Main menu

Background

Thursday, 19 Jan 2023

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေး ၊ မွေးမြူရေးကို အဓိက ထား လုပ်ကိုင်ကြသော်လည်း ဒေသခံ တောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဆီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း   ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများ အပြား စိုက်ပျိုးလျက်ရှိသည်။

Thursday, 19 Jan 2023

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Tuesday, 10 Jan 2023

မြို့သစ်မြို့နယ်ရှိ တလင်းကုန်း၊ စည်သာ၊ မကျီးကုန်းကြီး ကျေးရွာ အစရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသော ဆီးသီးအစို/ အခြောက်များမှာ ဒီဇင်ဘာလပထမပတ်မှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။

သဘာဝအလျောက် ပေါက်ရောက်နေသော ဆီးပင်မှ အချဉ်ဓာတ်ရှိသော ဆီးသီးကို ဆီးယိုအဖြစ်လည်းကောင်း၊ ဆီးချိုပင်များဖြင့် ကာရံ၍ ဆီးခြံများ အဖြစ် စိုက်ပျိုးလျက်ရှိသည်။

Tuesday, 3 Jan 2023

ကသာမြို့နယ်ဒေသတွင်း ခရမ်းချဉ်သီးများကို အောက်တိုဘာလနှင့် နိုဝင်ဘာလ ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိသည်။ ယခုအခါ မြို့နယ်တွင်းသို့ အခြားဒေသမှ ခရမ်းချဉ်သီး ဝင်ရောက်မှုများနည်းပါးလာပြီး ပြည်သူများအနေဖြင့် ဒေသတွင်းမှထွက်ရှိသော ခရမ်းချဉ်သီးများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။

Tuesday, 20 Dec 2022

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာ  ၇ ရက်မှ  ၁၃ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ကျောက်မဲ၊ ရေတာရှည်မှ ဖရဲသီး အလုံးကြီး ကျပ် ၆၀ဝ၀၊ အလုံးလတ် ကျပ် ၅၀ဝ၀၊ အလုံးသေး ကျပ် ၄၀ဝ၀ မှ ၃၀ဝ၀၊   တောင်ငူ၊ ဘီးလင်းမှ  ဖရဲသီး ၂၁၁ အလုံးကြီး  ကျပ် ၃၅၀ဝ၊ အလုံးလတ် ကျပ် ၂၅၀ဝ၊  အလုံးသေး  ကျပ် ၂၀ဝ၀  မှ  ၁၅၀ဝ၊ မော်လမြိုင်မှ   ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀၊ အလုံးသေး ကျပ် ၁၀ဝ၀၊ တိုက်ကြီးမှ  ကျွဲကောသီး (အဖြူ)အလုံးကြီး   ကျပ် ၁၅၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး ကျပ် ၇၀ဝ ဖြစ်သည်။

Tuesday, 20 Dec 2022

ဗောက်သီးပင်ကို    အညာဒေသတွင်   ဗောက် လောကပင်ဟု ခေါ်ဆိုကြပါသည်။ တစ်ရာသီခံ ပင်ပျော့ အမျိုးအစားဖြစ်ပြီး (ခရမ်းပင်ခရမ်းချဉ်ပင်)အမျိုးအစား ထဲတွင် ပါဝင်သည်။  ဗောက်ပင်အရိုင်းများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံး တွေ့ရလေ့ရှိသည်။ ပြင်ဦးလွင်နှင့်  ရှမ်းပြည်နယ်ဘက်တွင်  ပေါက်ရောက် သည်။ မျိုးစိတ်စုစုပေါင်း ၇၀ ဝန်းကျင်ရှိပြီး အအေးပိုင်း တွင် ပေါက်ရောက်သော ဗောက်သီးများတွင်   အလုံးအရွယ်အစား ပိုကြီးပြီး အရောင်ပိုရင့်တတ်သည်ဟု သိရှိရသည်။  ဗောက်ပင်ကို နိုင်ငံတော်တော်များများတွင် စီးပွားဖြစ်  စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံတွင် ဗောက်သီး အမျိုးအစားများစွာ စိုက်ပျိုးကြ၍   စိုက်ပျိုးသည့်

Friday, 9 Dec 2022

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ အိန္ဒိယမုန်ညင်း၊ ခါကြက်ဥ၊ ရွှေပဲသီး၊ အညှာမီးဖုတ် (ခေါ်) တောင်ပေါ်ခရမ်းချဉ်သီး၊ မုန်ညင်းခါး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဈေးနှုန်း၊  ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ  သိရှိရ သည်။

Thursday, 8 Dec 2022

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။

Monday, 28 Nov 2022

မိုးအကုန် ဆောင်းအကူးတွင်ပေါ်သော ရာသီပေါ်သီးနှံမျိုးစုံများရှိရာ ယခုလတ်တလောတွင် ချဉ်ပေါင်များ မြေလွတ်၊ မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင် စိုက်ပျိုးကြသည်။ တောင်သူအများစုက မိသားစုအပိုဝင်ငွေရရှိအောင် ဗမာချဉ်ပေါင်နှင့် အဖူးပါ စားသုံး၍ရသော   ဒေသအခေါ် ဘိလပ် ချဉ်ပေါင်များကို အများဆုံးစိုက်ပျိုးကြသည်။ 

Tuesday, 22 Nov 2022

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့   စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးကြီးအနီး ပတ်ဝန်းကျင်တွင်   ရာသီအလိုက် သစ်သီး မျိုးစုံ ရောင်းချသည့် ဆိုင်ပေါင်း ၂၅ ဆိုင်ခန့်ရှိပြီး ဆယ့်နှစ်ရာသီပတ်လုံး ဥပုသ်နေ့နှင့် နေ့ထူးနေ့မြတ် များမှလွဲ၍   ကျန်သောရက်များတွင်   ဈေးကြီး အတွင်း ရောင်းချပါက  နေ့စဉ် နံနက် ၆ နာရီခွဲမှ စတင်၍ ညနေ ၄ နာရီခွဲအထိ ရောင်းချနိုင်ပြီး ဈေး ကြီး အပြင်ဘက်တွင်  ရောင်းချသည့်ဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ တင်၍မှ ညနေ ၅ နာရီခွဲအထိ ရောင်းချကြကြောင်း သိရှိရသည်။

Pages