
ကမ္ဘာ့ရွှေဈေး တရိပ်ရိပ်မြင့်တက်လျက်ရှိနေပြီး ပြည်တွင်းရွှေဈေးမှာ ပြင်ပ ပေါက်ဈေး တစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ဇန်နဝါရီ ၂၆ ရက် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ ၁၉၃၆ ဒေါ်လာရှိပြီး ပြည် တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၈၁၇၀ဝ၀ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ တစ် ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်နဝါရီ ၂၀ ရက်တွင် တစ်အောင်စ ၁၉၂၉ ဒေါ်လာ၊ ၂၁ ရက်တွင် ၁၉၂၅ ဒေါ်လာ၊ ၂၂ ရက်တွင် ၁၉၂၆ ဒေါ်လာ၊ ၂၃ ရက်တွင် ၁၉၃၂ ဒေါ်လာ၊ ၂၄ ရက်တွင် ၁၉၃၅ ဒေါ်လာ၊ ၂၅ ရက်တွင် ၁၉၃၂ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၉၃၆ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် လက်ရှိတွင် ပြင်ပရွှေဈေးကွက်အတွင်း ရွှေဈေးကစားသူများကို စုံစမ်း၍ အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်။
ပန်းဆု