Main menu

Background

ကမ္ဘာ့ရွှေဈေး အတက်အကျရှိသော်လည်း  ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်လျက်ရှိ

Mon, 01/09/2023 - 13:34 -- journal_editor

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး အတက်အကျရှိသော်လည်း ပြည်တွင်း ရွှေဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
နှစ်သစ်ကူးရက် နီးကပ်လာသည်နှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ယခု ဒီဇင်ဘာလ အတွင်း တရိပ်ရိပ်မြင့်တက်လျက်ရှိရာ လက်ရှိတွင် ရွှေတစ်အောင်စလျှင် ၁၈၁၂ ဒေါ်လာသို့ ရောက်ရှိနေသော်လည်း ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်တွင် တည်ငြိမ်လျက်ရှိသည်။
အဆိုပါ ကမ္ဘာ့ရွှေဈေးနှုန်းများသည် ဒီဇင်ဘာ ၂၃ ရက်တွင် တစ်အောင်စ ၁၇၉၄ ဒေါ်လာ၊ ၂၄ ရက်တွင် ၁၇၉၈ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၇၉၈ ဒေါ်လာ၊ ၂၇ ရက်တွင် ၁၈၀၅ ဒေါ်လာ၊ ၂၈ ရက်တွင် ၁၈၁၂ ဒေါ်လာ၊ ၂၉ ရက်တွင် ၁၈၀၇ ဒေါ်လာ စသည်ဖြင့် အသီးသီး ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ပြင်ပဈေးကွက်၌ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများ မှာ ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၆၈၅၀ဝ၀၊ ၂၆ ရက်တွင် ကျပ် ၂၆၈၉၀ဝ၀၊ ၂၇ ရက်တွင် ကျပ် ၂၆၈၅၀ဝ၀၊ ၂၈ ရက်တွင် ကျပ် ၂၆၉၀ဝ၀ဝ ၊ ၂၉ ရက်တွင် ကျပ် ၂၆၈၈၀ဝ၀  တို့ဖြစ်ကြောင်း သိရသည်။    
ပန်းဆု