Main menu

Background

မြန်မာ့ရွှေဈေး ပြန်လည်ကျဆင်းလာ

Fri, 02/06/2015 - 18:48 -- journal_editor

အမှတ်(၁၅)အတွဲ(၅)

          ယခင်တစ်ပတ်ကအမြင့်ဆုံးကျပ်ခုနစ်သိန်းအထိ  ရောက်ရှိခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်းတွင်ပြန်လည်ကျဆင်းလာခဲ့ ကြောင်းသိရသည်။ ရွှေဈေးပြန်လည်ကျဆင်းလာမှုကြောင့် ပြန်လည်ရောင်း ချလို သူများတစ်နေ့တခြားများပြားလျက်ရှိကြောင်းသိရသည်။မြန်မာ့ရွှေဈေးသည်ဈေးစဖွင့်သည့်နေ့ကတည်းကဈေးကျဆင်းခဲ့ပြီးနောက်အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ထို့နောက်ရက်သတ္တတစ်ပတ်၏ရုံးဖွင့်ရက်နောက်ဆုံး ရက်တွင်မူဈေးပြန်လည်ကျဆင်းသွားခဲ့ကြောင်း၊ရောင်းလိုအားများပြားလာမှုကြောင့်လည်းယခုကဲ့သို့ဈေးကျဆင်းရခြင်းဖြစ်ကြောင်း၊ကမ္ဘာ့ရွှေဈေးပြန်လည်ကျဆင်းလာမှုကြောင့်မြန်မာ့ရွှေ ဈေးလည်းလိုက်ပါကျဆင်းလာရခြင်း ဖြစ်ေ ကြာင်း ရွှေကုန်သည်အသိုင်းအဝိုင်းမှ ပြောကြားချက်များအရသိရသည်။'ရွှဈေးကတော့  ပြန်ကျလာပြီ။ နောက်ရက်တွေမှာ  ထပ်ပြီးကျလိမ့်ဦး မယ်လို့ထင်တယ်။  ဘာဖြစ်လို့လည်းဆို တော့ တရုတ်နှစ်သစ်ကူးကလည်း နီး လာပြီ။ အဲဒီအချိန်ဆိုရင် ရွှေဈေးကျတတ်တာထုံးစံပဲဆိုတော့  နောက်ရက် တွေမှာ ဈေးကျလိမ့်မယ်လို့ထင်တယ်။ အခုလည်း ဈေးပြန်ကျလာတဲ့အတွက် လာရောင်းတဲ့သူတွေ တော်တော်လေး များတယ်။ အနိမ့်ဈေးနဲ့ဝယ်ပြီး ခုဈေး တက် လာတာကိုစောင့်တယ်။ဈေးလည်းနည်းနည်းပြန်ကျလာရော ပြန်ရောင်းတဲ့သူတွေများလာတာပဲ''ဟု ရွှေကုန်သည်ဦးစံမြင့်ကဆိုသည်။မြန်မာ့ရွှေဈေးသည်ဇန်နဝါရီလ ၂၆ရက်နေ့ ဈေးဖွင့်ချိန်တွင်  ကျပ် ၆၉၈၅၀၀ ရှိပြီး ထိုနေ့က ဈေးပိတ်ချိန်တွင် ကျပ် ၆၉၇၀၀၀ သို့ ဈေးကျဆင်းခဲ့သည်။ သို့သော် ဇန်နဝါရီလ ၂၈ရက် နေ့တွင် ကျပ် ၆၉၉၀၀၀ သို့ ပြန်လည် မြင့်တက်လာခဲ့သော်လည်း ဇန်နဝါရီလ ၃၀ ရက်နေ့တွင်မူ ကျပ် ၆၉၅၀၀၀ သို့ ဈေးကျ ဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီလ ၂၆ရက်နေ့ဈေးဖွင့်ချိန်တွင် ၁၂၉၆ ဒေါ်လာရှိခဲ့ပြီး ဈေးပိတ်ချိန်တွင် ၁၂၉၀ ဒေါ်လာသို့ကျဆင်းခဲ့သည်။ ဇန်နဝါရီလ ၃၀ရက်နေ့တွင်မူ ၁၂၆၀ ဒေါ်လာသို့ ဈေးကျဆင်းခဲ့သည်။
မယ်သီတာ