Main menu

Background

ပြည်တွင်းရွှေဈေး ကျပ် ၂၈ သိန်းကျော်အထိ မြင့်တက်လာ

Thu, 01/19/2023 - 11:55 -- journal_editor

ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်သို့ ပြန်လည် မြင့်တက်လာကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ 
ပြင်ပရွှေပေါက်ဈေးမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းက အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၆၈၀ဝ၀ဝ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျပ် ၂၈၁၇၀ဝ၀ အထိ မြင့်တက်လာခြင်းဖြစ်သည်။
ယင်းသို့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာခြင်းမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ၂၀၂၂ ခုနစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၇၆၂ ဒေါ်လာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် တစ် အောင်စ ဒေါ်လာ ၁၈၇၆ အထိ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ဈေးကွက်အတွင်း ရွှေဈေးနှုန်းမှာ ကျပ် ၂၇ သိန်းအောက်သာရှိပြီး ဈေးကစားခြင်းမပြုရန်နှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် သတင်းအမှန်များကို ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကောလဟလများ လွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန် ပန်ကြားထားသည်။                            ပန်းဆု