
လက်ရှိ ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေး ကွက်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ဈေးအနည်းငယ် မြင့်တက်လာပြီး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းအထက်တွင် ပေါက်ဈေးရှိနေကြောင်းYGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။
“ဈေးကတော့ ပုံမှန်လိုဖြစ်နေတယ်။ အေးလည်းအေးတယ်။ အရောင်းများ တယ်။ ကမ္ဘာ့ရွှေဈေး အတက်အကျရှိနေပေမယ့် ပြည်တွင်းမှာတော့ ပုံမှန်လိုပဲ ဈေးက ငြိမ်နေတဲ့သဘောတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၉ ရက် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ ၁၈၇၆ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ၂၈၅၀ဝ၀ဝ ကျပ် ဖြစ်ကြောင်း သိရသည်။
ပန်းဆု