယ်ဖြစ်သည့် ပင်လယ်ကြမ်းပြင်အောက်ခြေရှိ အပင်သတ္တဝါ များအားလုံး ဂေဟစနစ်ကို တိုက်ဆွဲပွတ်တိုက် ဖျက်ဆီးပစ်သည့် ငါးဖမ်းနည်းစနစ်ဖြစ်သည်။ လုံးဝပိတ်ပင်တားမြစ်သင့်သည့် ငါးဖမ်း နည်းစနစ်တစ်ခု ဖြစ်သည်။                       ဥပမာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၈၀ ခုနှစ်များက အာရာဖူရာ ပင်လယ်မှလွဲ၍ အောက်ခြေတရွတ်ဆွဲ ငါးဖမ်းသင်္ဘောများကို တရားဝင်ပိတ်ပင်ခဲ့ပါသည်။ တရွတ်ဆွဲပိုက်များ ဖမ်းဆီးခွင့်ပေးသည့် အရာ ဖူရာ ပင်လယ်တွင်ဖမ်းဆီးသော တရွတ်ဆွဲပိုက်များသည် ရောထွေး ဖမ်းမိငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် Bycatch excluder devices ကိရိယာတပ်ဆင်မှသာ ဖမ်းဆီး ခွင့်ပြုပါသည်။ ငါး/ပုစွန်သယံဇာတကို ထိန်းသိမ်းစေခြင်း၊ မလိုအပ်ပဲ တန်ဖိုး ရှိ ငါး သားပေါက်လေးများ ဆုံးရှုံးခြင်းမှကာကွယ်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပုစွန်ဖမ်းသင်္ဘောများတွင် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices များ အမှန်တကယ်တပ်ဆင်ကြရဲ့လား၊ မေးစရာဖြစ်လာသည်။ အမှန်တော့ ပုစွန်နိုင်ငံခြားပို့ကုန်များသည် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices တပ်ဆင်ဖမ်းဆီးသော ပုစွန်များကိုသာ နိုင်ငံခြားမှ တင်သွင်းခွင့်ပြုပါသည်။                                 (ဆက်လက်ဖော်ပြပါမည်)

Tuesday, 18 Oct 2011

                 တရုတ်ပြည်တွင်းမှာ အသားထုတ်လုပ်မှုက ကောင်းမွန်မယ်လို့ ခန့်မှန်း ထားပေမဲ့လည်း ၂၀၁၂ခုနှစ်မှာ တရုတ် ရဲ့ ဝက်သားတင်သွင်းမှုက ၈ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၄၈၀၀၀၀ ကို ရောက်ရှိနိုင်ကြောင်း အမေရိကန်လယ် ယာစိုက်ပျိုးရေးဌာနက ခန့်မှန်းလိုက် တယ်။ တရုတ်အာဏာပိုင်တွေက ဝက် သားက လူမှုရေးတည်ငြိမ်ရေးအတွက် အရေးပါတာကြောင့် ဝက်သားဈေးနှုန်း တွေ ခုန်တက်ခြင်းမှ သက်သာစေနိုင်ဖို့နဲ့ တင်သွင်းမှုတန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ လျှော့ချနိုင်ရေး အတွက် ထောက်ပံ့ကြေးတွေပေးကာ အားထုတ်လုပ်ဆောင်လျက်ရှိတယ်။                     တိရစ္ဆာန်စာဖြစ်တဲ့ ပြောင်းဈေးနှုန်း တွေ မြင့်တက်လာမှုကြောင့် ကုန်ကျ စရိတ်တွေကြီးမြင့်မှု၊ အလုပ်သမား မြင့် မားလာမှုနဲ့ ရောဂါကျရောက်မှုတို့က ဝက်မွေးမြူသူတွေကို တိုးချဲ့မွေးမြူရေး ကိုနှောင့်နှေးစေခဲ့တယ်။ ဝက်သားထုတ် လုပ်တဲ့လုပ်ငန်း အသေးစားတွေက အနာဂတ်မှာ ရောင်းလိုအား ပိုလျှံမှုနဲ့ ဈေးနှုန်းနိမ့်ကျသွားမှာကို စိုးရိမ်လျက်ရှိတယ်။                     အသားစားသုံးမှု မြင့်တက်လာခြင်း အဓိကမှာ ဝက်သားစားသုံးမှုမြင့်တက် လာခြင်းက ကမ္ဘာ့ကောက်ပဲသီးနှံဈေး ကွက်နဲ့ အသားဈေးကွက်ကို အဓိက မောင်းနှင်အားပဲဖြစ်တယ်။ တရုတ်နိုင်ငံ ရဲ့ ဝက်သား စားသုံးမှုက ယခုနှစ်မှာ တန်ချိန် ၄၉ ဒသမ ၇ သန်းစားသုံးမှုမှ ၂၀၁၂ ခုနှစ်မှာ ၄ ရာခိုင်နှုန်း တိုးတက် ကာ တန်ချိန် ၅၁ ဒသမ ၅ သန်းကို ရောက်ရှိနိုင်ကြောင်းခန့်မှန်းထားတယ်။ တရုတ်ရဲ့ ဝက်သားထုတ်လုပ်မှုက တိုးတက်ကောင်းမွန်လာမယ်လိ့ု ခန့်မှန်း ထားပေမဲ့လည်း ဝက်သားစားသုံးမှုတိုး တက်လာခြင်းနဲ့ သွင်းကုန်ဈေးနှုန်းချို သာမှုတို့ကြောင့် တရုတ်က ဝက်သား တင်သွင်းမှု ဆက်လက်မြင့်မားနိုင် ကြောင်း အမေရိကန်ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးဌာန အစီရင်ခံစာ အရ သိရှိရပါတယ်။ ှSource: agriculture.com, အေးမွန်မွန်လှိုင်

Pages