Main menu

Background

အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်တွင် ဈေးငြိမ်နေ

Thu, 12/08/2022 - 10:51 -- journal_editor

လက်ရှိပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်ဖြင့် ဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ဈေးကွက်အတွင်း  လက်ရှိတွင် ဒေါ်လာဈေးနှုန်းများ  ကျဆင်းနေသည့်အတွက် ရွှေအရောင်းအဝယ်မှာလည်း အေးနေကာ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၆၆၇၀ဝ၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကမ္ဘာ့ရွှေဈေးမှာတော့ တစ်အောင်စ ၁၇၅၃ ဒေါ်လာ ဖြစ်ကြောင်းသိရသည်။ထို့ပြင် လက်ရှိတွင် ၂၀၂၃ ခုနှစ်အတွက် ရွှေလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်သက်တမ်းတိုးသည့် လုပ်ငန်းရှင်ဦးရေ ၁၀ဝ ကျော် ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရသည်။ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို သက်တမ်းတစ်နှစ်သာ ပေးထားခြင်း ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးဆောင်ရွက်ရမည်ဖြစ်ကာ ဒီဇင်ဘာလကုန်တွင် ယခု ၂၀၂၂ ခုနှစ်အတွက်  လုပ်ငန်းလိုင်စင်အားလုံး   သက်တမ်းကုန်မည်ဖြစ်ကြောင်း သိရသည်။                                                                         ပန်းဆု