Main menu

Background

ကမ္ဘာ့ရွှေဈေး ဆက်တိုက်တက်နေသော်လည်း ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်ပြီး အရောင်းအဝယ်အေးနေ

Mon, 11/28/2022 - 14:45 -- journal_editor

နိုဝင်ဘာ ၉ ရက်မှ စတင်ကာ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက် လျက်ရှိသော်လည်း ပြည်တွင်းရွှေဈေး ကွက်တွင် ဈေးနှုန်းတည်ငြိမ်ပြီး အရောင်း အဝယ် အေးနေကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းမှာ နိုဝင်ဘာ ၉ ရက်တွင်  တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ  ၁၇၁၀၊  ၁၀ ရက်တွင် ၁၇၀၉ ဒေါ်လာ၊ ၁၁ ရက်တွင် ၁၇၅၂ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၇၇၀ ဒေါ်လာ၊ ၁၃ ရက် တွင် ၁၇၇၁ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၇၆၅ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၇၇၀ ဒေါ်လာ၊ ၁၆ ရက်တွင် ၁၇၇၄ ဒေါ်လာ စသည်ဖြင့် ဆက်တိုက်မြင့်တက်လျက်ရှိသည်။
ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး အတက်အကျပေါ်မူတည်ပြီး လိုက်ပါ  ပြောင်းလဲတတ်သောကြောင့် ပြည်တွင်းဈေးကွက်တွင် ရွှေ ဈေးနှုန်းမြင့်တက်လာနိုင် ကြောင်း သုံးသပ်မှုများရှိနေသော်လည်း လက်ရှိတွင် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်း အဝယ် အေးလျက်ရှိကြောင်း သိရသည်။
ပြင်ပဈေးကွက်၌ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများ မှာ နိုဝင်ဘာ ၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၂၇၁၀ဝ၀ဝ ကျပ် ၊ ၁၀ ရက်တွင် ကျပ် ၂၆၈၅၀ဝ၀၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျပ်၂၇၁၀ဝ၀ဝ၊ ၁၃ ရက်တွင် ကျပ် ၂၆၉၀ဝ၀ဝ၊ ၁၄ ရက်တွင် ကျပ်၂၆၈၅၀ဝ၀၊ ၁၅ ရက်တွင် ကျပ်၂၆၇၄၀ဝ၀၊ ၁၆ ရက်တွင် ကျပ် ၂၆၈၅၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။                                     
ပန်းဆု